ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၂၃
  • ဘုရားသခင့်နိုင်ငံတော်က ဘာတွေလုပ်ပေးမလဲ။

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်နိုင်ငံတော်က ဘာတွေလုပ်ပေးမလဲ။
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • ဘုရားသခင့်နိုင်ငံတော်က ဘာတွေ လုပ်ဆောင်ပေးမလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
  • ဘုရားသခင့်နိုင်ငံတော်
    နိုးလော့!—၂၀၁၃
  • ပရဒိသုကမ္ဘာတွင် ထာဝစဉ်အသက်ရှင်လေ
    ဘဝ ရည်ရွယ်ချက်ကား အဘယ်နည်း ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း
  • အာမဂေဒုန်အပြီး၊ ပရဒိသု မြေကြီးတစ်ခု
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၂၃
ပရဒိသုမြင်ကွင်း

ဘုရားသခင့်နိုင်ငံတော်က ဘာတွေလုပ်ပေးမလဲ။

သမ္မာကျမ်းစာဖြေဆိုရာ

ဘုရားသခင့်နိုင်ငံတော်က လူ့အစိုးရအားလုံးကို ဖယ်ရှားပစ်မှာဖြစ်ပြီး ကမ္ဘာတစ်ခွင်ကို အုပ်ချုပ်ပါလိမ့်မယ်။ (ဒံယေလ ၂:၄၄၊ ၄၅) အဲဒီအချိန်ကျရင် ဘုရားသခင့်နိုင်ငံတော်က . . .

  • တစ်ကိုယ်ကောင်းစိတ်အပြည့်နဲ့ လူတွေကို ဒုက္ခပေးနေတဲ့ ဆိုးယုတ်သူတွေကို ဖယ်ရှားပစ်မယ်။ “ဆိုးသောသူတို့မူကား ပြည်တော်မှပယ်ရှားခြင်း” ခံရမယ်။—သုတ္တံ ၂:၂၂။

  • စစ်ကို ပပျောက်စေမယ်။ ဘုရားသခင်သည် “မြေကြီးစွန်းတိုင်အောင် စစ်မှုကိုငြိမ်းစေတော်မူ[မည်။]”—ဆာလံ ၄၆:၉။

  • မြေကြီးကို သာယာဝပြောစေမယ်၊ ဘေးအန္တရာယ်ကင်းရှင်းစေမယ်။ “လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ။”—မိက္ခာ ၄:၄။

  • မြေကြီးကို ပရဒိသုဥယျာဉ်ဖြစ်စေမယ်။ “ကန္တာရသည် ရွှင်မြူးလိမ့်မည်။ မြေရိုင်းများတွင်လည်း ပန်းများပွင့်လိမ့်မည်။”—ဟေရှာယ ၃၅:၁၊ ၂၊ ခမ။

  • လူတိုင်းမှာ ပျော်ရွှင်ကျေနပ်စေပြီး အကျိုးရှိတဲ့ အလုပ်အကိုင်ရှိစေမယ်။ “သူတို့သည် မိမိတို့လုပ်အား၏အကျိုးကျေးဇူးကို အပြည့်အ၀ခံစားရကြလိမ့်မည်။ သူတို့ဆောင်ရွက်သည့်အလုပ်သည် အောင်မြင်[မည်။]”—ဟေရှာယ ၆၅:၂၁-၂၃၊ ခမ။

  • ရောဂါအားလုံးကို ဖယ်ရှားပစ်မယ်။ “မြို့သားကလည်း ငါနာသည်ဟုမဆိုရ။”—ဟေရှာယ ၃၃:၂၄။

  • ကျွန်ုပ်တို့ကို အိုမင်းခြင်းမရှိအောင် လုပ်ပေးမယ်။ “ထိုသူသည် သူငယ်ထက် အသားအရေနုဖတ်၍ ပျိုသောအရွယ်နှင့် တစ်ဖန်ပြည့်စုံလိမ့်မည်။”—ယောဘ ၃၃:၂၅၊ သမ္မာ။

  • သေဆုံးသွားသူတွေကို အသက်ပြန်ရှင်စေမယ်။ “သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် သားတော်[ယေရှု]၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လိမ့်မည်။”—ယောဟန် ၅:၂၈၊ ၂၉။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ