ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၈၃
  • သွေးဆောင်မှုတွေကို ဘယ်လို တွန်းလှန်နိုင်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သွေးဆောင်မှုတွေကို ဘယ်လို တွန်းလှန်နိုင်သလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိထားသင့်ရာ
  • လုပ်ဆောင်နိုင်ရာ
  • သွေးဆောင်မှုတွေကို တွန်းလှန်နိုင်ပုံ
    နိုးလော့!—၂၀၁၄
  • လူ့အားနည်းချက်အပေါ် အနိုင်ယူခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • သွေးဆောင်မှုတွေကို ငါဘယ်လို တွန်းလှန်နိုင်မလဲ
    နိုးလော့!—၂၀၀၈
  • သွေးဆောင်မှုတွေကို ငါဘယ်လိုတွန်းလှန်နိုင်မလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၈၃
သမီးရည်းစား စုံတွဲ၊ ဖုန်းကြည့်နေတဲ့ ကောင်လေးနှစ်ယောက်၊ ဖြတ်လျှောက်သွားတဲ့ မိန်းကလေးကို တွေ့ပြီး လူငယ်တစ်ယောက် သွေးဆောင်မှု ဖြစ်နေစဉ်

လူငယ်များအမေး

သွေးဆောင်မှုကို ဘယ်လို တွန်းလှန်နိုင်သလဲ

တမန်တော်ပေါလု ဒီလိုရေးခဲ့တယ်– “မှန်တာကို လုပ်ချင်တဲ့အခါ မကောင်းတာလုပ်ချင်စိတ်က ကျွန်တော့်ဆီမှာ ရှိနှင့်နေတယ်။” (ရောမ ၇:၂၁) အဲဒီလို ခံစားဖူးသလား။ ခံစားဖူးရင် မကောင်းတာကို လုပ်ချင်တဲ့စိတ် ပေါ်လာတဲ့အခါ တွန်းလှန်နိုင်အောင် ဒီဆောင်းပါးက ကူညီပေးနိုင်ပါတယ်။

  • သိထားသင့်ရာ

  • လုပ်ဆောင်နိုင်ရာ

  • ရွယ်တူတွေအဆို

သိထားသင့်ရာ

သွေးဆောင်မှုနဲ့ ရွယ်တူချင်းဖိအားက တွဲပြီး လာတတ်တယ်။ “မကောင်းတဲ့ အပေါင်းအသင်းဟာ ကိုယ်ကျင့်တရားကို ပျက်စီးစေတတ်တယ်” လို့ ကျမ်းစာက ဆိုတယ်။ (၁ ကောရိန္သု ၁၅:၃၃၊ အောက်ခြေမှတ်ချက်) တခြားသူတွေ ဒါမှမဟုတ် မီဒီယာရဲ့ ဖိအားကြောင့် သွေးဆောင်မှု ဖြစ်ပေါ်စေတဲ့ စိတ်ဆန္ဒတွေ ပေါ်လာနိုင်တယ်။ အဲဒီလိုနဲ့ “လူအများနောက် လိုက်ပြီး မကောင်းတာ” လုပ်မိသွားနိုင်တယ်။—ထွက်မြောက်ရာ ၂၃:၂။

“ဖိအားတွေက နှစ်သက်စရာ၊ လက်ခံချင်စရာ ကောင်းတယ်။ လူတွေရဲ့ သဘောကျလက်ခံမှုကို ရချင်တာနဲ့ပဲ သူတို့လုပ်သလို လုပ်မိသွားနိုင်တယ်။”—ဂျေရမီ။

စဉ်းစားကြည့်ပါ။ တခြားသူတွေ ကိုယ့်ကို ဘယ်လို ထင်သွားမလဲဆိုတာကို အာရုံစိုက်လွန်းရင် သွေးဆောင်မှုက ဘာကြောင့် ပိုပြင်းထန်နိုင်သလဲ။—ပညာအလိမ္မာ ၂၉:၂၅။

အဓိကအချက်။ ရွယ်တူတွေရဲ့ ဖိအားကြောင့် ကိုယ့်စံနှုန်းတွေကို အလျှော့ပေးလိုက်တဲ့အထိ သွေးဆောင်မခံပါနဲ့။

လုပ်ဆောင်နိုင်ရာ

ကိုယ့်ခံယူချက်တွေကို သိထားပါ။ ကိုယ် ဘာကို ယုံကြည်လက်ခံသလဲဆိုတာ မသိထားရင် တခြားသူတွေ ကြိုးဆွဲတိုင်းကတဲ့ ရုပ်သေးရုပ် ဖြစ်သွားပါလိမ့်မယ်။ “အရာရာကို မှန်မမှန် အသေအချာ စစ်ဆေးပါ။ ပြီးတဲ့နောက် ကောင်းမွန်ရာကို စွဲကိုင်ထားပါ” ဆိုတဲ့ ကျမ်းစာသတိပေးချက်ကို လိုက်နာတာက ပိုအကျိုးရှိပါတယ်။ (၁ သက်သာလောနိတ် ၅:၂၁) ကိုယ့်ခံယူချက်ကို ကောင်းကောင်းသိထားရင် ကိုယ့်ခံယူချက်အတိုင်း မားမားမတ်မတ် ရပ်တည်နိုင်မယ်။ သွေးဆောင်မှုကို တွန်းလှန်နိုင်မယ်။

စဉ်းစားကြည့်ပါ။ ဘုရားချမှတ်ထားတဲ့ စံနှုန်းတွေက ကောင်းကျိုးပြုကြောင်း ဘာကြောင့် ယုံကြည်စိတ်ချသလဲ။

“ကိုယ့်ယုံကြည်ချက်အတိုင်း နေထိုင်ပြီး သွေးဆောင်မှုတွေကို အလျှော့မပေးတဲ့အခါ တခြားသူတွေက ကျွန်မကို ပိုလေးစားလာတာ တွေ့ရတယ်။”—ကင်ဘာလေ။

ကျမ်းစာ စံနမူနာ။ ဒံယေလ။ ဒံယေလဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ဘုရားပညတ်တွေကို လိုက်နာမယ်ဆိုပြီး “စိတ်ပိုင်းဖြတ်ထားတယ်။”—ဒံယေလ ၁:၈။

ရုပ်သေးရုပ်လို ထိန်းချုပ်ဖို့အတွက် လူငယ်တစ်ယောက်ကို ကြိုးတွေနဲ့ ချည်ထားစဉ်

ကိုယ် ဘာကို ယုံကြည်လက်ခံသလဲဆိုတာ မသိထားရင် တခြားသူတွေ ကြိုးဆွဲတိုင်းကတဲ့ ရုပ်သေးရုပ် ဖြစ်သွားပါလိမ့်မယ်

ကိုယ့်အားနည်းချက်ကို သိပါ။ “လူငယ်တွေမှာဖြစ်တတ်တဲ့ အလိုဆန္ဒတွေ၊” အထူးသဖြင့် လူငယ်အရွယ်မှာ ပြင်းပြတတ်တဲ့ ဆန္ဒတွေအကြောင်း ကျမ်းစာမှာ ပြောထားတယ်။ (၂ တိမောသေ ၂:၂၂) လိင်ဆန္ဒလောက်ပဲ မဟုတ်ဘူး။ လူရာဝင်၊ လူပေါင်းဆန့်ချင်တဲ့ ဆန္ဒ၊ အချုပ်အနှောင်မရှိ လွတ်လွတ်လပ်လပ် နေချင်တဲ့ ဆန္ဒတွေလည်း ပါဝင်တယ်။

စဉ်းစားကြည့်ပါ။ “ကိုယ့်အလိုဆန္ဒရဲ့ ဆွဲငင်ဖြားယောင်းမှုကို ခံရတာကသာ လူတိုင်းအတွက် စမ်းသပ်မှုပါ” ဆိုပြီး ကျမ်းစာက ဆိုတယ်။ (ယာကုပ် ၁:၁၄) သင်အဖြစ်ချင်ဆုံး အလိုဆန္ဒက ဘာလဲ။

“ကိုယ့်အတွက် သွေးဆောင်မှုအဖြစ်ဆုံးက ဘာလဲဆိုတာ ရိုးရိုးသားသား ဆန်းစစ်ပါ။ ဒီသွေးဆောင်မှုကို တွန်းလှန်နိုင်ပုံကိုလည်း လေ့လာထားပါ။ အသုံးဝင်တဲ့ အချက်တွေ ချရေးထားပါ။ ဒါဆိုရင် သွေးဆောင်ခံရတဲ့အခါ တွန်းလှန်နိုင်ပါလိမ့်မယ်။”—စဲလ်ဗီယာ။

ကျမ်းစာ စံနမူနာ။ ဒါဝိဒ်။ ဒါဝိဒ်ဟာ တခြားသူတွေ ဖိအားပေးလို့ လုပ်ခဲ့တာမျိုး ရှိသလို ကိုယ့်စိတ်အလိုဆန္ဒကြောင့် လုပ်ခဲ့မိတာလည်း ရှိတယ်။ ဒါပေမဲ့ အမှားကနေ သင်ခန်းစာယူပြီး ဆက်မမှားအောင် ကြိုးစားခဲ့တယ်။ “ကျွန်တော့်ရင်ထဲမှာ စင်ကြယ်တဲ့စိတ်နှလုံးကို ဖန်ဆင်းပေးပါ။ မယိမ်းယိုင်တတ်တဲ့ စိတ်သဘောအသစ်ကို ထည့်သွင်းပေးပါ” ဆိုပြီး ယေဟောဝါဘုရားထံ ဆုတောင်းခဲ့တယ်။—ဆာလံ ၅၁:၁၀။

ချုပ်တည်းပါ။ “အဆိုးနဲ့ တုံ့ပြန်ပြီး အရှုံးမခံပါနဲ့” လို့ ကျမ်းစာက ဆိုတယ်။ (ရောမ ၁၂:၂၁) ဒါကြောင့် သွေးဆောင်မှုရဲ့ သားကောင် ဖြစ်စရာမလိုပါဘူး။ မှန်တာလုပ်ဖို့ ရွေးချယ်နိုင်ပါတယ်။

စဉ်းစားကြည့်ပါ။ မှားတာ လုပ်ဖို့ သွေးဆောင်ခံရတဲ့အခါ မှန်တာကိုပဲ လုပ်ဖြစ်အောင် ဘယ်လို ချုပ်တည်းနိုင်သလဲ။

“သွေးဆောင်ခံရတဲ့အတိုင်း လုပ်လိုက်ရင် ဘာအကျိုးဆက်ဖြစ်မလဲလို့ စဉ်းစားတယ်။ စိတ်သက်သာရာ ရမလား။ ခဏတဖြုတ်တော့ ရနိုင်ပါတယ်။ ရေရှည်ကော။ ရေရှည်မှာတော့ စိတ်ဆင်းရဲနေနိုင်တယ်။ ဒါကြောင့် သွေးဆောင်မှုအတိုင်း လိုက်လုပ်ဖို့ မတန်ဘူး။”—ဆိုဖီယာ။

ကျမ်းစာ စံနမူနာ။ ပေါလု။ ပေါလုဟာ မကောင်းတာကို လုပ်ချင်တဲ့ ဆန္ဒရှိတယ်လို့ ဝန်ခံခဲ့ပေမဲ့ ချုပ်တည်းခဲ့တယ်။ “ကျွန်တော့်ကိုယ်ခန္ဓာကို ဆုံးမပြီး၊ ကြပ်မတ်ပြီး ကျွန်တစ်ယောက်လိုဖြစ်အောင် ထိန်းချုပ်ထားတယ်” လို့ ရေးခဲ့တယ်။—၁ ကောရိန္သု ၉:၂၇၊ အောက်ခြေမှတ်ချက်။

အဓိကအချက်။ သွေးဆောင်မှုကို ဘယ်လို ဖြေရှင်းမလဲဆိုတာ ဆုံးဖြတ်ရမယ့်သူက သင်ကိုယ်တိုင်ပါပဲ။

သွေးဆောင်မှုတွေဟာ ခဏယာယီပဲဆိုတာ သတိရပါ။ အသက် ၂၀ အရွယ် မီလီဆာ ဒီလိုပြောတယ်– “အထက်တန်းကျောင်း တက်တုန်းက သွေးဆောင်မှုကြီးလို့ ယူမှတ်ခဲ့တာတွေဟာ အခုအချိန်မှာ ဘာမှ မဟုတ်တော့ဘူး။ ဒါကို သိထားတော့ အခုလောလောဆယ် ကြုံနေရတဲ့ သွေးဆောင်မှုတွေကို ကျော်လွှားနိုင်တယ်လို့ ယုံကြည်စိတ်ချတယ်။ နောက်ပိုင်း နောက်ကြောင်းပြန်ကြည့်ခဲ့ရင် သွေးဆောင်မှုတွေကို တွန်းလှန်ခဲ့လို့ ငါ့ဘဝ ဒီလိုကောင်းမွန်နေတာလို့ ပြောနိုင်မှာ။”

ရွယ်တူတွေအဆို

အိုလီဗီယာ

“ဆုံးဖြတ်ထားပြီး ဆုံးဖြတ်ချက်အတိုင်း သတ္တိရှိရှိ လုပ်မယ်ဆိုရင် သွေးဆောင်မှုကို တွန်းလှန်နိုင်မယ်။ ဥပမာ၊ မလုပ်ဖို့ ဆုံးဖြတ်ထားပြီးပြီဆိုရင် ဆုံးဖြတ်ချက်ကို မပြင်တော့ဘူး။ ပြန်စဉ်းစားတာလည်း မလုပ်ဘူး။ တခြားသူတိုက်တွန်းလည်း မလုပ်တော့ဘူး။”—အိုလီဗီယာ။

ဂျဲရက်

“ဆယ်ကျော်သက်တွေဟာ ပါတီပွဲ တက်ဖို့၊ ပါတီပွဲမှာ အရက်သောက်၊ မူးယစ်ဆေးသုံး၊ လိင်ဆက်ဆံဖို့ ဖိအားပေးခံရကြတယ်။ ဖိအားပေးခံရမှုတွေအကြောင်း မိဘတွေကို ပွင့်ပွင့်လင်းလင်း ပြောပြတာက တကယ် အထောက်အကူပြုတယ်။ အားလပ်ချိန်တွေမှာ လုပ်စရာအလုပ်ရှိနေတာက မှားတာလုပ်ဖို့ သွေးဆောင်မခံရအောင် ရှောင်နိုင်စေတယ်။”—ဂျဲရက်။

မေယန်

“တခြားသူတွေက အမှားလို့ မသတ်မှတ်ပေမဲ့ မကောင်းဘူးလို့ ကျွန်မ သတ်မှတ်ထားတဲ့ ဖျော်ဖြေမှုတွေ ရွေးချယ်တဲ့အခါတွေဆို ငြင်းဖို့ အခက်ဆုံးပါပဲ။ အဲဒီလို သွေးဆောင်မှုတွေကို တွန်းလှန်ဖို့ ကိုယ့်ခံယူချက်ကို ကောင်းကောင်း သိထားရမယ်။ အချိန်နဲ့ အတွေ့အကြုံရှိဖို့ လိုတယ်။”—မေယန်။

ဂျူလီယန်

“သွေးဆောင်မှု ကြုံရတဲ့အခါ ကိုယ်တိုင် ရိုးသားရမယ်။ အင်တာနက်မှာ ဘယ်နေရာက သွေးဆောင်မှု အဖြစ်ဆုံးလဲ၊ အကျင့်ပျက်အရာတွေ အများဆုံးလဲဆိုတာ သိထားရမယ်။ ကြုံလာခဲ့မယ်ဆိုရင်လည်း ဘယ်လို တုံ့ပြန်မယ်ဆိုတာ ဆုံးဖြတ်ထားရမယ်။ သွေးဆောင်မှု ထောင်ချောက်ထဲ မကျအောင် ကြိုတင်စီစဉ်ထားဖို့ လိုတယ်။”—ဂျူလီယန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ