ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၁၄
  • ဘုရားသခင် နှစ်သက်တဲ့ ဝတ်ပြုကိုးကွယ်မှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင် နှစ်သက်တဲ့ ဝတ်ပြုကိုးကွယ်မှု
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • စစ်မှန်တဲ့ ဝတ်ပြုရေးက သင့်ကို ပျော်ရွှင်စေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေက သင့်ကို ဘယ်လို ကူညီပေးနိုင်သလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • မည်သူ၏ကိုးကွယ်မှုကို ဘုရားသခင်နှစ်သက်တော်မူသနည်း
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုနိုင်ပုံ
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၁၄
သင်ခန်းစာ ၁၄။ ယေဟောဝါသက်သေတွေနဲ့ ဧည့်သည်တွေ အစည်းအဝေးမှာ သီချင်းဆိုနေ။

သင်ခန်းစာ ၁၄

ဘုရားသခင် နှစ်သက်တဲ့ ဝတ်ပြုကိုးကွယ်မှု

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ပြီးခဲ့တဲ့ သင်ခန်းစာမှာ ဆွေးနွေးခဲ့တဲ့အတိုင်း ဘာသာတရားအားလုံးကို ဘုရား နှစ်သက်တာ မဟုတ်ဘူး။ ဒါပေမဲ့ ဖန်ဆင်းရှင် ဘုရားသခင် နှစ်သက်တဲ့နည်းနဲ့ ဝတ်ပြုနိုင်ပါတယ်။ ဘယ် “ဝတ်ပြုမှု [ဘာသာတရား]” ကို ဘုရား နှစ်သက်သလဲ။ (ယာကုပ် ၁:၂၇) ကျမ်းစာသွန်သင်ရာကို လေ့လာကြည့်ပါ။

၁။ ဘုရား နှစ်သက်တဲ့ ဝတ်ပြုမှုက ဘာကို အခြေခံသင့်သလဲ။

ဘုရား နှစ်သက်တဲ့ ဝတ်ပြုမှုက ကျမ်းစာကို အခြေခံရမယ်။ “အဖရဲ့ တရားစကားဟာ အမှန်တရား ဖြစ်ပါတယ်” ဆိုပြီး ယေရှု ပြောခဲ့တယ်။ (ယောဟန် ၁၇:၁၇) ဘာသာတချို့က ဘုရားရဲ့တရားစကား ကျမ်းစာထဲက အမှန်တရားကို လျစ်လျူရှုပြီး လူ့သွန်သင်ချက်တွေ၊ ထုံးတမ်းစဉ်လာတွေ သင်ပေးကြတယ်။ ‘ဘုရားသခင်ရဲ့ ပညတ်ကို ပယ်’ တဲ့သူတွေကို ယေဟောဝါ မနှစ်သက်ဘူး။ (မာကု ၇:၉ ကို ဖတ်ပါ။) ဒါပေမဲ့ ကျမ်းစာအတိုင်း လိုက်နာကျင့်သုံးမယ်ဆိုရင်တော့ နှစ်သက်တယ်။

၂။ ယေဟောဝါကို ဘယ်လို ဝတ်ပြုကိုးကွယ်သင့်သလဲ။

ဖန်ဆင်းရှင် ယေဟောဝါကိုသာ ကိုးကွယ်ဆည်းကပ်ထိုက်တယ်။ (ဗျာဒိတ် ၄:၁၁) ယေဟောဝါကိုပဲ ချစ်ပြီး ဝတ်ပြုရမယ်။ ရုပ်တုဆင်းတုတွေ၊ ရုပ်ပုံတွေ မသုံးသင့်ဘူး။​—ဟေရှာယ ၄၂:၈ ကို ဖတ်ပါ။

ယေဟောဝါအတွက် ‘သန့်ရှင်းတဲ့၊ လက်ခံနိုင်ဖွယ်ဖြစ်တဲ့’ ဝတ်ပြုမှုမျိုး ဖြစ်ရမယ်။ (ရောမ ၁၂:၁) ဘုရားရဲ့စံနှုန်းတွေကို လိုက်နာရမယ်။ ဥပမာ၊ ယေဟောဝါကို ချစ်တဲ့သူတွေဟာ အိမ်ထောင်နဲ့ပတ်သက်တဲ့ ဘုရားစံနှုန်းတွေကို တန်ဖိုးထားပြီး လိုက်နာကြတယ်။ ဆေးလိပ်သောက်တာ၊ ကွမ်းစားတာ၊ မူးယစ်ဆေးသုံးတာ၊ အရက် အလွန်အကျွံသောက်တာစတဲ့ အန္တရာယ်ရှိ အကျင့်တွေကို ရှောင်ကြတယ်။a

၃။ ယုံကြည်သူချင်းတွေနဲ့အတူ ယေဟောဝါကို ဘာကြောင့် ဝတ်ပြုသင့်သလဲ။

ပတ်စဉ် အစည်းအဝေးတွေက ‘လူစုလူဝေးအလယ်မှာ ယေဟောဝါကို ချီးမွမ်း’ ခွင့် ရစေတယ်။ (ဆာလံ ၁၁၁:​၁၊ ၂) နည်းတစ်နည်းက ချီးမွမ်းသီချင်းဆိုခြင်း ဖြစ်တယ်။ (ဆာလံ ၁၀၄:၃၃ ကို ဖတ်ပါ။) ယေဟောဝါက ကျွန်တော်တို့ကို ချစ်တယ်၊ ပျော်စရာဘဝ ထာဝရ စံစားနိုင်အောင် ကူညီပေးတဲ့ အစည်းအဝေးတွေကို တက်စေချင်တယ်။ အစည်းအဝေးတွေမှာ အပြန်အလှန် အားပေးခွင့် ရကြတယ်။

ရှာဖွေလေ တွေ့ရှိလေ

ရုပ်တုကိုးကွယ်တာကို ယေဟောဝါ ဘာကြောင့် မနှစ်သက်သလဲ၊ ဘုရားကို ချီးမွမ်းနိုင်တဲ့ အရေးကြီးနည်းလမ်းတချို့က ဘာလဲ လေ့လာပါ။

၄။ ဝတ်ပြုရေးမှာ ရုပ်တုဆင်းတု မသုံးသင့်

ရုပ်တုကိုးကွယ်တာကို ဘုရား မနှစ်သက်မှန်း ဘယ်လို သိနိုင်သလဲ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းကို သုံးသပ်ပါ။

ဗီဒီယို။ ရုပ်တုကိုးကွယ်တာကို ဘုရားသခင် နှစ်သက်သလား (၃:၂၆)

ပုံ။ ၁။ ရုပ်တုရှေ့ အစားအစာ ပူဇော်ပြီး ဆုတောင်းနေသူ။ ၂။ မာရိရုပ်တုရှေ့ ပုတီးစိတ်နေတဲ့အမျိုးသား။
  • ကျမ်းစာခေတ်က ဘုရားလူမျိုးတချို့ ရုပ်တုကိုးကွယ်တဲ့အခါ ဘာဖြစ်ခဲ့သလဲ။

လူတချို့က ဘုရားနဲ့ ပိုရင်းနှီးချင်လို့ ဝတ်ပြုရေးမှာ ရုပ်တုတွေ သုံးကြတယ်။ တကယ်ပဲ ဘုရားနဲ့ ရင်းနှီးစေသလား။ ထွက်မြောက်ရာ ၂၀:၄-၆ နဲ့ ဆာလံ ၁၀၆:၃၅၊ ၃၆ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ဝတ်ပြုရေးမှာ ဘာရုပ်တုတွေ၊ ရုပ်ပုံတွေ သုံးကြတာ မြင်ဖူးသလဲ။

  • ရုပ်တုကိုးကွယ်တာကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။

  • သင်ကော ဘယ်လို သဘောထားသလဲ။

၅။ ယေဟောဝါကို ဝတ်ပြုခြင်းက အယူဝါဒအမှားတွေကနေ လွတ်မြောက်စေ

ယေဟောဝါကို နည်းမှန်လမ်းကျ ဝတ်ပြုတာက အယူဝါဒအမှားတွေကနေ လွတ်မြောက်စေနိုင်ပုံကို သိဖို့ ဗီဒီယို ဖွင့်ပါ။

ဗီဒီယို။ အမှန်တရားက လွတ်မြောက်စေ (၅:၁၆)

ဆာလံ ၉၁:၁၄ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ယေဟောဝါက မိမိကိုပဲ ချစ်ပြီး ဝတ်ပြုသူတွေကို ဘာကတိပေးသလဲ။

၆။ အသင်းတော် အစည်းအဝေးတွေမှာ ဘုရားကို ဝတ်ပြုကြ

အစည်းအဝေးတွေမှာ သီချင်းဆိုခြင်း၊ မှတ်ချက်ပေးခြင်းအားဖြင့် ယေဟောဝါကို ချီးမွမ်းပြီး အချင်းချင်း အားပေးကြတယ်။ ဆာလံ ၂၂:၂၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • အစည်းအဝေးတွေမှာ မှတ်ချက်တွေ နားထောင်ရတာကို ကြိုက်သလား။

  • မှတ်ချက်ပေးဖို့ ကြိုတင် ပြင်ဆင်ချင်ပါသလား။

ပုံ။ က။ ကျမ်းစာလေ့လာနေတဲ့ အမျိုးသမီးတစ်ဦး ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုနိုင်ပုံအကြောင်း သင်ယူနေ။ ၁။ အစည်းအဝေးမှာ ဘုရားသခင်ကို ချီးမွမ်းသီချင်းဆိုနေ။ ၂။ အစည်းအဝေးမှာ မှတ်ချက်ပေးနေ။ ၃။ သားအမိနှစ်ယောက်ကို ကျမ်းစာဗီဒီယို ပြနေ။

၇။ သိလာတာတွေ ပြန်ဝေမျှဖို့ ယေဟောဝါ လိုလား

တခြားသူတွေကို ကျမ်းစာအမှန်တရားအကြောင်း ဝေမျှနိုင်တဲ့နည်းလမ်း များစွာ ရှိတယ်။ ဆာလံ ၉:၁ နဲ့ ၃၄:၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ကျမ်းစာထဲကနေ သိလာပြီး တခြားသူကို ဝေမျှချင်တဲ့အကြောင်းတွေ ရှိသလား။

လူတချို့အဆို။ “ဘယ်လိုပဲ ဝတ်ပြုကိုးကွယ်ပါစေ အရေးမကြီးဘူး။ စိတ်ရင်းမှန်ဖို့ပဲ လိုတယ်။”

  • သင်ကော ဘယ်လို ထင်သလဲ။

အနှစ်ချုပ်

ဖန်ဆင်းရှင်ကိုပဲ ဝတ်ပြုတာ၊ အစည်းအဝေးတွေမှာ ဘုရားကို ချီးမွမ်းတာ၊ သိလာတာတွေ ပြန်ဝေမျှတာကို ဘုရား နှစ်သက်တယ်။

ပြန်လည်သုံးသပ်ခြင်း

  • ဘုရားနှစ်သက်တဲ့ ဝတ်ပြုမှုက ဘာကို အခြေခံသင့်သလဲ။

  • ယေဟောဝါကိုပဲ ဘာကြောင့် ဝတ်ပြုသင့်သလဲ။

  • ဘုရားနှစ်သက်မှု ရချင်သူတွေနဲ့အတူ ဘာကြောင့် ဝတ်ပြုသင့်သလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ရုပ်တု မကိုးကွယ်တော့လို့ အမျိုးသမီးတစ်ဦး ပျော်ရွှင်နေပုံကို ‘အရင်ဘာသာရဲ့ကျွန် မဟုတ်တော့ဘူး’ ဆောင်းပါးမှာ ဖတ်ကြည့်ပါ။

‘ကျမ်းစာက အသက်တာတွေကို ပြောင်းလဲပေး’ (ကင်းမျှော်စင် ဇူလိုင် ၁၊ ၂၀၁၁)

အစည်းအဝေးတွေမှာ မှတ်ချက်ပေးဖို့ ဘာက ကူညီသလဲ ဖတ်ကြည့်ပါ။

“အသင်းတော်မှာ ယေဟောဝါကို ချီးမွမ်းပါ” (ကင်းမျှော်စင် ဇန်နဝါရီ ၂၀၁၉)

ခက်ခဲပေမဲ့ အစည်းအဝေးတွေ တက်လို့ လူငယ်တစ်ဦး အကျိုးရရှိပုံကို လေ့လာပါ။

ကျွန်တော့်ကို ယေဟောဝါ ဂရုစိုက် (၃:၀၇)

လက်ဝါးကပ်တိုင်ဟာ ခရစ်ယာန်အမှတ်အသားလို့ ယူဆကြတယ်။ ဒါပေမဲ့ လက်ဝါးကပ်တိုင် သုံးသင့်သလား။

‘ယေဟောဝါသက်သေတွေ လက်ဝါးကားတိုင်ကို ဘာကြောင့် မသုံးကြတာလဲ’ (ဝက်ဘ်ဆိုက် ဆောင်းပါး)

a ဒီအကြောင်းတွေကို နောက်သင်ခန်းစာတွေမှာ ဆွေးနွေးကြပါမယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ