ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၈ နိုဝင်ဘာ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းချက်တွေ ရှာနည်း
    ထပ်ဆင့် အကြောင်းအရာများ
  • ရှေးခေတ် ဂျေရုဆလင်မြို့ ဘယ်အချိန်မှာ ဖျက်ဆီးခံရသလဲ—အပိုင်း ၁
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • အချိန်ကာလပြမျဉ်း
    သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • ဆိုင်ပြိုင်တိုက်ခိုက်လျက်ရှိသည့် ဘုရင်နှစ်ပါး
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
က၁၈ နိုဝင်ဘာ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

ယေရှု မသေဆုံးခင် ညနေမှာ ပြောခဲ့တဲ့ ကျေးဇူးရှင်ဆိုတာ ဘယ်သူတွေလဲ။ ဘာကြောင့် အဲဒီလို အခေါ်ခံရတာလဲ။

ကျမ်းစာခေတ်က ကျေးဇူးရှင်တစ်ယောက်

ယေရှုက မသေဆုံးခင် ညနေမှာ တမန်တော်တွေကို ထင်ပေါ်တဲ့ရာထူး မမက်ဖို့ ဆုံးမတယ်။ “လောကအုပ်စိုးရှင်တွေဟာ နိုင်ထက်စီးနင်း လုပ်တတ်တယ်။ အာဏာရှိသူတွေလည်း ကျေးဇူးရှင်လို့ အခေါ်ခံတတ်ကြတယ်။ ခင်ဗျားတို့ကတော့ အဲဒီလိုမဖြစ်ရဘူး” လို့ ယေရှု ပြောတယ်။—လု. ၂၂:၂၅၊ ၂၆။

ယေရှုပြောတဲ့ ကျေးဇူးရှင်ဆိုတာ ဘယ်သူတွေလဲ။ ဂရိ၊ ရောမ အသိုင်းအဝိုင်းမှာ အထင်ကရပုဂ္ဂိုလ်တွေကို ကျေးဇူးရှင်ဆိုတဲ့ ဘွဲ့ထူးနဲ့ ဂုဏ်ပြုကြောင်း ကမ္ဗည်းစာ၊ ဒင်္ဂါးပြား၊ စာပေတွေမှာ ဖော်ပြလေ့ရှိတယ်။ လူထုအကျိုးပြုလုပ်ငန်း လုပ်ဆောင်သူတွေကို အဲဒီလို ဘွဲ့ထူးနဲ့ ဂုဏ်ပြုတတ်ကြတယ်။

ဘုရင်များစွာဟာ ကျေးဇူးရှင်ဆိုတဲ့ ဘွဲ့ထူးရခဲ့ကြတယ်။ သူတို့ထဲမှာ အီဂျစ်ဘုရင် တော်လမီ ၃ ယူအာဂါတီ၊ တော်လမီ ၈ ယူအာဂါတီ ၂ တို့ ပါဝင်တယ်။ ရောမဘုရင် ဂျူးလီယက်ဆီဇာ၊ သြဂတ်စတပ်၊ ယုဒပြည်ကို အုပ်ချုပ်တဲ့ မဟာဟေရုဒ်တို့လည်း အဲဒီလို ဘွဲ့ထူးရှိခဲ့တယ်။ ဟေရုဒ်က ယုဒလူတွေ အငတ်ဘေး ကြုံရချိန်မှာ ဂျုံတွေ တင်သွင်းပေးလို့၊ နွမ်းပါးသူတွေကို အဝတ်အစား ထောက်ပံ့ပေးလို့ အဲဒီဘွဲ့ ရခဲ့တာ ဖြစ်နိုင်တယ်။

ဂျာမန်ကျမ်းပညာရှင် အဒေါ့ဖ် ဒစ်စမန် အဆိုအရ ကျေးဇူးရှင် ဆိုတဲ့ ဘွဲ့ထူးကို အသုံးများတယ်။ “အဲဒီဘွဲ့ထူး တစ်ရာကျော်ကို ကမ္ဗည်းစာတွေမှာ အချိန်ခဏအတွင်း ရှာတွေ့နိုင်တယ်” လို့ ပြောတယ်။

ဒါဆို “ခင်ဗျားတို့ကတော့ အဲဒီလိုမဖြစ်ရဘူး” လို့ တပည့်တွေကို ယေရှု ပြောတာ ဘာကြောင့်လဲ။ လူထုအကျိုးဆောင်စိတ် မရှိရဘူး၊ လူတွေကို ဂရုမစိုက်သင့်ဘူးလို့ ဆိုလိုတာလား။ မဟုတ်ပါဘူး။ ရက်ရောရတဲ့ ရည်ရွယ်ချက်ကို ယေရှု အလေးပေးနေပုံရတယ်။

ယေရှုခေတ်မှာ ချမ်းသာသူတွေက အားကစားကွင်းမှာ ပြပွဲတွေ၊ ကစားပွဲတွေကို တာဝန်ယူကျင်းပပေးပြီး ပန်းခြံတွေ၊ ဘုရားကျောင်းတွေ ဆောက်ပေးကြတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တာက ချီးမွမ်းခံရဖို့၊ နာမည်ကြီးဖို့၊ မဲရဖို့ပဲ။ “စိတ်ရင်းမှန်နဲ့ လှူဒါန်းသူတွေရှိပေမဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက် လုပ်ဆောင်တာ များတယ်” လို့ စာအုပ်တစ်အုပ်က ပြောတယ်။ အဲဒီလို ရည်မှန်းချက်ကြီး၊ ကိုယ်ကျိုးရှာတဲ့သဘောထားကို ရှောင်ဖို့ နောက်လိုက်တွေကို ယေရှု ပြောနေတာ။

နှစ်အနည်းငယ်ကြာပြီးနောက် စိတ်ရင်းမှန်နဲ့ ပေးကမ်းဖို့ အရေးကြီးကြောင်း တမန်တော် ပေါလု အလေးပေး ပြောခဲ့တယ်။ “လူတိုင်း စိတ်ဆုံးဖြတ်ထားတဲ့အတိုင်း လှူဒါန်းကြပါ။ နှမြောတဲ့စိတ်၊ မလှူမနေရ ဆိုတဲ့စိတ်နဲ့ မလှူပါစေနဲ့။ စေတနာစိတ်နဲ့ လှူဒါန်းတဲ့သူကိုပဲ ဘုရားသခင် ချစ်မြတ်နိုးတယ်” လို့ ကောရိန္သုမြို့က ခရစ်ယာန်တွေဆီ ရေးခဲ့တယ်။—၂ ကော. ၉:၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ