ကြေညာသူများရဲ့ မေးခွန်း
◼ ကျမ်းစာသင်အံမှုဆက်မလုပ်ဖို့ ဘယ်အချိန်မှာ ဆုံးဖြတ်သင့်သလဲ
သင်သားက မတိုးတက်ဘူးဆိုရင် ကျမ်းစာဆက်မသင်တော့ဖို့ လိမ္မာပါးနပ်စွာ သင် ဆုံးဖြတ်နိုင်ပါတယ်။ (မ. ၁၀:၁၁) ဒီအချက်တွေကို သုံးသပ်ပါ– ကျမ်းစာလေ့လာမယ့်အချိန်ကို သူ စောင့်နေတတ်သလား။ လေ့လာမှုအတွက် ကြိုတင်ပြင်ဆင်ထားသလား။ အသင်းတော်အစည်းအဝေးတချို့ကို တက်နေပြီလား။ တခြားသူတွေကို သူသိထားတဲ့အကြောင်းအရာတွေ ပြောပြသလား။ ကျမ်းစာမူတွေအတိုင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေသလား။ အသက်အရွယ်၊ အစွမ်းအစပေါ်မူတည်ပြီး တစ်ဦးနဲ့တစ်ဦး တိုးတက်ပုံချင်းမတူမှန်း သိထားဖို့လိုပါတယ်။ ကျမ်းစာသင်အံမှုဆက်မလုပ်တော့ဘူးဆိုရင်လည်း သင်သား ကျမ်းစာပြန်လေ့လာချင်တဲ့အခါ အချိန်မရွေးကူညီပေးဖို့ အသင့်ရှိကြောင်း ပြောပြထားပါ။—၁ တိ. ၂:၄။