နှိပ်စက်ညှဉ်းပန်းခြင်း
နှိပ်စက်ညှဉ်းပန်းခံရမှာကို ခရစ်ယာန်တွေ ဘာကြောင့် မျှော်လင့်ထားသင့်သလဲ
နှိပ်စက်ညှဉ်းပန်းခံရတဲ့အခါ ယေဟောဝါဆီ ဘာကြောင့် ခွန်အား တောင်းသင့်သလဲ
ဆ ၅၅:၂၂။ ၂က ၁၂:၉၊ ၁၀။ ၂တိ ၄:၁၆-၁၈။ ဟီ ၁၃:၆
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
၁ဘု ၁၉:၁-၁၈—ဆန့်ကျင်မှု ကြုံရချိန်မှာ ယေဟောဝါဆီ ပရောဖက် ဧလိယ ရင်ဖွင့်ဆုတောင်းတယ်။ အားပေးမှု၊ နှစ်သိမ့်မှု ရတယ်
တ ၇:၉-၁၅—အစ်ကိုတွေ နှိပ်စက်တာ ယောသပ် ခံရတယ်။ ဒါပေမဲ့ ယေဟောဝါ ခိုင်မြဲတဲ့ မေတ္တာ ပြတယ်။ ကယ်တယ်။ မိသားစုကို ကယ်တင်ဖို့ သုံးတယ်
နှိပ်စက်ညှဉ်းပန်းခြင်း ပုံစံတချို့က ဘာလဲ
စကားနဲ့ တိုက်ခိုက်တာ
၂ရ ၃၆:၁၆။ မ ၅:၁၁။ တ ၁၉:၉။ ၁ပ ၄:၄
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
၂ဘု ၁၈:၁၇-၃၅—အဆီးရီးယား ဘုရင်ရဲ့ ပြောရေးဆိုခွင့် ရှိသူ ရာဗရှာခဟာ ယေဟောဝါနဲ့ ဂျေရုဆလင်မြို့သားတွေကို စော်ကားမော်ကား ပြောတယ်
လု ၂၂:၆၃-၆၅။ ၂၃:၃၅-၃၇—ယေရှု အချုပ်ခံထားရချိန်၊ သစ်တိုင်ပေါ် တင်ခံရချိန် နှိပ်စက်သူတွေ ယေရှုကို စော်ကားကြတယ်။ လှောင်ပြောင်ကြတယ်
မိသားစု ဆန့်ကျင်တာ
ဖမ်းဆီးတာ၊ အာဏာပိုင်တွေရှေ့ ခေါ်သွားတာ
ကိုယ်ထိလက်ရောက် အကြမ်းဖက်တာ
အုပ်စုဖွဲ့ တိုက်ခိုက်တာ
သတ်တာ
နှိပ်စက်ညှဉ်းပန်းခံရချိန်မှာ ခရစ်ယာန်တွေ ဘာလုပ်သင့်သလဲ
မ ၅:၄၄။ တ ၁၆:၂၅။ ၁က ၄:၁၂၊ ၁၃။ ၁ပ ၂:၂၃
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
တ ၇:၅၇–၈:၁—အုပ်စုဖွဲ့ တိုက်ခိုက်ခံရလို့ သေလုဆဲဆဲမှာတောင် တပည့်တော် သတေဖန်ဟာ တာရှုမြို့သား ရှောလု အပါအဝင် နှိပ်စက်ညှဉ်းပန်းသူတွေကို ဒဏ်မခတ်ဖို့ ဆုတောင်းတယ်
တ ၁၆:၂၂-၃၄—တမန်တော် ပေါလု ရိုက်ခံရပေမဲ့၊ ထိတ်တုံးခတ်ခံရပေမဲ့ ထောင်မှူးကို မေတ္တာပြတယ်။ ထောင်မှူးနဲ့ အိမ်သားအားလုံး ယုံကြည်သူ ဖြစ်လာတယ်
ပထမရာစု ခရစ်ယာန်တချို့ ဘာကြုံရသလဲ
နှိပ်စက်ညှဉ်းပန်းခံရတဲ့အခါ ဘယ်လို သဘောထားသင့်သလဲ
နှိပ်စက်ညှဉ်းပန်းခံရတဲ့အခါ အနာဂတ် မျှော်လင့်ချက်က ဘယ်လို အားရှိစေသလဲ
နှိပ်စက်ညှဉ်းပန်းခံရလို့ ရှက်စိတ်၊ ကြောက်စိတ် ဝင်တာ၊ စိတ်ဓာတ်ကျတာ၊ ယေဟောဝါကို ဝတ်မပြုတော့တာမျိုး ဘာကြောင့် မဖြစ်သင့်သလဲ
ဆ ၅၆:၁-၄။ တ ၄:၁၈-၂၀။ ၂တိ ၁:၈၊ ၁၂
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
၂ရ ၃၂:၁-၂၂—သနာခရိပ်မင်း စစ်တပ် အလုံးအရင်းနဲ့ ချီတက်လာတဲ့အခါ ယေဟောဝါကို သစ္စာရှိ ဟေဇကိမင်း အားကိုးတယ်။ ပြည်သူပြည်သားတွေကို အားပေးတယ်။ ဒါကြောင့် ဆုချခံရတယ်
ဟီ ၁၂:၁-၃—နှိပ်စက်ညှဉ်းပန်းသူတွေ အရှက်ခွဲကြပေမဲ့ အရှက်ခွဲခံရတာကို ယေရှု အရေးမစိုက်ဘူး။ စိတ်ဓာတ်မကျဘူး
နှိပ်စက်ညှဉ်းပန်းခံရတဲ့အခါ ဘာရလဒ်ကောင်း ရနိုင်သလဲ
ကျွန်တော်တို့ ခံနိုင်ရည် ရှိတဲ့အခါ ဘုရား နှစ်သက်တယ်၊ နာမတော် ဘုန်းထင်ရှားတယ်
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
ယဘ ၁:၆-၂၂။ ၂:၁-၁၀—အဖြစ်ဆိုးတွေရဲ့ နောက်ကွယ်က တရားခံ စာတန်မှန်း ယောဘ မသိပေမဲ့ ယေဟောဝါကို ကျောမခိုင်းဘူး။ စာတန် မုသာကောင်ဆိုတာ ပေါ်သွားတယ်။ ဘုရား ဘုန်းထင်ရှားတယ်
ဒံ ၁:၆၊ ၇။ ၃:၈-၃၀—သစ္စာရှိသူ ဟာနနိ၊ မိရှေလ၊ အာဇရိ (ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ) တို့ဟာ ယေဟောဝါကို ပုန်ကန်မယ့်အစား အသေခံဖို့ အသင့်ရှိကြတယ်။ ယေဟောဝါဟာ အမြင့်ဆုံး ဘုရား ဖြစ်မှန်း ဘုရင် နေဗုခဒ်နေဇာ အသိအမှတ်ပြုသွားတယ်
နှိပ်စက်ညှဉ်းပန်းမှုက သက်သေခံဖို့ အခွင့်အရေး ရစေတယ်
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
တ ၁၁:၁၉-၂၁—နှိပ်စက်ညှဉ်းပန်းမှုကြောင့် ခရစ်ယာန်တွေ ကွဲလွင့်သွားလို့ နေရာအနှံ့ သတင်းကောင်း ပျံ့သွားတယ်
ဖိ ၁:၁၂၊ ၁၃—မိမိ ထောင်ကျနေတာက သတင်းကောင်း ပျံ့နှံ့ဖို့ အထောက်အကူ ဖြစ်စေလို့ တမန်တော် ပေါလု ဝမ်းသာတယ်
ကျွန်တော်တို့ ခံနိုင်ရည် ရှိတဲ့အခါ ညီအစ်ကို/မတွေ အားရှိနိုင်တယ်
သစ္စာရှိသူတွေ နှိပ်စက်ညှဉ်းပန်းခံရတာ များသောအားဖြင့် ဘယ်သူတွေရဲ့ လက်ချက်လဲ
ယေ ၂၆:၁၁။ မာ ၃:၆။ ယဟ ၁၁:၄၇၊ ၄၈၊ ၅၃။ တ ၂၅:၁-၃
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
တ ၁၉:၂၄-၂၉—ရုပ်တု မကိုးကွယ်ရဘူးလို့ ခရစ်ယာန်တွေ ဟောတာဟာ သူတို့ထမင်းအိုး တုတ်နဲ့ လာထိုးတာပဲလို့ ဧဖက်မြို့က အာတေမိ ဘုရားမရဲ့ ငွေနတ်ကွန်း လုပ်သူတွေ ခံစားရတယ်။ ဒါကြောင့် ခရစ်ယာန်တွေကို နှိပ်စက်ညှဉ်းပန်းတယ်
ဂ ၁:၁၃၊ ၁၄—ပေါလု (ရှောလု) ခရစ်ယာန် ဖြစ်မလာခင်တုန်းက ဂျူးဘာသာမှာ စိတ်ထက်သန်လွန်းလို့ ခရစ်ယာန်တွေကို နှိပ်စက်ညှဉ်းပန်းတယ်