ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၅၈
  • ယေဟောဝါကို ဆက်သစ္စာစောင့်သိပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါကို ဆက်သစ္စာစောင့်သိပါ
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • သစ္စာစောင့်သိမှု၏စိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • မှားယွင်းတဲ့ဘာသာက ဘုရားကို ဂုဏ်ဖျက်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • “ကိုယ်တော်တစ်ပါးတည်းသာလျှင် သစ္စာစောင့်သိတော်မူ၏”
    ယေဟောဝါထံ ချဉ်းကပ်လော့
  • မဟာဗာဗုလုန်နှင့်ကင်းကင်းရှင်းရှင်းနေလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၅၈
သင်ခန်းစာ ၅၈။ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးကြီး လာတက်သူတွေကို လှောင်ပြောင်နေတဲ့ အယူဖောက်ပြန်သူတစ်စုဘေးကနေ အေးဆေးတည်ငြိမ်စွာ ဖြတ်လျှောက်သွားတဲ့ မိသားစု။

သင်ခန်းစာ ၅၈

ယေဟောဝါကို ဆက်သစ္စာစောင့်သိပါ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ခရစ်ယာန်စစ်တွေဟာ တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ဦးကြောင့် ယေဟောဝါကို ဝတ်မပြုတော့တာမျိုး မဖြစ်ဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ သင်လည်း အဲဒီလို စိတ်ပိုင်းဖြတ်ထားမှာပဲ။ သင့်ရဲ့ သစ္စာစောင့်သိမှုကို ယေဟောဝါ တန်ဖိုးထားပါတယ်။ (၁ ရာဇဝင်ချုပ် ၂၈:၉ ကို ဖတ်ပါ။) ဘယ်အခြေအနေတွေမှာ ဘုရားကို သစ္စာစောင့်သိဖို့ ခက်နိုင်သလဲ။ သစ္စာစောင့်သိဖို့ ဘာက အကူအညီ ဖြစ်စေနိုင်သလဲ။

၁။ ယေဟောဝါကို သစ္စာစောင့်သိဖို့ ခက်အောင် လူတချို့ ဘယ်လို လုပ်နိုင်သလဲ။

ယေဟောဝါကို ဝတ်မပြုတော့အောင် လူတချို့ တားဆီးကြပါလိမ့်မယ်။ ဘယ်သူတွေ တားဆီးကြမလဲ။ အမှန်တရားကို စွန့်ခွာသူတချို့က ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ဖျက်ဆီးဖို့ ဘုရားအဖွဲ့အစည်းအကြောင်း မဟုတ်မမှန် ပြောကြတယ်။ သူတို့ကို အယူဖောက်ပြန်သူတွေလို့ ခေါ်တယ်။ ဘာသာရေးခေါင်းဆောင်တချို့လည်း သတိမရှိတဲ့သူတွေ အမှန်တရားကနေ ထွက်သွားဖို့ မဟုတ်မမှန် သတင်းလွှင့်ကြတယ်။ ဆန့်ကျင်သူတွေနဲ့ ငြင်းခုံတာ၊ သူတို့ရဲ့ စာအုပ်၊ ဝက်ဘ်ဆိုက်ဆောင်းပါးတွေ ဖတ်တာ၊ သူတို့ရဲ့ ဗီဒီယိုတွေကို ကြည့်တာက အန္တရာယ်ရှိတယ်။ ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုနေသူတွေကို လမ်းလွဲစေသူတွေနဲ့ပတ်သက်ပြီး ယေရှုက “သူတို့ကို ရှိပါစေ။ သူတို့ဟာ မျက်ကန်းလမ်းပြတွေပဲ။ မျက်ကန်းချင်း လမ်းပြရင် နှစ်ယောက်စလုံး တွင်းထဲ ကျသွားမယ်” လို့ပြောတယ်။—မဿဲ ၁၅:၁၄။

၂။ ကိုယ်ရေးကိုယ်တာကိစ္စ ဆုံးဖြတ်ရာမှာ ယေဟောဝါကို သစ္စာစောင့်သိကြောင်း ဘယ်လို ဖော်ပြမလဲ။

ယေဟောဝါကို ချစ်တဲ့မေတ္တာက မှားယွင်းတဲ့ဘာသာနဲ့ ကင်းကင်းရှင်းရှင်း နေဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးတယ်။ ကိုယ့်ရဲ့ အလုပ်၊ ကိုယ်ပါဝင်တဲ့ အသင်းအဖွဲ့၊ လုပ်ဆောင်မှုမှန်သမျှဟာ မှားယွင်းတဲ့ဘာသာနဲ့ ဆက်နွှယ်နေတာမျိုး မဖြစ်သင့်ဘူး။ ‘ငါ့လူတို့၊ [မဟာဗာဗုလုန်]ကနေ ထွက်သွားကြ’ လို့ ယေဟောဝါ သတိပေးထားတယ်။—ဗျာဒိတ် ၁၈:၂၊ ၄။

ရှာဖွေလေ တွေ့ရှိလေ

တစ်စုံတစ်ဦးကြောင့် ယေဟောဝါကို သစ္စာစောင့်သိမှု လျော့နည်းသွားတာမျိုး မဖြစ်အောင် လုပ်ဆောင်နိုင်ပုံ၊ မဟာဗာဗုလုန်ကနေ ထွက်ခြင်းအားဖြင့် သစ္စာစောင့်သိကြောင်း ပြနိုင်ပုံတို့ကို လေ့လာပါ။

၃။ ဆရာအတုအယောင် တွေကို သတိထားပါ

ယေဟောဝါအဖွဲ့အစည်းအကြောင်း မဟုတ်မမှန်တာတွေ ကြားရတဲ့အခါ ဘယ်လို တုံ့ပြန်သင့်သလဲ။ ပညာအလိမ္မာ ၁၄:၁၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ကြားသမျှ မယုံမိဖို့ ဘာကြောင့် ဂရုစိုက်ရမလဲ။

၂ ယောဟန် ၉-၁၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • အယူဖောက်ပြန်သူတွေကို ဘယ်လို ဆက်ဆံသင့်သလဲ။

  • အယူဖောက်ပြန်သူတွေနဲ့ တိုက်ရိုက် မဆက်သွယ်ရင်တောင် သူတို့ရဲ့ သွန်သင်ချက်တွေနဲ့ ဘယ်လို ပတ်သက်မိနိုင်သလဲ။

  • ယေဟောဝါအကြောင်း၊ အဖွဲ့အစည်းအကြောင်း မဟုတ်မမှန် ပြောတာကို နားထောင်ရင် ယေဟောဝါ ဘယ်လို ခံစားရမယ် ထင်သလဲ။

၄။ ညီအစ်ကိုတစ်ဦး အပြစ်လုပ်တဲ့အခါ ဘုရားကို ဆက်သစ္စာစောင့်သိပါ

အသင်းတော်မှာ တစ်ယောက်ယောက်က ကြီးလေးတဲ့အပြစ် လုပ်ထားမှန်း ကျွန်တော်တို့ သိနေတယ်ဆိုရင် ဘာလုပ်ဖို့ တာဝန်ရှိသလဲ။ ရှေးအစ္စရေးတွေကို ဘုရားပေးတဲ့ ပညတ်မှာပါတဲ့ မူတစ်ခုကို သုံးသပ်ပါ။ ဝတ်ပြုရာ ၅:၁ ကို ဖတ်ပါ။

ဒီကျမ်းပိုဒ်အရ တစ်ယောက်ယောက်က ကြီးလေးတဲ့အပြစ် လုပ်ထားမှန်း ကျွန်တော်တို့ သိနေရင် အကြီးအကဲတွေကို အသိပေးသင့်တယ်။ အသိမပေးခင် အပြစ်ပြုသူ ကိုယ်တိုင် အကြီးအကဲတွေဆီ သွားပြီး ဝန်ခံဖို့ တိုက်တွန်းတာက မေတ္တာပြရာရောက်တယ်။ သူဝန်မခံရင် ကျွန်တော်တို့က ယေဟောဝါကို သစ္စာစောင့်သိတဲ့အနေနဲ့ အကြီးအကဲတွေကို အသိပေးဖို့လိုတယ်။ ဒီလိုလုပ်ဆောင်တာက

  • ယေဟောဝါဘုရားကို ခိုင်မြဲတဲ့မေတ္တာရှိကြောင်း ဘယ်လိုဖော်ပြသလဲ။

  • အပြစ်ပြုသူကို ခိုင်မြဲတဲ့မေတ္တာရှိကြောင်း ဘယ်လိုဖော်ပြသလဲ။

  • အသင်းတော်မှာ ရှိသူတွေကို ခိုင်မြဲတဲ့မေတ္တာရှိကြောင်း ဘယ်လိုဖော်ပြသလဲ။

ပုံ။ ညီအစ်ကိုတစ်ယောက်က အမှားလုပ်မိတဲ့ ညီအစ်ကိုကို ကူညီနေ။ ၁။ ညီအစ်ကိုက ဖုန်းမှာ မြင်တွေ့ရတဲ့အရာကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေ။ ၂။ ဖုန်းကို ပြပေမဲ့ နောက်ညီအစ်ကိုက လက်မခံ။ ၃။ အကြီးအကဲနှစ်ယောက်ကို သူ့ဖုန်း ပြပြီး စကားပြောနေ။

ယုံကြည်သူချင်းတစ်ဦး ပြဿနာကြုံတဲ့အခါ ကူညီပေးပါ

၅။ မဟာဗာဗုလုန်နဲ့ ကင်းကင်းနေပါ

ဗီဒီယို ဖွင့်ပါ။

ဗီဒီယို။ မဟာဗာဗုလုန်ကနေ ထွက်ပါ (၅:၀၆)

‘မဟာဗာဗုလုန်ကနေ ထွက်ပါ’ ဗီဒီယိုထဲက ပြကွက်။ ကျမ်းစာသင်သားက ချာ့ချ်အလုပ်ကနေ ထွက်ပြီးနောက် ဘုန်းကြီးရှေ့က ထွက်သွား။

လုကာ ၄:၈ နဲ့ ဗျာဒိတ် ၁၈:၄၊ ၅ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို ဖြေပါ။

  • မှားယွင်းတဲ့ဘာသာရဲ့ ဓလေ့ထုံးစံတွေကို ငါ လိုက်လုပ်နေတုန်းပဲလား။

  • တခြားဘာသာနဲ့ ဆက်နွှယ်နေတဲ့ အသင်းအဖွဲ့တစ်ခုမှာ ငါ ပါဝင်နေသလား။

  • ငါ့အလုပ်က မှားယွင်းတဲ့ဘာသာကို တစ်နည်းနည်းနဲ့ ထောက်ပံ့နေသလား။

  • ငါ့အသက်တာမှာ မှားယွင်းတဲ့ဘာသာနဲ့ ကင်းကင်းနေဖို့ လိုတဲ့ကဏ္ဍတွေ ရှိသလား။

  • ဒီမေးခွန်းတစ်ခုခုကို ဟုတ်တယ်လို့ ဖြေရင် ဘာတွေ ပြုပြင်ပြောင်းလဲသင့်သလဲ။

ဘာပဲဖြစ်ဖြစ် အမှားအမှန်သိစိတ် ကြည်လင်စေမယ့်၊ ယေဟောဝါကို သစ္စာစောင့်သိကြောင်း ဖော်ပြမယ့် ဆုံးဖြတ်ချက်ကို ချပါ။

ညီအစ်မနဲ့ သားငယ် ကုန်တိုက်ကနေ ထွက်လာ။ ဘာသာရေးအတွက် အလှူကောက်နေတဲ့ အမျိုးသမီးနား ဖြတ်လျှောက်လာ။

ဘာသာရေးအတွက် အလှူကောက်ခံတဲ့အခါ သင် ဘာလုပ်မလဲ

လူတချို့ အဆို။ “ယေဟောဝါသက်သေအကြောင်း အယူဖောက်ပြန်သူတွေ ဘာပြောသလဲဆိုတာ သိထားမှ ချေပနိုင်မှာပေါ့။”

  • အဲဒီလို ယူဆတာ ပညာရှိရာရောက်သလား။ ဘာကြောင့်လဲ။

အနှစ်ချုပ်

ယေဟောဝါကို ဆက်သစ္စာစောင့်သိနိုင်ဖို့ဆိုရင် ကျွန်တော်တို့ကို လှည့်ဖြားသူတွေနဲ့ ကင်းကင်းရှင်းရှင်း နေရမယ်။

ပြန်လည်သုံးသပ်ခြင်း

  • အယူဖောက်ပြန်သူတွေရဲ့ သွန်သင်ချက်ကို ဘာကြောင့် နားမထောင်သင့်သလဲ။

  • ညီအစ်ကို၊ ညီအစ်မတစ်ယောက် ကြီးလေးတဲ့အပြစ် ပြုထားမှန်းသိရင် ဘာလုပ်သင့်သလဲ။

  • မှားယွင်းတဲ့ဘာသာကနေ ထွက်ပါဆိုတဲ့ သတိပေးချက်ကို ဘယ်လို နာခံနိုင်သလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ယေဟောဝါသက်သေတွေအကြောင်း မဟုတ်မမှန် ပြောကြတဲ့အခါ တုံ့ပြန်နိုင်ပုံကို လေ့လာပါ။

“မှန်ကန်တဲ့အချက်အလက်တွေကို သင်သိရဲ့လား” (ကင်းမျှော်စင်၊ သြဂုတ် ၂၀၁၈)

အဖွဲ့အစည်း၊ လုပ်ဆောင်မှုတစ်ခုက မဟာဗာဗုလုန်ကို ထောက်ပံ့နေမနေ ဘယ်လို သိနိုင်သလဲ။

“‘နောက်ဆုံးကာလ’ ရဲ့ အဆုံးပိုင်းမှာ အလုပ်များနေကြပါ” (ကင်းမျှော်စင်၊ အောက်တိုဘာ ၂၀၁၉၊ အပိုဒ် ၁၆-၁၈)

ဆန့်ကျင်သူတချို့က ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း အားနည်းသွားအောင် ဘာလုပ်ခဲ့ကြသလဲ။

လှည့်စားမှုကို သတိပြုပါ (၉:၃၂)

မှားယွင်းတဲ့ဘာသာကို အဆက်ဖြတ် ခဲ့တဲ့ ရှင်တိုဘုန်းကြီးအကြောင်း “ကလေးဘဝကတည်းက ဘုရားသခင်ကို ရှာဖွေနေခဲ့တာ” ဆောင်းပါးမှာ ဖတ်ကြည့်ပါ။

“ကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်” (ကင်းမျှော်စင် ဇူလိုင် ၁၊ ၂၀၁၁)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ