ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • hf အပိုင်း ၇ စာ. ၂၂-၂၅
  • ကလေးကို လေ့ကျင့်သင်ကြားပေးနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကလေးကို လေ့ကျင့်သင်ကြားပေးနိုင်ပုံ
  • ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ၁ ကလေးတွေ သင်နဲ့စကားပြောချင်လာအောင် လုပ်ဆောင်ပါ
  • ၂ ကလေးတွေပြောချင်တဲ့ အဓိပ္ပာယ်ကို သိအောင်ကြိုးစားပါ
  • ၃ ကလေးတွေရှေ့မှာ စည်းလုံးပါ
  • ၄ အစီအစဉ်ဆွဲပါ
  • သင့်ကလေးကို နို့စို့အရွယ်မှစ၍ လေ့ကျင့်ပါ
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • မိဘတို့—သင်တို့၏သားသမီးကိုမေတ္တာဖြင့် လေ့ကျင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • မိဘတို့ သားသမီးတွေကို ထိန်းကျောင်းပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • သားသမီးလေ့ကျင့်ရေးတွင် သမ္မာကျမ်းစာ ကူညီပေးနိုင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
hf အပိုင်း ၇ စာ. ၂၂-၂၅
သားအဖနှစ်ယောက် စက်ဘီးပြင်နေကြ

အခန်း ၇

ကလေးကို လေ့ကျင့်သင်ကြားပေးနိုင်ပုံ

“အခု ကျွန်တော်မှာကြားနေတဲ့ ဒီစကားတွေကို နှလုံးသွင်းရမယ်။ ပြီးတော့ သားသမီးတွေကို စိတ်စွဲမှတ်သွားအောင် သွန်သင်ပေးရမယ်။” —တရားဟောရာ ၆:၆၊ ၇

မိသားစုအစီအစဉ်ကို အစပြုပေးခဲ့တဲ့ ယေဟောဝါဘုရားက သားသမီးတွေကို အုပ်ထိန်းဖို့ မိဘတွေကို တာဝန်ပေးထားပါတယ်။ (ကောလောသဲ ၃:၂၀) ကိုယ့်ရဲ့ကလေး ယေဟောဝါဘုရားကို ချစ်တတ်လာအောင်၊ တာဝန်ယူတတ်တဲ့ လူကြီးဖြစ်လာအောင် မိဘတွေဖြစ်တဲ့ သင်တို့က လေ့ကျင့်ပေးရမယ်။ (၂ တိမောသေ ၁:၅။ ၃:၁၅) ဒါ့အပြင် သားသမီးတွေရဲ့ စိတ်နှလုံးထဲမှာ ဘာတွေရှိတယ်ဆိုတာလည်း သိမြင်အောင်လုပ်ရမယ်။ သင်တို့ရဲ့အပြောနဲ့ လုပ်ရပ်တွေက ကလေးအတွက် အရေးကြီးတယ်။ ယေဟောဝါဘုရားရဲ့စကားတော်ကို အရင်ဆုံး သင်တို့စိတ်နှလုံးထဲမှာ ထည့်သွင်းထားမှ ကလေးတွေကို အကောင်းဆုံး သင်ပေးနိုင်မယ်။—ဆာလံ ၄၀:၈။

၁ ကလေးတွေ သင်နဲ့စကားပြောချင်လာအောင် လုပ်ဆောင်ပါ

ကျမ်းစာပြောဆိုရာ–“နားထောင်ဖို့ အမြဲ အသင့်ဖြစ်နေရမယ်။ စကားပြောတဲ့အခါ မစဉ်းစား မဆင်ခြင်ဘဲ မပြောရဘူး။” (ယာကုပ် ၁:၁၉) ကလေးတွေအနေနဲ့ မိဘဖြစ်တဲ့သင့်ကို လွတ်လွတ်လပ်လပ် ရင်ဖွင့်ပြောဆိုနိုင်တယ်ဆိုတာ သူတို့လေးတွေကို သင် သိစေချင်မှာပဲ။ ကလေးတွေ ရင်ဖွင့်ပြောဆိုချင်တဲ့အချိန်မှာ သင့်ဘက်က နားထောင်ပေးဖို့ အသင့်ရှိတယ်ဆိုတာ သူတို့ သိဖို့လိုတယ်။ ကလေးတွေ စကားပြောလာစေမယ့် အခြေအနေမျိုး သင်ဖန်တီးထားမှသာ သူတို့ဘက်က ပွင့်ပွင့်လင်းလင်း ပြောဆိုလာမှာဖြစ်တယ်။ (ယာကုပ် ၃:၁၈) သင်ဟာ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတတ်တယ်၊ အပြစ်ရှာတတ်တယ်ဆိုရင် ကလေးတွေက သင့်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ကလေးတွေအပေါ်မှာ စိတ်ရှည်ပါ။ သူတို့ကို သင်ဘယ်လောက် ချစ်တယ်ဆိုတာ မကြာခဏ ပြောပြပါ။—မဿဲ ၃:၁၇။ ၁ ကောရိန္သု ၈:၁။

သင်လုပ်ဆောင်နိုင်ရာ–

  • ကလေးတွေ စကားပြောချင်တဲ့အခါ နားထောင်ပေးဖို့ အသင့်ရှိပါ

  • ပြဿနာဖြစ်လာမှ ကလေးတွေနဲ့ စကားပြောတာမဟုတ်ဘဲ ပုံမှန်စကားပြောပေးပါ

၂ ကလေးတွေပြောချင်တဲ့ အဓိပ္ပာယ်ကို သိအောင်ကြိုးစားပါ

ကျမ်းစာပြောဆိုရာ– “ကိစ္စတစ်ခုကို ထိုးထွင်းသိမြင်တဲ့သူဟာ အောင်မြင်မှု ရလိမ့်မယ်။” (ပညာအလိမ္မာ ၁၆:၂၀) တစ်ခါတလေ ကလေးတွေရဲ့ ခံစားချက်အမှန်ကို သိနိုင်ဖို့ သူတို့ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်အောင် ကြိုးစားရမယ်။ အကြောင်းကတော့ လူငယ်တွေဟာ ချဲ့ကားပြောဆိုတတ်တယ်။ မစဉ်းစားမဆင်ခြင်ဘဲ ပြောဆိုတတ်ကြတယ်။ “အကြောင်းစုံကို နားမထောင်သေးဘဲနဲ့ ပြန်ပြောတဲ့သူဟာ မိုက်မဲရုံမက အရှက်ခွဲခြင်းကိုပါ ခံရတတ်တယ်။” (ပညာအလိမ္မာ ၁၈:၁၃) ဒါကြောင့် ကလေးတွေကို ထစ်ခနဲဆို စိတ်မဆိုးပါနဲ့။—ပညာအလိမ္မာ ၁၉:၁၁။

သားအမိနှစ်ယောက် အချေအတင်ဖြစ်နေကြ

သင်လုပ်ဆောင်နိုင်ရာ–

  • ကလေးဘာပြောပြော စိတ်ဆိုးပြီး ချက်ချင်းတုံ့ပြန်တာ၊ ကြားဖြတ်ပြောတာမျိုး မလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားပါ

  • ကိုယ်လည်း သူတို့အရွယ်မှာ ဘယ်လို ခံစားချက်ရှိခဲ့သလဲ၊ ဘယ်ဟာတွေက ကိုယ့်အတွက် အရေးကြီးခဲ့ပုံရသလဲဆိုတာ သတိရပါ

၃ ကလေးတွေရှေ့မှာ စည်းလုံးပါ

ကျမ်းစာပြောဆိုရာ–“ငါ့သား၊ ဖခင်ရဲ့ ဆုံးမစကားကို နားထောင်ပါ။ မိခင်ရဲ့ သွန်သင်ချက်ကို မပစ်ပယ်ပါနဲ့။” (ပညာအလိမ္မာ ၁:၈) ကလေးတွေကို အုပ်ထိန်းဖို့ အဖေနဲ့အမေကို ယေဟောဝါဘုရား တာဝန်ပေးထားတယ်။ ဒါကြောင့် မိဘဖြစ်တဲ့ သင်တို့ကို ကလေးတွေ လေးစားပြီး နာခံမှုရှိဖို့ သင်ပေးရမယ်။ (ဧဖက် ၆:၁-၃) မိဘတွေက “တစ်စိတ် တစ်သဘောတည်း” မရှိဘူး၊ “စည်းလုံး” မှုမရှိဘူးဆိုရင် ကလေးတွေ ရိပ်မိသွားနိုင်တယ်။ (၁ ကောရိန္သု ၁:၁၀) ဒါကြောင့် သင်တို့နှစ်ယောက် သဘောထားကွဲလွဲနေရင်တောင် ကလေးတွေ မသိပါစေနဲ့။ ဒါမှ ကလေးတွေက သင်တို့ကို ဆက်ပြီးလေးစားနိုင်မှာ။

အမေနဲ့အစ်ကို မရှိ​တဲ့အချိန်​မှာ အဖေက သားကို ဆုံးမနေစဉ်

သင်လုပ်ဆောင်နိုင်ရာ–

  • ကလေးတွေကို ဘယ်လိုဆုံးမသွန်သင်မလဲဆိုတာ သင်တို့နှစ်ယောက် ဆွေးနွေးပြီး သဘောတူထားပါ

  • ကလေးတွေကို ဆုံးမတာနဲ့ပတ်သက်ပြီး သင်တို့နှစ်ယောက် အမြင်ချင်း မတူဘူးဆိုရင် အိမ်ထောင်ဖက်ရဲ့ အမြင်ကို နားလည်အောင်ကြိုးစားပါ

၄ အစီအစဉ်ဆွဲပါ

ကျမ်းစာပြောဆိုရာ–“ကလေးကို သူသွားသင့်တဲ့လမ်းအတိုင်း လေ့ကျင့်ပေးပါ။” (ပညာအလိမ္မာ ၂၂:၆) သင့်ကလေးတွေဟာ အလိုလို လိမ္မာရေးခြားရှိလာမှာ မဟုတ်ပါဘူး။ အစီအစဉ်ရေးဆွဲပြီး လေ့ကျင့်သင်ကြားပေးဖို့ လိုပါတယ်။ အဲဒီထဲမှာ ဆုံးမတာလည်းပါတယ်။ (ဆာလံ ၁၂၇:၄။ ပညာအလိမ္မာ ၂၉:၁၇) ဆုံးမတယ်ဆိုတာ အပြစ်ပေးတာလောက်ပဲ မဟုတ်ပါဘူး။ သူတို့အတွက် စည်းကမ်းတွေထုတ်ရတဲ့ အကြောင်းရင်းတွေကို နားလည်အောင် ပြောပြပေးတာလည်း ပါတယ်။ (ပညာအလိမ္မာ ၂၈:၇) ဒါ့အပြင် ယေဟောဝါဘုရားရဲ့ တရားစကားတော်ကို မြတ်နိုးလာအောင်၊ ကျမ်းစာလမ်းညွှန်ချက်တွေကို နားလည်လာအောင် သင်ပေးပါ။ (ဆာလံ ၁:၂) ဒါမှသာ ကလေးတွေရဲ့ အမှားအမှန် ခွဲခြားနိုင်စွမ်းက တိုးတက်လာမှာဖြစ်တယ်။—ဟီဘရူး ၅:၁၄။

သင်လုပ်ဆောင်နိုင်ရာ–

  • ဘုရားသခင်ဟာ ယုံကြည်ကိုးစားနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာ ကလေးတွေ သိမြင်လာအောင် သင်ပေးပါ

  • အင်တာနက်၊ လူမှုဆက်သွယ်ရေးကွန်ရက်ကနေ မိတ်ဖွဲ့တာလိုမျိုး အကျင့်ပျက်စေတဲ့ အန္တရာယ်တွေကို သိမြင်ပြီး ရှောင်ရှားတတ်အောင် ကလေးတွေကို သင်ပေးပါ။ လိင်ဆိုင်ရာ အမြတ်ထုတ်တတ်သူတွေရဲ့ ရန်ကနေ ဘယ်လိုရှောင်ရမလဲ ဆိုတာကိုလည်း နားလည်အောင် ပြောပြပါ

ယောက်ျားလေးတစ်ယောက် ကလေးဘဝကနေ နှစ်ခြင်းခံတဲ့အချိန်​အထိ မိဘတွေရဲ့ လေ့ကျင့်သွန်သင်မှု ခံယူ

“ကလေးကို သူသွားသင့်တဲ့လမ်းအတိုင်း လေ့ကျင့်ပေးပါ။”

သင့်ရဲ့ ကြိုးစားမှုကို ယေဟောဝါဘုရား ကောင်းချီးပေးမယ်

မိဘဖြစ်တဲ့ သင်ဟာ ကလေးတွေကို ယေဟောဝါဘုရားရဲ့ စဉ်းစားတွေးခေါ်ပုံကို သင်ပေးဖို့ တာဝန်ရရှိထားတယ်။ (ဧဖက် ၆:၄) အဲဒီလိုသင်ပေးဖို့ အများကြီးအားစိုက်ရမယ်ဆိုတာ ယေဟောဝါဘုရား သိပါတယ်။ ဒါပေမဲ့ သင့်ရဲ့ ကြိုးစားမှုက ယေဟောဝါဘုရားကို ချီးမွမ်းစရာဖြစ်စေပြီး သင့်ကိုလည်း ပျော်ရွှင်မှုရစေမယ်ဆိုတာ ယုံကြည်စိတ်ချပါ။—ပညာအလိမ္မာ ၂၃:၂၄။

ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ

  • ကလေးက ငါ့ကို ဘာမဆို ပြောပြရဲအောင် ဘယ်လိုလုပ်နိုင်မလဲ။

  • တခြားမိဘတွေ သူတို့ကလေးတွေကို ပြုစုပျိုးထောင်တဲ့ နည်းလမ်းကနေ ငါဘာသင်ယူနိုင်မလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ