ကမ္ဘာဦး
၅ အာဒံရဲ့ သမိုင်းမှတ်တမ်းကတော့– ဘုရားသခင်က အာဒံကို ဖန်ဆင်းတဲ့နေ့မှာ မိမိနဲ့တူအောင် ဖန်ဆင်းတယ်။+ ၂ ယောက်ျားနဲ့ မိန်းမကို ဖန်ဆင်းတယ်။+ ဖန်ဆင်းတဲ့နေ့မှာ+ သူတို့ကို ကောင်းချီးပေးပြီး “လူ” ဆိုတဲ့ နာမည်ပေးလိုက်တယ်။
၃ အာဒံဟာ အသက် ၁၃၀ မှာ သူနဲ့တူတဲ့ သားတစ်ယောက် ရတယ်။ အဲဒီသားကို ရှေသလို့+ နာမည်ပေးတယ်။ ၄ ရှေသကို ရပြီးနောက် အနှစ် ၈၀၀ အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ ၅ အသက် ၉၃၀ မှာ အာဒံ သေဆုံးသွားတယ်။+
၆ ရှေသဟာ အသက် ၁၀၅ နှစ်မှာ သားဧနုတ်ကို+ ရတယ်။ ၇ ဧနုတ်ကို ရပြီးနောက် ၈၀၇ နှစ် အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ ၈ အသက် ၉၁၂ နှစ်မှာ ရှေသ သေဆုံးသွားတယ်။
၉ ဧနုတ်ဟာ အသက် ၉၀ မှာ သားကေနန်ကို ရတယ်။ ၁၀ ကေနန်ကို ရပြီးနောက် ၈၁၅ နှစ် အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ ၁၁ အသက် ၉၀၅ နှစ်မှာ ဧနုတ် သေဆုံးသွားတယ်။
၁၂ ကေနန်ဟာ အသက် ၇၀ မှာ သားမဟာလေလကို ရတယ်။+ ၁၃ မဟာလေလကို ရပြီးနောက် အနှစ် ၈၄၀ အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ ၁၄ အသက် ၉၁၀ မှာ ကေနန် သေဆုံးသွားတယ်။
၁၅ မဟာလေလဟာ အသက် ၆၅ နှစ်မှာ သားယာရက်ကို ရတယ်။+ ၁၆ ယာရက်ကို ရပြီးနောက် အနှစ် ၈၃၀ အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ ၁၇ အသက် ၈၉၅ နှစ်မှာ မဟာလေလ သေဆုံးသွားတယ်။
၁၈ ယာရက်ဟာ အသက် ၁၆၂ နှစ်မှာ သားဧနောက်ကို ရတယ်။+ ၁၉ ဧနောက်ကိုရပြီးနောက် အနှစ် ၈၀၀ အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ ၂၀ အသက် ၉၆၂ နှစ်မှာ ယာရက် သေဆုံးသွားတယ်။
၂၁ ဧနောက်ဟာ အသက် ၆၅ နှစ်မှာ သားမသုရှလကို ရတယ်။+ ၂၂ မသုရှလကို ရပြီးနောက် စစ်မှန်တဲ့ဘုရားသခင်ရဲ့ လမ်းစဉ်အတိုင်း အနှစ် ၃၀၀ ဆက်လျှောက်လှမ်းတယ်။ တခြားသားသမီးတွေကိုလည်း ရသေးတယ်။ ၂၃ ဧနောက်ဟာ ၃၆၅ နှစ် အသက်ရှင်တယ်။ ၂၄ ဧနောက်ဟာ စစ်မှန်တဲ့ဘုရားသခင်ရဲ့ လမ်းစဉ်အတိုင်း ဆက်လျှောက်လှမ်းတယ်။+ အဲဒီနောက် သူ့ကို ဘုရားသခင်သိမ်းယူတဲ့အတွက် နောက်ထပ်မတွေ့ရတော့ဘူး။+
၂၅ မသုရှလဟာ အသက် ၁၈၇ နှစ်မှာ သားလာမက်ကို ရတယ်။+ ၂၆ လာမက်ကို ရပြီးနောက် ၇၈၂ နှစ် အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ ၂၇ အသက် ၉၆၉ နှစ်မှာ မသုရှလ သေဆုံးသွားတယ်။
၂၈ လာမက်ဟာ အသက် ၁၈၂ နှစ်မှာ သားတစ်ယောက် ရတယ်။ ၂၉ “ယေဟောဝါဘုရား ကျိန်လိုက်တဲ့မြေပေါ်မှာ ပင်ပင်ပန်းပန်း အလုပ်ကြမ်းလုပ်ရတဲ့ ငါတို့ကို ဒီသားက စိတ်သက်သာရာရစေမှာပဲ”+ ဆိုပြီး သားကို နောဧ*+ လို့နာမည်ပေးတယ်။ ၃၀ လာမက်ဟာ နောဧကို ရပြီးနောက် ၅၉၅ နှစ် အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ ၃၁ အသက် ၇၇၇ နှစ်မှာ လာမက် သေဆုံးသွားတယ်။