ကမ္ဘာဦး
၄၂ အီဂျစ်ပြည်မှာ ကောက်နှံတွေရှိတယ်ဆိုတာ+ ယာကုပ်ကြားတော့ “မင်းတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတာလဲ။ ၂ အီဂျစ်ပြည်မှာ ကောက်နှံတွေရှိတယ်လို့ ကြားတယ်။ ငါတို့အသက်ဆက်ရှင်နိုင်ဖို့ အဲဒီကိုသွားပြီး ဝယ်လာခဲ့ကြ” လို့သားတွေကို ပြောတယ်။+ ၃ ဒါနဲ့ ယောသပ်ရဲ့အစ်ကို ဆယ်ယောက်က+ ကောက်နှံဝယ်ဖို့ အီဂျစ်ပြည်ကို ဆင်းသွားကြတယ်။ ၄ ယောသပ်ရဲ့ညီ ဗင်ယာမိန်ကိုတော့ ယာကုပ်က “အသက်အန္တရာယ်ကြုံမှာ စိုးတယ်”+ ဆိုပြီး အစ်ကိုတွေနဲ့အတူ မလွှတ်ဘူး။+
၅ ခါနန်ပြည်မှာလည်း အငတ်ဘေး ကြုံနေရတဲ့အတွက် အစ္စရေးရဲ့သားတွေဟာ အစားအစာ လာဝယ်သူတွေနဲ့အတူ အီဂျစ်ပြည်ကို ရောက်လာကြတယ်။+ ၆ ယောသပ်ဟာ အီဂျစ်ပြည်မှာ အခွင့်အာဏာရှိသူ၊+ အရပ်ရပ်ကလာတဲ့လူတွေကို ကောက်နှံရောင်းပေးသူ ဖြစ်တယ်။+ ဒါကြောင့် အစ်ကိုတွေက ယောသပ်ဆီလာပြီး ဦးညွှတ်ကြတယ်။+ ၇ ယောသပ်က အစ်ကိုတွေကို ချက်ချင်းမှတ်မိပေမဲ့ သူဘယ်သူလဲဆိုတာ အသိမပေးဘူး။+ “မင်းတို့ ဘယ်ကလာတာလဲ” ဆိုပြီး ခပ်ထန်ထန်မေးတော့ “အစားအစာဝယ်ဖို့ ခါနန်ပြည်က လာကြတာပါ”+ လို့ပြန်ဖြေတယ်။
၈ ယောသပ်က မှတ်မိပေမဲ့ အစ်ကိုတွေကတော့ သူ့ကို မမှတ်မိကြဘူး။ ၉ ယောသပ်လည်း သူတို့နဲ့ပတ်သက်ပြီး မက်ခဲ့တဲ့အိပ်မက်တွေကို ချက်ချင်းသတိရသွားတယ်။+ ဒါနဲ့ “မင်းတို့ဟာ သူလျှိုတွေ။ တိုင်းပြည်ရဲ့အားနည်းချက်ကို လာထောက်လှမ်းကြတာ” လို့စွပ်စွဲတယ်။ ၁၀ သူတို့က “မဟုတ်ရပါဘူး သခင်။ ကျွန်တော်တို့ စားစရာ လာဝယ်တာပါ။ ၁၁ ကျွန်တော်တို့အားလုံးဟာ ဖခင်တစ်ဦးတည်းကနေ မွေးလာသူတွေပါ။ လူရိုးလူကောင်းတွေပါ။ သူလျှိုတွေ မဟုတ်ရပါဘူး” လို့ပြောတယ်။ ၁၂ ယောသပ်က “မဖြစ်နိုင်ဘူး။ မင်းတို့က တိုင်းပြည်ရဲ့အားနည်းချက်ကို လာထောက်လှမ်းတာပဲ” ဆိုပြီးပြောတယ်။ ၁၃ သူတို့က “ကျွန်တော်တို့မှာ ညီအစ်ကို ၁၂ ယောက် ရှိပါတယ်။+ ခါနန်ပြည်မှာနေတဲ့ ဖခင်တစ်ဦးတည်းရဲ့ သားတွေပါ။+ အငယ်ဆုံးက အဖေနဲ့နေရစ်ခဲ့ပါတယ်။+ ညီတစ်ယောက်ကတော့ မရှိတော့ပါဘူး”+ လို့ပြောကြတယ်။
၁၄ ဒါပေမဲ့ ယောသပ်က “ငါပြောပြီးပြီပဲ။ မင်းတို့ဟာ သူလျှိုတွေပါ။ ၁၅ မင်းတို့ပြောတာ မှန်မမှန် ငါစစ်ဆေးမယ်။ အသက်ရှင်နေတဲ့ ဖာရောမင်းကို တိုင်တည်ပြီး ငါပြောမယ်။ ညီအငယ်ဆုံး ဒီကိုမလာမချင်း မင်းတို့ ဒီနေရာကနေ မထွက်သွားရဘူး။+ ၁၆ မင်းတို့ထဲကတစ်ယောက်က အဲဒီညီလေးကို သွားခေါ်။ ကျန်တဲ့သူတွေအားလုံး အချုပ်ထဲမှာ နေခဲ့။ ဒါမှ မင်းတို့ပြောတာ မှန်မမှန်သိနိုင်မယ်။ မဟုတ်လို့ကတော့ အသက်ရှင်နေတဲ့ ဖာရောမင်းကို တိုင်တည်ပြီး ငါပြောမယ်၊ မင်းတို့ဟာ သူလျှိုတွေပဲ” လို့ပြောပြီး၊ ၁၇ သူတို့ကို အချုပ်ထဲမှာ သုံးရက်ချုပ်ထားလိုက်တယ်။
၁၈ သုံးရက်မြောက်နေ့မှာ ယောသပ်က “ငါဟာ ဘုရားသခင်ကို ကြောက်ရွံ့သူပါ။ မင်းတို့အသက်ချမ်းသာရချင်ရင် ငါပြောသလို လုပ်ကြ။ ၁၉ မင်းတို့က လူရိုးလူကောင်းတွေမှန်ရင် အချုပ်ခန်းထဲမှာ တစ်ယောက်ပဲ နေခဲ့။ ကျန်တဲ့သူတွေက အိမ်သားတွေ အငတ်ဘေးကလွတ်ဖို့ ကောက်နှံတွေ ယူသွားကြ။+ ၂၀ ညီအငယ်ဆုံးကို ငါ့ဆီ ခေါ်လာမယ်ဆိုရင် မင်းတို့စကား မှန်မယ်။ မင်းတို့လည်း အသက်ချမ်းသာရမယ်” လို့ပြောတယ်။ သူတို့လည်း လက်ခံရတော့တယ်။
၂၁ သူတို့က “ညီလေးကို လုပ်ခဲ့တာတွေကြောင့် ငါတို့ပြန်ခံနေရတာပဲ။+ သူစိတ်ထိခိုက်ပြီး သနားပါလို့ တောင်းပန်တာကို ငါတို့မြင်လျက်နဲ့ နားမထောင်ခဲ့ဘူးလေ။ ဒါကြောင့် ငါတို့ အခုလို ဒုက္ခရောက်နေတာ” လို့ အချင်းချင်းပြောကြတယ်။ ၂၂ ရုဗင်ကလည်း “‘ညီလေးကို ဒုက္ခမပေးနဲ့’ လို့ငါပြောခဲ့သားပဲ။ မင်းတို့မှ နားမထောင်တာ။+ သူ့ကိုလုပ်ခဲ့လို့ အခု ငါတို့ ပြန်ခံနေရပြီ”*+ လို့ပြောတယ်။ ၂၃ ယောသပ်က စကားပြန်နဲ့ပြောတဲ့အတွက် သူတို့ပြောတာကို ယောသပ်နားလည်မှန်း မသိကြဘူး။ ၂၄ ယောသပ်လည်း သူတို့ဆီကနေ ထွက်သွားပြီး ငိုတော့တယ်။+ နောက်တော့မှ ပြန်လာပြီး ရှိမောင်ကို သူတို့ရှေ့မှာ ဖမ်းချုပ်လိုက်တယ်။+ ၂၅ သူတို့ယောက်တိုင်းရဲ့အိတ်ထဲမှာ ကောက်နှံဖြည့်ပေးဖို့၊ ငွေပြန်ထည့်ပေးဖို့၊ လမ်းခရီးအတွက် ရိက္ခာတွေလည်း ထည့်ပေးလိုက်ဖို့ ယောသပ်အမိန့်ပေးတော့ အဲဒီအတိုင်း လုပ်ပေးကြတယ်။
၂၆ သူတို့လည်း ကောက်နှံအိတ်တွေကို မြည်းပေါ်တင်ပြီး ထွက်သွားကြတယ်။ ၂၇ တည်းခိုတဲ့နေရာရောက်တော့ တစ်ယောက်က မြည်းကို အစာကျွေးဖို့ အိတ်ဖွင့်လိုက်တဲ့အခါ ငွေတွေကို တွေ့လိုက်ရတယ်။ ၂၈ ဒါနဲ့ သူက “ဟာ၊ ငါ့ငွေတွေ အိတ်ထဲ ရောက်နေပါလား” လို့ ညီအစ်ကိုတွေကို ပြောတော့ သူတို့လည်း လန့်ဖျပ်သွားပြီး “ဘုရားသခင် ငါတို့ကို ဘာလို့ အခုလို ဒဏ်ခတ်ပါလိမ့်” ဆိုပြီး အချင်းချင်းပြောကြတယ်။
၂၉ သူတို့က ခါနန်ပြည်မှာရှိတဲ့ ဖခင်ယာကုပ်ဆီ ပြန်ရောက်တဲ့အခါ အကြောင်းစုံ ပြောပြတယ်။ ၃၀ “အဲဒီတိုင်းပြည်အုပ်ချုပ်သူက ကျွန်တော်တို့ကို ခပ်ထန်ထန်ပြောပြီး+ တိုင်းပြည်ကို လာထောက်လှမ်းတဲ့ သူလျှိုတွေလို့ စွပ်စွဲတယ်။ ၃၁ ဒါပေမဲ့ ‘ကျွန်တော်တို့ဟာ လူရိုးလူကောင်းတွေပါ။ သူလျှိုတွေ မဟုတ်ရပါဘူး။+ ၃၂ ဖခင်တစ်ယောက်တည်းရဲ့ သားတွေပါ။ ညီအစ်ကို ၁၂ ယောက် ရှိပါတယ်။+ တစ်ယောက်က မရှိတော့ပါဘူး။+ အငယ်ဆုံးကတော့ အခု ခါနန်ပြည်မှာ အဖေနဲ့နေရစ်ခဲ့ပါတယ်’+ လို့ကျွန်တော်တို့ ရှင်းပြတယ်။ ၃၃ အဲဒီအခါ တိုင်းပြည်အုပ်ချုပ်သူက ‘မင်းတို့သာ လူရိုးလူကောင်းတွေမှန်ရင် ငါနဲ့ တစ်ယောက်နေခဲ့။+ ကျန်တဲ့သူတွေက အိမ်သားတွေ အငတ်ဘေးကလွတ်ဖို့ စားစရာ ယူသွားကြ။+ ၃၄ ညီအငယ်ဆုံးကို ငါ့ဆီ ခေါ်လာခဲ့။ ဒါမှ မင်းတို့က သူလျှိုတွေမဟုတ်ဘဲ လူရိုးလူကောင်းတွေမှန်း ငါသိနိုင်မယ်။ အဲဒီအခါကျမှ နေခဲ့တဲ့တစ်ယောက်ကို ငါပြန်လွှတ်ပေးမယ်။ မင်းတို့လည်း ဒီတိုင်းပြည်မှာ လိုအပ်တာတွေ ဝယ်ခွင့်ရမယ်’ လို့ပြောလိုက်ပါတယ်။”
၃၅ အဲဒီနောက် အိတ်တွေသွန်ချလိုက်တော့ အိတ်တိုင်းမှာ ငွေထုပ်ရှိနေတယ်။ အဲဒီငွေထုပ်တွေကို သူတို့သားအဖတွေ မြင်တဲ့အခါ ကြောက်လန့်လာကြတယ်။ ၃၆ ယာကုပ်ကလည်း “ငါ့ကို သားတွေနဲ့ တစ်ကွဲတစ်ပြားစီ ဖြစ်အောင် မင်းတို့လုပ်ကြပြီ။+ ယောသပ် မရှိတော့ဘူး။+ ရှိမောင်လည်း မရှိတော့ဘူး။+ အခု ဗင်ယာမိန်ကိုပါ ခေါ်သွားကြဦးမယ်။ ငါ့ကျမှ ဒီလိုအဖြစ်ဆိုးတွေ ဘာလို့ကြုံနေရပါလိမ့်” လို့ ညည်းတော့တယ်။ ၃၇ ရုဗင်က “ဗင်ယာမိန်ကို ပြန်မခေါ်လာနိုင်ခဲ့ရင် ကျွန်တော့်သားနှစ်ယောက်ကို သတ်လိုက်ပါ။+ ဗင်ယာမိန်ကိုတော့ ကျွန်တော်နဲ့ထည့်ပေးလိုက်ပါ။ အဖေ့ဆီ ဆက်ဆက်ပြန်ခေါ်လာပါ့မယ်”+ ဆိုပြီးပြောတယ်။ ၃၈ ဒါပေမဲ့ ယာကုပ်က “ငါ့သားကို မခေါ်သွားရဘူး။ သူ့အစ်ကိုလည်း သေပြီ။ သူတစ်ယောက်ပဲ ကျန်တယ်။+ သူသာ လမ်းမှာ အသက်အန္တရာယ်ကြုံရရင် ဆံဖြူနေတဲ့ငါ့ကို မင်းတို့ ရင်ကွဲအောင်လုပ်ပြီး သင်္ချိုင်း*+ ကိုပို့တာပဲ”+ လို့ပြောတယ်။