ဟောပြောသွန်သင်ခြင်းသင်တန်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းတွေကို ၂၀၁၂၊ အောက်တိုဘာ ၂၉ ရက်မှာ စတင်မယ့် အပတ်အတွင်း ဟောပြောသွန်သင်ခြင်းသင်တန်းမှာ သုံးသပ်မှာဖြစ်တယ်။ လေ့လာသုံးသပ်တဲ့ အပတ်ရဲ့ ရက်စွဲတွေကို ဖော်ပြထားတာက ပတ်စဉ်သင်တန်းအစီအစဉ်အတွက် ပြင်ဆင်တဲ့အခါ ရှာဖွေလေ့လာနိုင်ဖို့ ဖြစ်ပါတယ်။
၁။ စိတ်အာရုံမှာ ယေဇကျေလမြင်တွေ့ခဲ့တဲ့ ယဇ်ပလ္လင်က ဘာကို ကိုယ်စားပြုသလဲ။ (ယေဇ. ၄၃:၁၃-၂၀) [စက်. ၁၀၊ က၀၇ ၈/၁ စ. ၁၅ ပိုဒ်. ၄]
၂။ ယေဇကျေလရဲ့ စိတ်အာရုံမှာပါတဲ့မြစ်ရေဟာ ဘာကို ပုံတင်ပြသလဲ။ (ယေဇ. ၄၇:၁-၅) [စက်. ၁၇၊ က၀၇ ၈/၁ စ. ၁၆ ပိုဒ်. ၂]
၃။ “အကြံရှိ [“သန္နိဋ္ဌာန်ချထား၊” ကဘ]” ဆိုတဲ့စကားက ဒံယေလငယ်ရွယ်စဉ်မှာရရှိတဲ့ ကျမ်းစာသွန်သင်ချက်တွေနဲ့ပတ်သက်ပြီး ဘာဖော်ပြသလဲ။ (ဒံ. ၁:၈) [စက်. ၂၄၊ dp စ. ၃၂ ပိုဒ်. ၄-၆; စ. ၃၆ ပိုဒ်. ၁၆]
၄။ နေဗုခဒ်နေဇာအိပ်မက်ထဲက ဧရာမသစ်ပင်ကြီးဟာ ဘာကို ကိုယ်စားပြု ဒါမှမဟုတ် အမှတ်သင်္ကေတပြုသလဲ။ (ဒံ. ၄:၁၀၊ ၁၁၊ ၂၀-၂၂) [အောက်. ၁၊ က၀၇ ၉/၁ စ. ၁၈ ပိုဒ်. ၅]
၅။ ဒံယေလ ၉:၁၇-၁၉ က ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ကို ဘာသင်ပေးသလဲ။ [အောက်. ၈၊ က၀၇ ၉/၁ စ. ၂၀ ပိုဒ်. ၅-၆]
၆။ ‘လူအများတို့နှင့်ဖွဲ့သော’ ဘယ်ပဋိညာဉ်က သီတင်းနှစ်တွေရဲ့ ၇၀ ခုမြောက်သီတင်းနှစ်ကုန်ပိုင်း ဒါမှမဟုတ် အေဒီ ၃၆ အထိ အကျိုးသက်ရောက်မှုရှိနေသလဲ။ (ဒံ. ၉:၂၇) [အောက်. ၈၊ က၀၇ ၉/၁ စ. ၂၀ ပိုဒ်. ၄]
၇။ “ပေရသိနိုင်ငံကို အစိုးရသောမင်း” မိမိကို ဆီးတားတယ်လို့ ကောင်းကင်တမန်က ဒံယေလကို ပြောတဲ့စကားကနေ ဘာသိရသလဲ။ (ဒံ. ၁၀:၁၃) [အောက်. ၁၅၊ က၁၁ ၉/၁ စ. ၈ ပိုဒ်. ၁-၂]
၈။ ဒံယေလ ၁၁:၂၀ နဲ့ဆက်စပ်နေတဲ့ မေရှိယနဲ့ပတ်သက်တဲ့ ဘယ်ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံခဲ့သလဲ။ [အောက်. ၁၅၊ dp စ. ၂၃၂-၂၃၃ ပိုဒ်. ၅-၆]
၉။ ဟောရှေ ၄:၁၁ အရ အရက်အလွန်အကျွံသောက်သုံးခြင်းရဲ့ အန္တရာယ်တစ်ခုက ဘာလဲ။ [အောက်. ၂၂၊ က၁၀ ၁/၁ စ. ၄-၅]
၁၀။ ဟောရှေ ၆:၆ ကနေ ကျွန်ုပ်တို့ ဘာသင်ခန်းစာ ယူနိုင်သလဲ။ [အောက်. ၂၂၊ က၀၇ ၉/၁၅ စ. ၁၆ ပိုဒ်. ၈; က၀၅ ၁၁/၁၅ စ. ၂၄ ပိုဒ်. ၁၁-၁၂]