ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၆၄
  • ရုပ်တု၊ ရုပ်ပုံတွေကို ဝတ်ပြုကိုးကွယ်သင့်သလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရုပ်တု၊ ရုပ်ပုံတွေကို ဝတ်ပြုကိုးကွယ်သင့်သလား
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • ရုပ်ပုံတော်များ
    နိုးလော့!—၂၀၁၄
  • သွန်သင်ချက်အမှား ၆– ဝတ်ပြုရေးတွင် ပုံများနှင့် အိုင်ကောန်များ အသုံးပြုခြင်းကို ဘုရားသခင် နှစ်သက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ရုပ်တု၊ ရုပ်ပုံတွေကို ဝတ်ပြုကိုးကွယ်ခြင်း​—⁠သမ္မာကျမ်းစာ အဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ဘုရားသခင် နှစ်သက်တဲ့ ဝတ်ပြုကိုးကွယ်မှု
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၆၄

ရုပ်တု၊ ရုပ်ပုံတွေကို ဝတ်ပြုကိုးကွယ်သင့်သလား

သမ္မာကျမ်းစာဖြေဆိုရာ

ရုပ်တု၊ ရုပ်ပုံတွေကို မကိုးကွယ်သင့်ပါဘူး။ အစ္စရေးလူမျိုးတွေကို ဘုရားသခင်ပေးတဲ့ ပညတ်နဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ်မှာ ဒီလိုဖော်ပြထားတယ်- “ကျမ်းဆိုင်ရာအထောက်အထားတွေအရ စစ်မှန်တဲ့ ဘုရားကို ဝတ်ပြုကိုးကွယ်သူတွေဟာ ရုပ်တု၊ ရုပ်ပုံတွေကို အသုံးမပြုကြဘူး။” (the New Catholic Encyclopedia) အောက်ပါကျမ်းချက်တွေကို သုံးသပ်ကြည့်ပါ။

  • “အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဖို့မလုပ်နှင့်။ ဦးမချဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သင်၌အပြစ်ရှိသည်ဟုယုံလွယ် [“အကြွင်းမဲ့ဆည်းကပ်မှုကို တောင်းဆို၊” ကဘ] သောဘုရား” ဖြစ်၏။ (ထွက်မြောက်ရာ ၂၀:၄၊ ၅) ဘုရားသခင်က “အကြွင်းမဲ့ဆည်းကပ်မှုကို တောင်းဆိုတဲ့ဘုရား” ဖြစ်တဲ့အတွက် ရုပ်ပုံတွေ၊ ရုပ်တုတွေ၊ အမှတ်သင်္ကေတတွေကို ဝတ်ပြုကိုးကွယ်တာ ကိုယ်တော်မနှစ်သက်ဘူး။

  • “ငါ့အသရေ [“ငါရထိုက်တဲ့ချီးမွမ်းခြင်း၊” ကဘ] ကို ရုပ်တုဆင်းတုတို့အားလည်းကောင်း ငါမပေး။” (ဟေရှာယ ၄၂:၈) ဘုရားသခင်က ရုပ်တု၊ ရုပ်ပုံတွေကတစ်ဆင့် ကိုးကွယ်တာကို လက်မခံပါဘူး။ အစ္စရေးလူမျိုးတချို့က ရွှေနွားရုပ်သုံးပြီး ဝတ်ပြုကိုးကွယ်ဖို့ကြိုးစားတဲ့အခါ ဘုရားသခင်က “ငါ့ကိုစွန့်ပယ်ကြပြီ” လို့ ပြောခဲ့တယ်။—ထွက်မြောက်ရာ ၃၂:၇-၉၊ ခမ။

  • “ငါတို့သည် ဘုရားသခင်၏အနွယ်တော် ဖြစ်ကြသည့်အတိုင်း ဘုရားသခင်သည် လူတို့ကြံဖန်ထုလုပ်သော ရွှေရုပ်တု၊ ငွေရုပ်တု၊ ကျောက်ရုပ်တုတို့နှင့် တူတော်မူသည်ဟု ငါတို့မထင်မမှတ်သင့်။” (တမန်တော် ၁၇:၂၉) အယူမှားဝတ်ပြုကိုးကွယ်မှုမှာတော့ “လူတို့ကြံဖန်ထုလုပ်သော” ရုပ်တုတွေကို အသုံးပြုကြတယ်။ ခရစ်ယာန်တွေကတော့ ကျမ်းစာမှာ ပြောထားတဲ့အတိုင်း “အမြင်အားဖြင့် မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် လျှောက်လှမ်းနေ” ဖို့အရေးကြီးတယ်။—၂ ကောရိန္သု ၅:၇။

  • “ရုပ်တုဆင်းတုကို ကြဉ်ရှောင်ကြလော့။” (၁ ယောဟန် ၅:၂၁) ဝတ်ပြုကိုးကွယ်မှုမှာ ရုပ်ပုံရုပ်တုတွေသုံးတာကို ဘုရားလက်မခံဘူးဆိုတာ ရှေးအစ္စရေးလူမျိုးနဲ့ ခရစ်ယာန်တွေကို ပေးခဲ့တဲ့ပညတ်တွေမှာ အစဉ်တစိုက်နဲ့ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ