ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၁၂/၁၅ စာ. ၁၅-၁၆
  • ယေဟောဝါရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ကြောင်းပြပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ကြောင်းပြပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကြီးမားဆုံး ရက်ရောမှု
  • “လုပ်ငန်းက ကြီးမား”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ‘ရက်ရောတဲ့သူဟာ ကောင်းချီးခံစားရမယ်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ယေဟောဝါသက်သေတွေရဲ့လုပ်ငန်း ဘယ်ကငွေနဲ့ လည်ပတ်နေသလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • သူတို့ရဲ့ကြွယ်ဝမှုက ချို့တဲ့မှုကိုဖြည့်ဆည်းပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၁၂/၁၅ စာ. ၁၅-၁၆
အမျိုးသမီးတစ်ယောက်ဟာ အီလက်ထရွန်နစ်စက်ထဲ ဘဏ်ကတ် ထည့်သွင်းနေ

ယေဟောဝါရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ကြောင်းပြပါ

ယေဟောဝါဟာ ရက်ရောတဲ့ဘုရားဖြစ်တယ်။ (ယာ. ၁:၁၇) ဖန်ဆင်းရာရှိသမျှကနေ ကိုယ်တော့်ရက်ရောမှုကို သိနိုင်တယ်။ ကိုယ်တော်က ကောင်းကင်ကို ကြယ်တွေနဲ့၊ မြေကြီးကို အပင်တွေနဲ့ လွှမ်းခြုံပေးထားတယ်။—ဆာ. ၆၅:၁၂၊ ၁၃; ၁၄၇:၇၊ ၈; ၁၄၈:၃၊ ၄။

ဆာလံ ၁၀၄ ကိုရေးသားသူဟာ ယေဟောဝါရဲ့ ဖန်ဆင်းရာအားလုံးအတွက် ကျေးဇူးတင်လွန်းလို့ ချီးမွမ်းသီချင်းတစ်ပုဒ် ရေးစပ်ခဲ့တယ်။ အဲဒီကျမ်းကို သင် ဖတ်တဲ့အခါ ဆာလံဆရာနဲ့ ထပ်တူထပ်မျှ ခံစားရသလား။ ‘ယေဟောဝါကို အသက်ထက်ဆုံး ချီးမွမ်းသီချင်းဆိုမယ်။ အသက်ရှင်နေသရွေ့ ဘုရားသခင်ကို ချီးမွမ်းသီချင်းဆိုမယ်’ လို့ သူပြောတယ်။ (ဆာ. ၁၀၄:၃၃၊ ကဘ) သင်ကော အဲဒီလို လုပ်ဆောင်ချင်သလား။

အကြီးမားဆုံး ရက်ရောမှု

ယေဟောဝါဟာ သူ့ရဲ့ရက်ရောမှုကို ကျွန်တော်တို့ကို တုပစေချင်တယ်။ ရက်ရောသင့်တဲ့ အကြောင်းရင်းတွေကိုလည်း ဖော်ပြပေးတယ်။ အခုလိုရေးဖို့ တမန်တော်ပေါလုကို လှုံ့ဆော်ခဲ့တယ်– “လက်ရှိလောကစနစ်တွင် ချမ်းသာကြွယ်ဝသူတို့သည် စိတ်နေမြင့်ခြင်းမရှိရန်လည်းကောင်း၊ မမြဲသောစည်းစိမ်ကို မကိုးစားဘဲ ငါတို့ ပျော်မွေ့နိုင်ရန် အရာခပ်သိမ်းကို ကြွယ်ဝစွာ ပေးသနားတော်မူသော ဘုရားသခင်အား ကိုးစားရန်လည်းကောင်း သူတို့ကို မိန့်မှာလော့။ ကောင်းမှုပြုခြင်း၊ မွန်မြတ်သောအကျင့်၌ ကြွယ်ဝခြင်း၊ ရက်ရောစွာ ပေးကမ်းခြင်း၊ သူတစ်ပါးကို ဝေမျှရန် အသင့်ရှိခြင်း၊ အနာဂတ်အတွက် အုတ်မြစ်ကောင်းဖြစ်သော ဘဏ္ဍာကို မိမိတို့အတွက် သိမ်းဆည်းခြင်းတို့ကို ပြုကြရန်လည်း မိန့်မှာလော့။ သို့ဖြင့် မှန်သောအသက်ကို ခိုင်မြဲစွာ ကိုင်စွဲထားနိုင်ကြမည်။”—၁ တိ. ၆:၁၇-၁၉။

ဘယ်လိုစိတ်ထားမျိုးနဲ့ ပေးကမ်းသင့်သလဲဆိုတာ ကောရိန္သုဒုတိယစာစောင်မှာ ပေါလု အခုလိုရှင်းပြတယ်– “လူတိုင်း မိမိနှလုံး၌ ဆုံးဖြတ်ထားသည့်အတိုင်း လှူပါစေ။ နှမြောတွန့်တိုစိတ်နှင့်လည်းကောင်း၊ မလှူမနေရဟူသော သဘောနှင့်လည်းကောင်း မလှူရ။ အကြောင်းမူကား စေတနာစိတ်နှင့် လှူသောသူကို ဘုရားသခင် နှစ်သက်တော်မူ၏။” (၂ ကော. ၉:၇) ရက်ရောတဲ့ပေးကမ်းမှုကနေ ဘယ်သူတွေ အကျိုးရရှိသလဲ။ လိုအပ်ရာကို ရရှိသူတွေ အကျိုးရသလို ကျွန်တော်တို့လည်း အကျိုးရတယ်။ ကျွန်တော်တို့ကို ယေဟောဝါ ကောင်းချီးပေးမှာမို့လို့ပဲ။—၂ ကော. ၉:၁၁-၁၄။

“ပြော၍မကုန်နိုင်သော ဆုကျေးဇူးတော်အတွက် ဘုရားသခင်၏ကျေးဇူးတော် ကြီးလှပါ၏” လို့ ပြောပြီး ပေါလု နိဂုံးချုပ်ထားတယ်။ ဘုရားသခင့် အကြီးမားဆုံး ရက်ရောမှုကို သူဆိုလိုနေတာဖြစ်တယ်။ (၂ ကော. ၉:၁၅) ယေဟောဝါပေးတဲ့ “ဆုကျေးဇူး” ထဲမှာ ယေရှုခရစ်ကတစ်ဆင့် ပြင်ဆင်ပေးတဲ့ ကောင်းမြတ်တဲ့အရာအားလုံး ပါဝင်တယ်။ အဲဒီဆုကျေးဇူး ဘယ်လောက် အဖိုးတန်တယ်ဆိုတာ စကားလုံးတွေနဲ့တောင် မဖော်ပြနိုင်လောက်အောင်ပါပဲ။

ယေဟောဝါနဲ့ ယေရှု လုပ်ဆောင်ပေးထားတဲ့အရာတွေ၊ လုပ်ဆောင်ပေးဦးမယ့်အရာတွေအတွက် ကျေးဇူးတင်ကြောင်း ကျွန်တော်တို့ ဘယ်လို ဖော်ပြနိုင်သလဲ။ တစ်နည်းကတော့ စင်ကြယ်တဲ့ဝတ်ပြုရေးအတွက် ကျွန်တော်တို့ရဲ့ အချိန်၊ ခွန်အား၊ ဥစ္စာပစ္စည်းတွေကို နည်းများမဆို ရက်ရက်ရောရော ပေးကမ်းခြင်းဖြစ်တယ်။—၅ ရာ. ၂၂:၁၄; ၂၉:၃-၅; လု. ၂၁:၁-၄။

ကမ္ဘာချီလုပ်ငန်းအတွက် တချို့သူတွေ လှူဒါန်းတဲ့နည်းလမ်းများ

ပထမရာစုခရစ်ယာန်တွေလိုပဲ ဒီနေ့ခေတ်မှာလည်း လူများစွာက ကမ္ဘာချီလုပ်ငန်းအတွက် ငွေသီးသန့်ဖယ်ထားပြီး အသင်းတော်မှာရှိတဲ့ အလှူငွေသေတ္တာမှာ ထည့်ကြတယ်။ (၁ ကော. ၁၆:၂) အသင်းတော်တွေက ဒီအလှူငွေတွေကို မိမိတို့နဲ့သက်ဆိုင်တဲ့နိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးကို လစဉ်ပေးပို့ကြတယ်။ သင်လည်း သင့်နိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေတွေ အသုံးပြုတဲ့ တရားဝင်အဖွဲ့အစည်းကို တိုက်ရိုက်ပေးပို့ လှူဒါန်းနိုင်ပါတယ်။ သင့်နိုင်ငံက ယေဟောဝါသက်သေတွေအသုံးပြုတဲ့ တရားဝင်အဖွဲ့အစည်းအမည်ကို သိရှိဖို့အတွက် ကျေးဇူးပြု၍ သင့်နိုင်ငံကိုကြီးကြပ်နေတဲ့ ဌာနခွဲရုံးကို ဆက်သွယ်ပါ။ ဌာနခွဲရုံးရဲ့လိပ်စာကို www.jw.org မှာ တွေ့နိုင်ပါတယ်။ စေတနာအလျောက်ထည့်ဝင်တဲ့ လှူဒါန်းငွေတွေကို ယေဟောဝါသက်သေ (ကင်းမျှော်စင်) အသင်း၊ အမှတ် ၉၄-ခ၊ အင်းယားလမ်း၊ ကမာရွတ်၊ ရန်ကုန်မြို့ ဒါမှမဟုတ် သင့်နိုင်ငံကိုကြီးကြပ်တဲ့ ဌာနခွဲရုံးကို တိုက်ရိုက်ပေးပို့နိုင်ပါတယ်။ စာတိုက်ကနေ ငွေပေးပို့လိုတယ်ဆိုရင် အထက်ပါ ကင်းမျှော်စင်အသင်းလိပ်စာနဲ့ ပေးပို့သင့်တယ်။ ကျောက်မျက်ရတနာနဲ့ တခြားအဖိုးတန်ပစ္စည်းတွေကိုလည်း လှူဒါန်းနိုင်ပါတယ်။ ဒီလိုပေးပို့လှူဒါန်းရာမှာ လုံးလုံးလျားလျား လှူဒါန်းကြောင်းဖော်ပြတဲ့ စာတိုလေးပါ ထည့်ပေးသင့်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ