ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၀ အမှတ် ၂ စာ. ၁၄-၁၅
  • ဘုရားသခင့်နိုင်ငံတော်ကို ထောက်ခံပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်နိုင်ငံတော်ကို ထောက်ခံပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်နိုင်ငံတော်ကို သင်ဦးစားထားမလား
  • မဿဲ ၆:၃၃—‘ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ဦးစားထားကြပါ’
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
  • ‘နိုင်ငံတော်ကို ရှေးဦးစွာ ဆက်၍ရှာကြလော့’
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
ကလ၂၀ အမှတ် ၂ စာ. ၁၄-၁၅
အမျိုးသားတစ်ယောက် ကျမ်းစာမဖတ်ခင် ဆုတောင်းနေစဉ်။

ဘုရားသခင့်နိုင်ငံတော်ကို ထောက်ခံပါ

သင့်ဒေသမှာ အင်အားပြင်းမုန်တိုင်း တိုက်တော့မယ်ဆိုပါစို့။ မိုးလေဝသဌာနကလည်း “ချက်ချင်း ထွက်ခွာပါ၊ လုံခြုံတဲ့နေရာရှာပြီး ခိုနေပါ” လို့ အရေးတကြီး ကြေညာနေတယ်။ သင် ဘာလုပ်မလဲ။ စိတ်ချရတဲ့နေရာကို သွားမှာ သေချာပါတယ်။

တကယ်တော့ ကျွန်တော်တို့ အားလုံးဟာ အဖျက်စွမ်းအားကြီးမားတဲ့ မုန်တိုင်း တိုက်တော့မယ့် ခေတ်ကာလမှာ အသက်ရှင်နေကြရတယ်။ အဲဒါကို ယေရှုက “ကြီးစွာသောဒုက္ခ” လို့ ခေါ်ခဲ့တယ်။ (မဿဲ ၂၄:၂၁) အဲဒီ ကြီးစွာသောဒုက္ခကိုတော့ ကျွန်တော်တို့ ရှောင်လို့ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ အကာအကွယ်ရအောင်တော့ လုပ်နိုင်ပါတယ်။ ဘာလုပ်နိုင်သလဲ။

တောင်ပေါ်ဒေသနာမှာ ယေရှုခရစ်က “ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို အမြဲ ဦးစားထားကြပါ” လို့ အကြံပေးခဲ့တယ်။ (မဿဲ ၆:၃၃) ဘယ်လို လိုက်နာနိုင်သလဲ။

ဘုရားသခင့်နိုင်ငံတော်ကို ဦးစားထားပါ။ ဘုရားသခင့်နိုင်ငံတော်ဟာ ဘယ်အရာထက်မဆို ပိုအရေးကြီးတယ်လို့ ရှုမြင်တာကို ဆိုလိုတယ်။ (မဿဲ ၆:၂၅၊ ၃၂၊ ၃၃) ဘာကြောင့် အဲဒီလို ရှုမြင်သင့်သလဲ။ အကြောင်းကတော့ လူ့ပြဿနာတွေကို လူသားတွေ မဖြေရှင်းပေးနိုင်ဘူး။ ဘုရားသခင့်နိုင်ငံတော်ကပဲ ဖြေရှင်းပေးနိုင်မှာ ဖြစ်လို့ပါ။

ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို ဦးစားထားပါ။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ ပညတ်တွေ၊ မူတွေနဲ့အညီ နေထိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသင့်တယ်။ ဘာကြောင့်လဲ။ အကြောင်းကတော့ အမှားအမှန်ကို ကိုယ့်ဘာသာဆုံးဖြတ်ရင် အဖြစ်ဆိုးတွေ ကြုံတွေ့ရမှာမို့လို့ပဲ။ (ပညာအလိမ္မာ ၁၆:၂၅) ဒါပေမဲ့ ဘုရားရဲ့ စံနှုန်းတွေနဲ့အညီ နေထိုင်မယ်ဆိုရင် ဘုရားရဲ့ နှစ်သက်မှုကို ရမယ့်အပြင် ကိုယ်တိုင်လည်း အကျိုးခံစားရမယ်။—ဟေရှာယ ၄၈:၁၇၊ ၁၈။

ဘုရားသခင့်နိုင်ငံတော်နဲ့ ဘုရားသခင့် ဖြောင့်မတ်ခြင်းကို အမြဲ ဦးစားထားကြပါ။ ပိုက်ဆံအများကြီးရှိရင် လုံခြုံတယ်လို့ တချို့သူတွေ အထင်မှားကြလိမ့်မယ်လို့ ယေရှု သတိပေးခဲ့တယ်။ တချို့ကျတော့လည်း ဘဝပြဿနာတွေနဲ့ လုံးပန်းနေရလို့ ဘုရားသခင့်နိုင်ငံတော်ကို ဦးစားထားဖို့ အချိန်မရှိကြဘူး။—မဿဲ ၆:၁၉-၂၁၊ ၂၅-၃၂။

ဒါပေမဲ့ ဘုရားသခင့်နိုင်ငံတော်ကို ထောက်ခံသူတွေဟာ အခုချိန်မှာ လိုအပ်ရာတွေ ရမယ့်အပြင် အနာဂတ်မှာလည်း မကုန်ဆုံးနိုင်တဲ့ ကောင်းချီးတွေ ရမယ်လို့ ယေရှု ကတိပေးခဲ့တယ်။—မဿဲ ၆:၃၃။

ပထမရာစုက ယေရှုရဲ့တပည့်တွေဟာ ဘုရားသခင့်နိုင်ငံတော်နဲ့ ဘုရားသခင့် ဖြောင့်မတ်ခြင်းကို ဦးစားထားခဲ့ကြပေမဲ့ နာကျင်မှုနဲ့ ဆင်းရဲဒုက္ခအားလုံး ပပျောက်သွားတာကို မမြင်ခဲ့ရဘူး။ ဒါပေမဲ့ သူတို့ အကာအကွယ် ရခဲ့ကြတယ်။ ဘယ်လိုနည်းနဲ့လဲ။

သူတို့ဟာ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း အသက်ရှင်ခဲ့ကြတယ်။ အဲဒါကြောင့် ဘုရားသခင့်စကား နားမထောင်သူတွေ ခံစားခဲ့ရတဲ့ ဒုက္ခတွေကို သူတို့ မခံစားခဲ့ကြရဘူး။ နိုင်ငံတော်လာမယ်ဆိုတဲ့ သူတို့ရဲ့ ခိုင်ခံ့တဲ့ ယုံကြည်ခြင်းကြောင့် အခက်ခဲဆုံး ဘဝပြဿနာတွေကိုတောင် ရင်ဆိုင်နိုင်ခဲ့ကြတယ်။ ဘုရားသခင်က သူတို့ကို “သာမန်ထက် ထူးကဲတဲ့တန်ခိုး” ပေးခဲ့လို့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့တယ်။—၂ ကောရိန္သု ၄:၇-၉။

ဘုရားသခင့်နိုင်ငံတော်ကို သင်ဦးစားထားမလား

ပထမရာစုက ခရစ်ယာန်တွေဟာ နိုင်ငံတော်ကို ဦးစားထားပါဆိုတဲ့ ယေရှုရဲ့မိန့်မှာချက်ကို လိုက်နာခဲ့ကြတယ်။ သူတို့ဟာ နိုင်ငံတော်သတင်းကောင်းကို ကမ္ဘာမြေအရပ်ရပ်မှာ ဟောပြောခဲ့ကြတယ်။ (ကောလောသဲ ၁:၂၃) အခုချိန်မှာ အဲဒီလို လုပ်နေသူတွေ ရှိသလား။

ရှိပါတယ်။ ဘုရားသခင့်နိုင်ငံတော်က ဒီလောကစနစ်ကို ဖယ်ရှားတော့မယ့်အချိန် နီးနေပြီဆိုတာ ယေဟောဝါသက်သေတွေ သိထားကြတယ်။ ဒါကြောင့် ယေရှုရဲ့ ဒီမိန့်မှာချက်အတိုင်း အသက်ရှင်ဖို့ သူတို့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ကြတယ်– “လူမျိုးအားလုံးအတွက် သက်သေဖြစ်စေဖို့ နိုင်ငံတော် သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြောရလိမ့်မယ်။ ပြီးမှ အဆုံး ရောက်လာလိမ့်မယ်။”—မဿဲ ၂၄:၁၄။

နိုင်ငံတော်သတင်းကောင်းကို သင် ဘယ်လို တုံ့ပြန်မလဲ။ ပထမရာစု မက်ဆီဒိုးနီးယားပြည်က ဗေရိမြို့သားတွေကို အတုယူဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ တမန်တော် ပေါလုဆီက ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို သူတို့ ကြားတဲ့အခါ “အားတက်သရော” လက်ခံကြတယ်။ သူတို့ ကြားခဲ့တာတွေ မှန်မမှန် သိနိုင်ဖို့ ‘ကျမ်းစာကို အသေအချာ ဆန်းစစ်’ ကြပြီး သိတဲ့အတိုင်း လုပ်ဆောင်ခဲ့ကြတယ်။—တမန်တော် ၁၇:၁၁၊ ၁၂။

ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့ လူတွေဟာ အောက်ပါအချက်တွေကို လုပ်ဆောင်ခြင်းအားဖြင့် ဘုရားနိုင်ငံတော်ကို ထောက်ခံကြောင်း ဖော်ပြနေကြတယ်

  1. အမျိုးသားတစ်ယောက်ရဲ့ အိမ်တံခါးဝမှာ ယေဟောဝါသက်သေတွေ စကားပြောနေကြစဉ်။

    နိုင်ငံတော်သတင်းကောင်းကို နားထောင်ခြင်း

  2. အဲဒီအမျိုးသား ယေဟောဝါသက်သေတစ်ယောက်နဲ့အတူ အိမ်မှာ ကျမ်းစာလေ့လာနေစဉ်။

    ကျမ်းစာကို အသေအချာ ဆန်းစစ်ခြင်း

  3. ဝတ်ပြုရာခန်းမမှာ အစည်းအဝေး တက်ရောက်နေစဉ်။

    နိုင်ငံတော်ကို ထောက်ခံသူတွေနဲ့ ပေါင်းသင်းခြင်း

  4. အမျိုးသားတစ်ယောက် ကျမ်းစာမဖတ်ခင် ဆုတောင်းနေစဉ်။

    ဘုရားသခင်ကို ဝတ်ပြုချင်သူဖြစ်ကြောင်း ဖော်ပြခြင်း

သင်လည်း အဲဒီလို လုပ်နိုင်ပါတယ်။ ဘုရားသခင့်နိုင်ငံတော်နဲ့ ဘုရားသခင့်ဖြောင့်မတ်ခြင်းကို ဦးစားထားခြင်းအားဖြင့် အခုချိန်မှာ ခိုလှုံရာကို ရှာတွေ့နိုင်တယ်။ အနာဂတ်မှာလည်း ထာဝစဉ်တည်မယ့် ငြိမ်းချမ်းမှုနဲ့ လုံခြုံမှု ခံစားရပါလိမ့်မယ်။

ယေဟောဝါသက်သေတွေရဲ့ လုပ်ဆောင်မှုကို ပိုသိချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ jw.org/my မှာ ဝင်ကြည့်ပါ။

အကြောင်းအရာတွေကို ဘာသာစကား ၁,၀၀၀ ကျော်နဲ့ ရရှိနိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ