၂ ရှမွေလ
၄ ဟေဗြုန်မြို့မှာ အာဗနာ သေဆုံးသွားပြီဆိုတဲ့+ သတင်းကို ရှောလုရဲ့သား အိရှဗောရှက်+ ကြားတဲ့အခါ ကြောက်စိတ်ဝင်လာတယ်။ အစ္စရေးအားလုံးလည်း စိုးရိမ်နေကြတယ်။ ၂ အိရှဗောရှက်ရဲ့ အဖွဲ့ကို ဦးစီးတဲ့ လူနှစ်ယောက် ရှိတယ်။ ဗင်ယာမိန်အနွယ်၊ ဗေရုတ်မြို့သား ရိမုန်ရဲ့သားတွေဖြစ်ပြီး ဗာနာနဲ့ရေခပ်လို့ ခေါ်တယ်။ (ဗင်ယာမိန်နယ်မြေထဲမှာ ဗေရုတ်မြို့လည်း+ ပါတယ်။ ၃ ဗေရုတ်မြို့သားတွေက ဂိတိမ်အရပ်ကို+ ထွက်ပြေးသွားပြီး အဲဒီမှာ တိုင်းတစ်ပါးသားတွေအဖြစ် ဒီနေ့အထိ နေထိုင်ကြတယ်။)
၄ ရှောလုရဲ့သား ယောနသန်မှာ+ ခြေမသန်တဲ့+ သားတစ်ယောက် ရှိတယ်။ သူငါးနှစ်သားအရွယ်မှာ ယေဇရေလမြို့ကနေ+ ရှောလုနဲ့ ယောနသန်ရဲ့သတင်း ရောက်လာတယ်။ အထိန်းက သူ့ကိုချီပြီး အလန့်တကြား ထွက်ပြေးရတဲ့အတွက် သူပြုတ်ကျပြီး ခြေဆွံ့သွားတာ။ သူ့နာမည်က မေဖိဗောရှက်လို့ ခေါ်တယ်။+
၅ ဗေရုတ်မြို့သား ရိမုန်ရဲ့သားတွေဖြစ်တဲ့ ရေခပ်နဲ့ ဗာနာက ပူပြင်းတဲ့နေ့တစ်နေ့မှာ အိရှဗောရှက်ရဲ့အိမ်ကို ရောက်လာတယ်။ အိရှဗောရှက်က နေ့လယ် တစ်ရေးတစ်မော အိပ်နေတယ်။ ၆ ရေခပ်နဲ့ ဗာနာတို့+ ညီအစ်ကိုနှစ်ယောက်က ဂျုံစပါးယူမလိုလိုနဲ့ အိမ်ထဲဝင်လာပြီး အိရှဗောရှက်ရဲ့ဗိုက်ကို ဓားနဲ့ထိုးသတ်တယ်။ ပြီးတော့ နှစ်ယောက်သား ထွက်ပြေးသွားတယ်။ ၇ သူတို့ အိမ်ထဲဝင်လာချိန်မှာ အိရှဗောရှက်ဟာ အိပ်ခန်းထဲက ခုတင်ပေါ်မှာ အိပ်နေတော့ ဓားနဲ့ထိုးသတ်ပြီး ခေါင်းကို ဖြတ်ယူသွားတာ။ အရာဗာအရပ်ကို သွားတဲ့ လမ်းအတိုင်း တစ်ညလုံး ထွက်ပြေးကြတယ်။ ၈ အိရှဗောရှက်ရဲ့ခေါင်းကို+ ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့ဆီ ယူလာပြီး “မင်းကြီးရဲ့ အသက်ကိုသတ်ဖို့ ရှာကြံခဲ့တဲ့+ ရန်သူရှောလုရဲ့သား+ အိရှဗောရှက်ရဲ့ခေါင်းကို ကျွန်တော်တို့ ယူလာပါတယ်။ ဒီနေ့ ယေဟောဝါဘုရားက အရှင်မင်းကြီးအတွက် ရှောလုနဲ့ သားမြေးတွေကို လက်စားချေလိုက်ပြီ” လို့လျှောက်တင်ကြတယ်။
၉ ဒါပေမဲ့ ဒါဝိဒ်က ဗေရုတ်မြို့သား ရိမုန်ရဲ့သားတွေဖြစ်တဲ့ ရေခပ်နဲ့ဗာနာကို “ဆင်းရဲဒုက္ခ အမျိုးမျိုးကနေ ငါ့ကိုကယ်လွှတ်ပေးတဲ့ အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တိုင်တည်ပြီး ငါပြောမယ်။+ ၁၀ လူတစ်ယောက်က ‘ရှောလုသေပြီ’ လို့ ငါ့ကို သတင်းလာပေးတယ်။+ သူ့ကိုယ်သူ သတင်းကောင်း ယူလာတယ်လို့ ထင်နေပေမဲ့ သူ့ကို ငါဖမ်းပြီး ဇိကလတ်မြို့မှာ သတ်လိုက်တယ်။+ ဒါဟာ သတင်းယူလာသူအတွက် ငါပေးတဲ့ဆုပဲ။ ၁၁ အခု၊ လူဆိုးတွေက သူတော်ကောင်းတစ်ယောက်ကို သူ့အိပ်ခန်းထဲအထိ ဝင်ပြီး သတ်လိုက်တာဆိုတော့ ဒီထက်မက လုပ်သင့်တာပေါ့။ ဒီတော့ မင်းတို့လက်ထဲကနေ သူ့သွေးကို ငါတောင်းမယ်။+ မင်းတို့ကို မြေပေါ်မှာ အရှင်မထားဘူး” ဆိုပြီး၊ ၁၂ သတ်စေလို့ အမိန့်ချလိုက်တယ်။+ အဲဒီနောက် ခြေလက်တွေဖြတ်ပြီး ဟေဗြုန်မြို့မှာရှိတဲ့ ရေကန်နားမှာ ချိတ်ဆွဲထားတယ်။+ အိရှဗောရှက်ရဲ့ခေါင်းကိုတော့ ဟေဗြုန်မြို့မှာရှိတဲ့ အာဗနာရဲ့သင်္ချိုင်းမှာ သင်္ဂြိုဟ်ကြတယ်။