ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • scl စာ. ၁၂၁-၁၂၅
  • အိမ်ထောင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်ထောင်
  • ခရစ်ယာန် အသက်တာအတွက် ကျမ်းပိုဒ်များ
ခရစ်ယာန် အသက်တာအတွက် ကျမ်းပိုဒ်များ
scl စာ. ၁၂၁-၁၂၅

အိမ်ထောင်

အိမ်ထောင် ဘယ်က စသလဲ

က ၁:၂၇၊ ၂၈။ ၂:၂၂-၂၄။ မ ၁၉:၄-၆

ခရစ်ယာန်တွေ အိမ်ထောင်ဖက်အဖြစ် ဘယ်သူ့ကို ရွေးသင့်သလဲ

ယေဟောဝါဆီ ဆက်ကပ်အပ်နှံမထားသူ၊ နှစ်ခြင်းမခံထားသူနဲ့ နှစ်ခြင်းခံပြီးသား ကိုယ့်သားသမီး လက်ထပ်မှာကို ခရစ်ယာန်စစ်တွေ ဘာကြောင့် သဘောမတူသလဲ

၁က ၇:၃၉။ ၂က ၆:၁၄၊ ၁၅

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • က ၂၄:၁-၄၊ ၇—တခြားဘုရားတွေ ကိုးကွယ်တဲ့ ခါနန်ပြည်သူတွေထဲက မဟုတ်ဘဲ ယေဟောဝါကို ဝတ်ပြုသူထဲက သားအိဇက်အတွက် မိန်းမ ရှာပေးဖို့ သက်ကြီး အာဗြဟံ ဆုံးဖြတ်ထားတယ်

    • က ၂၈:၁-၄—ခါနန်အမျိုးသမီးတွေထဲက မဟုတ်ဘဲ ယုံကြည်သူချင်းတွေထဲက မိန်းမ ရှာဖို့ သားယာကုပ်ကို အိဇက် မှာတယ်

မယုံကြည်သူနဲ့ လက်ထပ်တာကို ယေဟောဝါ ဘယ်လို သဘောထားသလဲ

တရ ၇:၃၊ ၄

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၁ဘု ၁၁:၁-၆၊ ၉-၁၁—ဘုရားပညတ် ချိုးဖောက်ပြီး တိုင်းတစ်ပါးသူတွေနဲ့ လက်ထပ်လို့၊ သူတို့ကြောင့် ဘုရားဆီကနေ စိတ်ယိုင်သွားလို့ ဘုရင် ရှောလမုန်ကို ယေဟောဝါ အကြီးအကျယ် အမျက်ထွက်တယ်

    • နေ ၁၃:၂၃-၂၇—ယေဟောဝါကို မကိုးကွယ်တဲ့ တိုင်းတစ်ပါးသူတွေနဲ့ ဂျူးတွေ လက်ထပ်လို့ ယေဟောဝါလိုပဲ ဘုရင်ခံ နေဟမိ အကြီးအကျယ် ဒေါသထွက်တယ်။ သူတို့ကို ဆုံးမတယ်

ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုသူ၊ နာမည်ကောင်း ရထားသူကို အိမ်ထောင်ဖက် ရွေးတာ ဘာကြောင့် ပညာရှိသလဲ

ပ ၁၈:၂၂။ ၃၁:၁၀၊ ၂၈

ဧ ၅:၂၈-၃၁၊ ၃၃ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၁ရှ ၂၅:၂၊ ၃၊ ၁၄-၁၇—နာဗလဟာ ချမ်းသာပေမဲ့ ခက်ထန်ပြီး စရိုက် ကြမ်းလို့ အဘိဂဲလအတွက် ခင်ပွန်းကောင်း မဟုတ်ဘူး

    • ပ ၂၁:၉—အိမ်ထောင်ဖက် အရွေးမှားရင် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ၊ အိမ်ပူအိမ်ဆူ ဖြစ်လာနိုင်တယ်

    • ရ ၇:၂—အမျိုးသမီးတစ်ယောက် အိမ်ထောင်ပြုတဲ့အခါ မစုံလင်သူ ခင်ပွန်းရဲ့ ဦးစီးမှုအောက် ရောက်သွားကြောင်း တမန်တော် ပေါလု ရှင်းပြတယ်။ ဒါကြောင့် ခရစ်ယာန် အမျိုးသမီးတွေ အိမ်ထောင်ဖက်ကို ပညာရှိရှိ ရွေးကြတယ်

အိမ်ထောင်ပြုဖို့ ပြင်ဆင်ခြင်း

ဇနီးနဲ့ သားသမီးတွေကို ကောင်းကောင်း ထောက်ပံ့နိုင်မလားဆိုတာ အမျိုးသားတစ်ယောက် အိမ်ထောင်မပြုခင် ဘာကြောင့် စဉ်းစားသင့်သလဲ

၁တိ ၅:၈

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ပ ၂၄:၂၇—အမျိုးသားတစ်ယောက် အိမ်ထောင် မပြုခင်၊ ကလေး မယူခင်ကတည်းက အလုပ် ကြိုးစားသင့်တယ်။ ဒါမှ မိသားစုကို ထောက်ပံ့ဖို့ အသင့်ဖြစ်နေမယ်

သမီးရည်းစားတွေ ဘာကြောင့် အကြံဉာဏ် တောင်းသင့်သလဲ။ အပြင်ပန်းထက် ဘယ်လို လူစားမျိုးလဲဆိုတာ သိဖို့ ဘာကြောင့် အာရုံစိုက်သင့်သလဲ

ပ ၁၃:၁၀။ ၁ပ ၃:၃-၆

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ရု ၂:၄-၇၊ ၁၀-၁၂—ရုသ လုပ်ပုံကိုင်ပုံ၊ နောမိနဲ့ ဆက်ဆံပုံကို ဗောဇ ကြည့်တယ်။ ယုံကြည်စိတ်ချရသူတွေကို တီးခေါက်ကြည့်တယ်။ ယေဟောဝါကို ဘယ်လောက် ချစ်သလဲ အကဲခတ်တယ်။ ဒီနည်းနဲ့ ရုသ ဘယ်လို မိန်းကလေးမျိုးလဲဆိုတာ လေ့လာတယ်

    • ရု ၂:၈၊ ၉၊ ၂၀—ဗောဇ ကြင်နာတယ်၊ ရက်ရောတယ်၊ ယေဟောဝါကို ချစ်တယ်ဆိုတာ ရုသ မြင်တယ်

သမီးရည်းစားထားချိန်၊ စေ့စပ်ထားချိန်မှာ ကိုယ်ကျင့်တရား သန့်ရှင်းဖို့ ယေဟောဝါ ဘာကြောင့် တောင်းဆိုသလဲ

ဂ ၅:၁၉။ ကော ၃:၅။ ၁သ ၄:၄

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ပ ၅:၁၈၊ ၁၉—ချစ်ကြောင်း ပြတဲ့ နည်းတချို့ဟာ အိမ်ထောင်သည်တွေအတွက်ပဲ ဖြစ်တယ်

    • သီ ၁:၂။ ၂:၆—ရှုလမိုက် မိန်းကလေးနဲ့ သိုးကျောင်းသားလေးဟာ ချစ်ခွန်းဖွဲ့စကားတွေ ဖလှယ်ခြင်းအားဖြင့် ချစ်ကြောင်း ပြကြတယ်။ ရမက်ကြွစေတဲ့ မသန့်ရှင်းတဲ့ အကျင့်တွေအားဖြင့် မဟုတ်ဘူး

    • သီ ၄:၁၂။ ၈:၈-၁၀—ရှုလမိုက် မိန်းကလေးဟာ ဖြူစင်အေးချမ်းတယ်။ ချုပ်တည်းမှု ရှိတယ်။ တံတိုင်းခတ်ထားတဲ့ ဥယျာဉ်နဲ့ တူတယ်

ဘာကြောင့် တရားဝင် လက်ထပ်သင့်သလဲ

မ ၂၂:၂၁။ ရ ၁၃:၁။ တိ ၃:၁

ခင်ပွန်းတာဝန်

ခင်ပွန်းကို ယေဟောဝါ ဘာတာဝန်တွေ ပေးထားသလဲ

ဧ ၅:၂၃၊ ၂၅၊ ၂၈-၃၁၊ ၃၃

ဦးစီးတာဝန်နဲ့ပတ်သက်လာရင် ဘယ်သူ့စံနမူနာကို ခင်ပွန်း အတုယူရမလဲ

၁က ၁၁:၃။ ဧ ၅:၂၃

ဇနီးရဲ့ ခံစားချက်ကို နားလည်ကြောင်း၊ ချစ်ကြောင်း ခင်ပွန်း ဘာကြောင့် ပြရမလဲ

ကော ၃:၁၉။ ၁ပ ၃:၇

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • က ၂၁:၈-၁၂—စာရာ့အကြံကို အာဗြဟံ မကြိုက်ပေမဲ့ နားထောင်ဖို့ ယေဟောဝါ ပြောတယ်

    • ပ ၃၁:၁၀၊ ၁၁၊ ၁၆၊ ၂၈—ဇနီးကောင်း ရထားတဲ့ ပညာရှိ ခင်ပွန်းဟာ ဇနီးကို လိုက်ချုပ်ချယ်၊ အပြစ်ရှာမှာ မဟုတ်ဘူး။ ယုံမှာ၊ ချီးမွမ်းပေးမှာ ဖြစ်တယ်

    • ဧ ၅:၃၃—တမန်တော် ပေါလုရဲ့ စကားတွေအရ ကိုယ့်ကို ခင်ပွန်း ချစ်ပါလားဆိုတာ ဇနီးတွေ ခံစားရဖို့ လိုတယ်

ဇနီးတာဝန်

ဇနီးကို ယေဟောဝါ ဘာတာဝန်တွေ ပေးထားသလဲ

က ၂:၁၈။ ကော ၃:၁၈။ တိ ၂:၄၊ ၅

ဇနီးရဲ့ အခန်းကဏ္ဍဟာ ခင်ပွန်းထက် နိမ့်သလား

က ၁:၂၆-၂၈၊ ၃၁။ ၂:၁၈

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ပ ၁:၈။ ၁က ၇:၄—အိမ်ထောင်မှာ၊ မိသားစုမှာ ဇနီးတွေ၊ မိခင်တွေကို ယေဟောဝါ အခွင့်အာဏာတချို့ ပေးထားတယ်

    • ၁က ၁၁:၃—အနန္တဘုရား ယေဟောဝါကလွဲလို့ ကျွန်တော်တို့အားလုံး ဘုရားအစီအစဉ်မှာ ဦးစီးမှု ပုံစံတစ်မျိုးမျိုးအောက် ရှိတယ်လို့ တမန်တော် ပေါလု ရှင်းပြတယ်

    • ဟီ ၁၃:၇၊ ၁၇—အသင်းတော်မှာ ဦးဆောင်နေသူတွေကို ယောက်ျား၊ မိန်းမအားလုံး နာခံရမယ်။ ပူးပေါင်းလုပ်ဆောင်ရမယ်

မယုံကြည်သူ ခင်ပွန်း ရှိတဲ့ ခရစ်ယာန် ဇနီးတွေ ဘယ်လိုနည်းနဲ့ ယေဟောဝါကို ရွှင်လန်းစေနိုင်သလဲ

၁က ၇:၁၃-၁၆။ ၁ပ ၃:၁၊ ၂

ခင်ပွန်းကို ခရစ်ယာန် ဇနီးတွေ ဘာကြောင့် လေးစားသင့်သလဲ

ဧ ၅:၃၃

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • က ၁၈:၁၂။ ၁ပ ၃:၅၊ ၆—ခင်ပွန်းကို စာရာ လေးစားတယ်။ အာဗြဟံဟာ ကိုယ့် “သခင်၊” အိမ်ထောင်ဦးစီးပဲလို့ စိတ်ထဲ အမြဲ တွေးတယ်

ဘယ်လို ဇနီးမျိုးကို ကျမ်းစာမှာ ချီးကျူးထားသလဲ

ပ ၁၉:၁၄။ ၃၁:၁၀၊ ၁၃-၃၁

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • က ၂၄:၆၂-၆၇—မိခင် သေဆုံးလို့ အိဇက်ဝမ်းနည်းနေတာ ရေဗက္ကာကြောင့် ဖြေသာလာတယ်

    • ၁ရှ ၂၅:၁၄-၂၄၊ ၃၂-၃၈—ကရုဏာ ပြပေးပါလို့ ဒါဝိဒ်ကို နှိမ့်ချမှုရှိရှိ အဘိဂဲလ အသနားခံတယ်။ ဒါကြောင့် တဇောက်ကန်းသမား ခင်ပွန်းကော အိမ်သူအိမ်သားတွေပါ အသက်ဘေး လွတ်သွားကြတယ်

    • ဧသ ၄:၆-၁၇။ ၅:၁-၈။ ၇:၁-၆။ ၈:၃-၆—ဘုရားလူမျိုးကို ကာကွယ်ချင်လို့ ဘုရင် မဆင့်ခေါ်ပေမဲ့ အသက်ရင်းပြီး ခင်ပွန်းဖြစ်သူ ဘုရင်ဆီ နှစ်ကြိမ်တိုင်တိုင် မိဖုရား ဧသတာ ဝင်တွေ့တယ်

ပြဿနာ ဖြေရှင်းခြင်း

အိမ်ထောင်ရေး ပြဿနာတွေ ဖြေရှင်းဖို့ မောင်နှံစုံကို ဘယ်ကျမ်းစာမူတွေ ကူညီပေးနိုင်သလဲ

၁က ၁၃:၄-၈။ ဧ ၅:၃၃။ ကော ၃:၁၂-၁၄

ငွေနဲ့ပတ်သက်ပြီး မျှမျှတတ ရှိဖို့ မောင်နှံစုံကို ဘယ်ကျမ်းစာမူတွေ ကူညီပေးနိုင်သလဲ

လု ၁၂:၁၅။ ဖိ ၄:၅။ ၁တိ ၆:၉၊ ၁၀။ ဟီ ၁၃:၅

“ငွေ” ကိုလည်း ကြည့်ပါ

ဆွေမျိုး၊ ယောက္ခမတွေကို ဆက်ဆံပုံနဲ့ပတ်သက်ပြီး မောင်နှံစုံကို ဘယ်ကျမ်းစာမူတွေ ကူညီပေးနိုင်သလဲ

ဆ ၃၄:၁၄။ မ ၁၉:၅၊ ၆။ ၁က ၁၃:၄၊ ၅

လိင်ကိစ္စနဲ့ပတ်သက်ပြီး မောင်နှံစုံကို ဘယ်ကျမ်းစာမူတွေ ကူညီပေးနိုင်သလဲ

ပ ၅:၁၅-၂၀။ မ ၅:၂၇၊ ၂၈။ ၁က ၇:၃-၅။ ၁၀:၂၄။ ဖိ ၂:၄။ ဟီ ၁၃:၄

အိမ်ထောင်ဖက်ရဲ့ အားနည်းချက်ကို မဟုတ်ဘဲ အရည်အသွေးကောင်းတွေကို အာရုံစိုက်ဖို့ ဘာကြောင့် အရေးကြီးသလဲ

ဆ ၁၀၃:၁၄။ ၁၃၀:၃၊ ၄။ ပ ၁၇:၉။ ၁ပ ၄:၈

ဒေါသထွက်တာ၊ တေးထားတာထက် ပြဿနာကို မေတ္တာနဲ့ ချက်ချင်း ဖြေရှင်းတာ ဘာကြောင့် ပိုကောင်းသလဲ

ဆ ၃၇:၈။ ပ ၁၄:၂၉။ ဧ ၄:၂၆၊ ၂၇။ ယာ ၁:၁၉၊ ၂၀

ဒေါသပေါက်ကွဲတာ၊ အော်ဟစ်ငေါက်ငမ်းတာ၊ ဆဲဆိုတာ၊ ကိုယ်ထိလက်ရောက် စော်ကားတာတွေဟာ ဘာကြောင့် လက်မခံနိုင်စရာ ဖြစ်သလဲ

ဆ ၁၁:၅။ ဂ ၅:၁၉-၂၁။ ဧ ၄:၃၁၊ ၃၂။ တိ ၃:၂

ခင်ပွန်းနဲ့ ဇနီး သဘောထားချင်း မတိုက်ဆိုင်တဲ့အခါ ဘာကို အဓိကထားသင့်သလဲ

ဆ ၃၄:၁၄။ မ ၅:၉။ ရ ၁၂:၁၇၊ ၁၈၊ ၂၁

ယေဟောဝါကို အဓိကထားတဲ့ အိမ်ထောင်မှာ ဘာကောင်းချီးတွေ ရသလဲ

ဒေ ၄:၉-၁၂

အိမ်ထောင်ရေး စံနှုန်းများ

လိင်၊ အိမ်ထောင်နဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ စံနှုန်းတွေက ဘာလဲ

ပ ၆:၃၂။ မ ၅:၂၇၊ ၂၈။ ၁က ၆:၉၊ ၁၀။ ဟီ ၁၃:၄

ခရစ်ယာန်တွေ လင်ပြိုင်၊ မယားပြိုင် ထားလို့ ရသလား

မ ၁၉:၈၊ ၉။ ၁က ၇:၂။ ၁တိ ၃:၂၊ ၁၂

အိမ်ထောင်ဟာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်အတွက်ပဲ ဖြစ်ကြောင်း ဘယ်လို သိရသလဲ

က ၂:၁၈၊ ၂၂၊ ၂၄။ မ ၁၉:၄-၆။ ရ ၁:၂၃-၂၇

အိမ်ထောင်သည်တွေ ဘာကြောင့် မခွဲအတူ နေသင့်သလဲ

မာ ၁၀:၆-၉။ ရ ၇:၂၊ ၃။ ၁က ၇:၁၀၊ ၁၁

ကွာရှင်းနိုင်တဲ့ တစ်ခုတည်းသော ကျမ်းစာ အကြောင်းရင်းက ဘာလဲ

မ ၅:၃၂။ ၁၉:၉

အခြေအမြစ် မရှိတဲ့ အကြောင်းရင်းတွေကြောင့် ကွာရှင်းတာကို ယေဟောဝါ ဘယ်လို သဘောထားသလဲ

မလ ၂:၁၃-၁၆

အိမ်ထောင်ဖက် ဆုံးသွားရင် နောက်အိမ်ထောင် ပြုလို့ ရသလား

ရ ၇:၂၊ ၃။ ၁က ၇:၃၉

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ