ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၈ ၆/၁၅ စာ. ၃၂
  • ပညာသားပါပါ ဖြေရှင်းခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပညာသားပါပါ ဖြေရှင်းခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
က၀၈ ၆/၁၅ စာ. ၃၂

ပညာသားပါပါ ဖြေရှင်းခြင်း

ဗဟိုအာဖရိကနိုင်ငံတွင်နေထိုင်သော အမျိုးသားလူငယ်သုံးဦးသည် မိမိတို့ဒေသတွင်ကျင်းပမည့် ခရိုင်စည်းဝေးကြီးတစ်ခုကို တက်ရောက်လိုခဲ့ကြသည်။ ထိုနေရာသို့ သူတို့ မည်သို့သွားမည်နည်း။ ယင်းနေရာသည် မိုင်၆၀ နီးပါးဝေးပြီး ကြမ်းတမ်း၊ ဖုန်ထူကာ သယ်ယူပို့ဆောင်ရေးစနစ်လည်းမရှိချေ။ စက်ဘီးသုံးစီးငှားရမ်းရန် ဆုံးဖြတ်ခဲ့ကြသော်လည်း စက်ဘီးကောင်းကောင်းတစ်စီးမျှရှာမတွေ့ခဲ့ကြချေ။

ဒေသခံအသင်းတော်မှအကြီးအကဲတစ်ဦးက သူတို့၏အခက်အခဲကိုသိရှိခဲ့ရာ ဟောင်းသော်လည်းသုံး၍ရသေးသည့် သူ့ကိုယ်ပိုင်စက်ဘီးကိုငှားပေးခဲ့သည်။ စည်းဝေးကြီးတစ်ခုသွားရန် သူနှင့်အခြားသူများ ယခင်ကလုပ်ဆောင်ခဲ့ပုံကို အကြီးအကဲက ပြောပြခဲ့သည်။ စက်ဘီးတစ်စီးကို သူတို့သုံးယောက်ဝေမျှသုံးရန် အကြီးအကဲက အကြံဉာဏ်ပေးခဲ့သည်။ ရိုးရှင်းသောဖြေရှင်းနည်းဖြစ်သော်လည်း စိန်ခေါ်ချက်ဖြစ်သည်။ မည်သို့ဖြစ်နိုင်မည်နည်း။

နေပူဒဏ်မခံရအောင် ညီအစ်ကိုငယ်တို့သည် နံနက်စောစောဆုံကြပြီး မိမိတို့ပစ္စည်းများကို စက်ဘီးပေါ်တင်ကြသည်။ ပထမတစ်ယောက်က ရှေ့မှစက်ဘီးနင်းသွားပြီး ကျန်နှစ်ယောက်က သွက်သွက်လေးလမ်းလျှောက်ကာ နောက်မှလိုက်ခဲ့ကြသည်။ တစ်မိုင်၏သုံးပုံတစ်ပုံနီးပါးရောက်ရှိပြီးနောက် စက်ဘီးနင်းသွားသူကရပ်ပြီး ပစ္စည်းတင်ထားသည့်စက်ဘီးကို သစ်ပင်တစ်ပင်တွင်မှီ၍ထောင်ထားခဲ့သည်။ သို့သော် စက်ဘီးကို သူစိမ်းတစ်ဦး “မခိုး” ရန်နှင့် ညီအစ်ကိုနှစ်ဦးတွေ့ ရှိနိုင်သည့်နေရာတွင်ထားဖို့ ဂရုစိုက်ရသည်။ ပထမစက်ဘီးနင်းသွားသူသည် ခြေလျင်ဖြင့်ခရီးဆက်သွားသည်။

ကျန်နှစ်ယောက်က စက်ဘီးထားခဲ့သည့်နေရာသို့ရောက်လာသောအခါ တစ်ယောက်ကနင်းသွားပြီး ကျန်တစ်ယောက်က နောက်ထပ်တစ်မိုင်၏သုံးပုံတစ်ပုံ သို့မဟုတ် သူ့အလှည့်မတိုင်မီ ဆက်လမ်းလျှောက်ရသည်။ ကောင်းစွာစီစဉ်မှုနှင့်ဆုံးဖြတ်မှုတို့ဖြင့် ညီအစ်ကိုသုံးဦးတို့သည် မိမိတို့လမ်းလျှောက်ရမည့် မိုင် ၆၀ ကို မိုင် ၄၀ ခန့်သို့ လျော့ချနိုင်ခဲ့သည်။ ဤကြိုးစားအားထုတ်မှုသည် အကျိုးရှိခဲ့ပါသည်။ သူတို့သည် မိမိတို့ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မများနှင့် စည်းဝေးကြီးတွင်တွေ့ဆုံခဲ့ရပြီး ဝိညာဉ်ရေးခဲဖွယ်စားဖွယ်ကြီး၌ ပျော်မွေ့ ခဲ့ကြသည်။ (တရား. ၃၁:၁၂) ဤနှစ်တွင် သင့်ဒေသ၌ကျင်းပမည့် ခရိုင်စည်းဝေးကြီးတက်ရန် သင်အတတ်နိုင်ဆုံးကြိုးစားမည်လော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ