ယေရှု အကျွမ်းဝင်သော ယေရုရှလင်မြို့နှင့် ဗိမာန်တော်
ယေရှု ဖွားမြင်၍ များမကြာမီတွင် ယောသပ်နှင့် မာရိတို့သည် ယေရှုအား ကိုယ်တော့် ကောင်းကင်ခမည်းတော်၏ နာမတော်တည်ရာ ယေရုရှလင်မြို့သို့ ခေါ်ဆောင်သွားကြသည်။ (လု ၂:၂၂-၃၉) သက်တော် ၁၂ နှစ်အရွယ်တွင် ယေရှုသည် ပသခါပွဲတော်အတွက် ယေရုရှလင်မြို့တွင် တစ်ဖန် ရောက်ရှိနေတော်မူ၏။ ကိုယ်တော်သည် ဗိမာန်တော်တွင် မိမိ၏ အသိအမြင်အားဖြင့် ကျမ်းတတ်ဆရာများအား အံ့အားသင့်စေတော်မူခဲ့သည်။ (လု ၂:၄၁-၅၁) မဟာဟေရုဒ်မင်းကြီး၏ တည်ဆောက်ရေး အစီအစဉ်၏ တစ်စိတ်တစ်ဒေသအနေနှင့် ဗိမာန်တော် အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းသည် “အနှစ် လေးဆယ့်ခြောက်နှစ်” ကျော် ကြာညောင်းခဲ့သည်။—ယဟ ၂:၂၀။
ယေရှုသည် ဓမ္မအမှုတော် ဆောင်ရွက်စဉ် ယေရုရှလင်မြို့၌ကျင်းပသည့် ပွဲတော်များကို တက်ရောက်၍ ထိုတွင် လူပရိသတ်တို့အား သွန်သင်ဆုံးမတော်မူခဲ့၏။ ကိုယ်တော်သည် ငွေလဲလှယ်သူများနှင့် ကုန်သည်များကို ဗိမာန်တော်တံတိုင်းတော်မှ နှစ်ကြိမ်နှစ်ခါ နှင်ထုတ်တော်မူခဲ့သည်။ —မ ၂၁:၁၂; ယဟ ၂:၁၃-၁၆။
ယေရှုသည် ဗိမာန်တော်၏မြောက်ဘက် ဗေသေသဒ ရေကန်အနီးတွင် ၃၈ နှစ်တိုင်တိုင် မကျန်းမမာ ဖြစ်နေသူတစ်ဦးကို ကျန်းမာစေတော်မူခဲ့သည်။ ဘုရားသခင့်သားတော်သည် မျက်မမြင်တစ်ဦးအားလည်း ယေရုရှလင်မြို့၏ တောင်ဘက်ပိုင်းတွင်ရှိသည့် ရှိလောင်ရေကန်တွင် မျက်စိသွားဆေးရန် မိန့်တော်မူခြင်းဖြင့် မြင်ပြန်စေတော်မူ၏။—ယဟ ၅:၁-၁၅; ၉:၁၊ ၇၊ ၁၁။
ယေရှုသည် ယေရုရှလင်မြို့၏ အရှေ့ဘက် “နှစ်မိုင်ခန့်” အကွာရှိ ဗေသနိရွာ၌နေထိုင်သော မိတ်ဆွေများဖြစ်ကြသည့် လာဇရု၊ မာရိနှင့် မာသတို့ထံ မကြာမကြာ အလည်အပတ် ကြွသွားတော်မူ၏။ (ယဟ ၁၁:၁၊ ၁၈၊ [လိပ်] ကမ္ဘာသစ်ဘာသာပြန် သမ္မာကျမ်းစာ—ရည်ညွှန်းကျမ်း၊ အောက်ခြေမှတ်ချက်; ၁၂:၁-၁၁; လု ၁၀:၃၈-၄၂; ၁၉:၂၉; စာမျက်နှာ ၁၈၊ “ယေရုရှလင်မြို့ ပတ်ဝန်းကျင်ဒေသ” ရှု။) ယေရှုသည် အသေမခံမီ ရက်အနည်းငယ်အလိုတွင် သံလွင်တောင်ကိုဖြတ်၍ ယေရုရှလင်မြို့အနီးသို့ ချဉ်းကပ်တော်မူ၏။ ကိုယ်တော်သည် မတ်တတ်ရပ်လျက် အနောက်ဘက်ရှိ ယေရုရှလင်မြို့ကိုမျှော်ကြည့်၍ ငိုကြွေးတော်မူခဲ့သည်ကို မြင်ယောင်ကြည့်လိုက်ပါ။ (လု ၁၉:၃၇-၄၄) ကိုယ်တော် မြင်တော်မူခဲ့သည့် မြင်ကွင်းသည် နောက်စာမျက်နှာထိပ်တွင် တွေ့ရသည့်မြင်ကွင်းနှင့် ဆင်တူပေလိမ့်မည်။ ထို့နောက် ကိုယ်တော်သည် မြည်းမတစ်ကောင်၏ မြည်းကလေးကိုစီးလျက် ယေရုရှလင်မြို့တွင်းသို့ ကြွဝင်တော်မူ၏၊ မြို့၏ အရှေ့ဘက်တံခါးများမှ တစ်ပေါက်ပေါက်ဖြင့် ကြွဝင်ခဲ့ဖွယ်ရှိသည်။ လူအုပ်များက ကိုယ်တော်အား ဣသရေလ မင်းလောင်းအဖြစ် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။—မ ၂၁:၉-၁၂။
ယေရှု အသေခံတော်မမူမီ ဖြစ်ပျက်ခဲ့သည့် အရေးကြီးသော ဖြစ်ရပ်များသည် ယေရုရှလင်မြို့အတွင်းနှင့် အနီးဝန်းကျင်အရပ်များတွင် ဖြစ်ပွားခဲ့သည်။ ၎င်းနေရာများမှာ ယေရှု ဆုတောင်းတော်မူခဲ့သည့် ဂေသရှေမန်ဥယျာဉ်၊ ယုဒ တရားလွှတ်တော် (ဆဲန်ဟီဒရင်) ခန်းမ၊ ကယာဖ၏အိမ်တော်၊ ဘုရင်ခံမင်း ပိလတ်၏ နန်းတော်နှင့် နောက်ဆုံးတွင် ဂေါလဂေါသအရပ်တို့ ဖြစ်ကြသည်။—မာ ၁၄:၃၂၊ ၅၃–၁၅:၁၊ ၁၆၊ ၂၂; ယဟ ၁၈:၁၊ ၁၃၊ ၂၄၊ ၂၈။
ယေရှုသည် ရှင်ပြန်ထမြောက်ပြီးနောက် ယေရုရှလင်မြို့နှင့် အနီးဝန်းကျင်တွင် ကိုယ်ယောင်ထင်ပြတော်မူ၏။ (လု ၂၄:၁-၄၉) ထို့နောက် သံလွင်တောင်ပေါ်မှနေ၍ ကောင်းကင်ဘုံသို့ တက်ကြွသွားတော်မူ၏။—တ ၁:၆-၁၂။
[စာမျက်နှာ ၃၁ ပါ ပုံကြမ်း]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ယေရုရှလင် ဗိမာန်တော်/ဟေရုဒ်ရဲ့ ဝတ်ပြုရာအိမ်
ဗိမာန်တော် အင်္ဂါရပ်များ
၁။ အထူးသန့်ရှင်းရာ ဌာနတော်
၂။ သန့်ရှင်းရာ ဌာနတော်
၃။ မီးရှို့ရာ ယဇ်ပလ္လင်
၄။ ကြေးရေကန်
၅။ ယဇ်ပုရောဟိတ်များ ရင်ပြင်
၆။ ဣသရေလလူမျိုး ရင်ပြင်
၇။ အမျိုးသမီးများ ရင်ပြင်
၈။ လူမျိုးခြားများ ရင်ပြင်
၉။ အတားအဆီး (စိုရက်ဂ်)
၁၀။ တော်ဝင် စမုတ်ဆောင်
၁၁။ ရှောလမုန် စမုတ်ဆောင်
ဗိမာန်တော်
မြို့တံခါး
ယဇ်ပုရောဟိတ်များ ရင်ပြင်
မြို့တံခါး
အထူးသန့်ရှင်းရာ မီးရှို့
ဌာနတော် သန့်ရှင်းရာ ဌာနတော် ရာ ဣသရေလလူမျိုး အမျိုးသမီးများ
ယဇ်ပလ္လင် ရင်ပြင် ရင်ပြင်
ကြေး
ရေကန်
မြို့တံခါး ရှောလမုန်
အတားအဆီး (စိုရက်ဂ်) စမုတ်ဆောင်
လူမျိုးခြားများ ရင်ပြင်
မြို့တံခါး
တော်ဝင် စမုတ်ဆောင်
မြို့တံခါး
အန်တိုနီ ရဲတိုက်
တံတား
ယုဒတရားလွှတ်တော် ခန်းမ
တိုင်ရိုပိုယွန်ချိုင့်ဝှမ်း
ရှိလောင် ရေကန်
ရေသွယ်တံတား
ကယာဖ၏ အိမ်တော်?
ဘုရင်ခံမင်း နန်းတော်
ဂေါလဂေါသ?
ဂေါလဂေါသ?
ဗေသေသဒ ရေကန်
ဂေသရှေမန် ဥယျာဉ်?
သံလွင်တောင်
ကေဒြုန် ချိုင့်ဝှမ်း
ဂိဟုန် စမ်းရေတွင်း
အင်ရောဂေလ စမ်းရေတွင်း
ဟိန္နုံချိုင့်ဝှမ်း (ဂေဟင်္နာ)
[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]
မျက်မှောက်ခေတ် ယေရုရှလင်မြို့ကိုကျော်၍ အရှေ့ဘက်သို့ လှမ်းမြင်ရသည့် မြင်ကွင်း– (က) ဗိမာန်တော် နယ်မြေ (ခ) ဂေသရှေမန်ဥယျာဉ်၊ (ဂ) သံလွင်တောင်၊ (ဃ) ယုဒ တောကန္တာရ၊ (င) ပင်လယ်သေ
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ယေရှုလက်ထက် သံလွင်တောင်မှ အနောက်ဘက်သို့ လှမ်းမြင်ရသည့်မြင်ကွင်း