ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ဘုရင်များ ၂
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

မာတိကာ

      • ဧလိယကို လေပွေနဲ့ ခေါ်ဆောင် (၁-၁၈)

        • ဧလိယရဲ့ဝတ်ရုံကို ဧလိရှဲ ရရှိ (၁၃၊ ၁၄)

      • ယေရိခေါမြို့က ရေကို ဧလိရှဲသန့်စင်ပေး (၁၉-၂၂)

      • ဗေသလမြို့က လူငယ်တွေကို ဝက်ဝံကိုက်သတ် (၂၃-၂၅)

၂ ဘုရင်များ ၂:၁

ကျမ်းညွှန်းများ

  • +၁ဘု ၁၇:၁
  • +၂ဘု ၂:၁၁
  • +၁ဘု ၁၉:၁၆
  • +၂ဘု ၄:၃၈

၂ ဘုရင်များ ၂:၂

ကျမ်းညွှန်းများ

  • +က ၂၈:၁၈၊ ၁၉; ၁ဘု ၁၂:၂၈၊ ၂၉; ၂ဘု ၂:၂၃

၂ ဘုရင်များ ၂:၃

ကျမ်းညွှန်းများ

  • +၁ဘု ၁၉:၁၆

၂ ဘုရင်များ ၂:၄

ကျမ်းညွှန်းများ

  • +ယရ ၆:၂၆; ၁ဘု ၁၆:၃၄

၂ ဘုရင်များ ၂:၈

ကျမ်းညွှန်းများ

  • +၁ဘု ၁၉:၁၉
  • +ထွ ၁၄:၂၁၊ ၂၂; ယရ ၃:၁၇; ၂ဘု ၂:၁၃၊ ၁၄

၂ ဘုရင်များ ၂:၉

အောက်ခြေမှတ်ချက်များ

  • *

    ဒါမှမဟုတ်၊ “စိတ်သဘောထား။”

ကျမ်းညွှန်းများ

  • +တရ ၃၄:၉; ၁ဘု ၁၉:၁၆; လု ၁:၁၇
  • +တရ ၂၁:၁၇

၂ ဘုရင်များ ၂:၁၁

ကျမ်းညွှန်းများ

  • +၂ဘု ၆:၁၇; ဆ ၆၈:၁၇
  • +၂ရ ၂၁:၅၊ ၁၂; ယဟ ၃:၁၃

၂ ဘုရင်များ ၂:၁၂

ကျမ်းညွှန်းများ

  • +၂ဘု ၁၃:၁၄
  • +၂ရှ ၁:၁၁၊ ၁၂; ယဘ ၁:၁၉၊ ၂၀

၂ ဘုရင်များ ၂:၁၃

ကျမ်းညွှန်းများ

  • +၁ဘု ၁၉:၁၉; ၂ဘု ၁:၈; ဇာ ၁၃:၄; မ ၃:၄

၂ ဘုရင်များ ၂:၁၄

ကျမ်းညွှန်းများ

  • +ယရ ၃:၁၃; ၂ဘု ၂:၈

၂ ဘုရင်များ ၂:၁၅

ကျမ်းညွှန်းများ

  • +တလ ၁၁:၂၄၊ ၂၅; ၂၇:၁၈၊ ၂၀; ၂ဘု ၂:၉

၂ ဘုရင်များ ၂:၁၆

အောက်ခြေမှတ်ချက်များ

  • *

    ခက်ဆစ် “စွမ်းအား” ကိုကြည့်။

ကျမ်းညွှန်းများ

  • +၁ဘု ၁၈:၁၁၊ ၁၂

၂ ဘုရင်များ ၂:၁၈

ကျမ်းညွှန်းများ

  • +ယရ ၆:၂၆; ၁ဘု ၁၆:၃၄

၂ ဘုရင်များ ၂:၁၉

ကျမ်းညွှန်းများ

  • +တရ ၃၄:၁-၃

၂ ဘုရင်များ ၂:၂၁

ကျမ်းညွှန်းများ

  • +ထွ ၁၅:၂၃-၂၅; ၂ဘု ၄:၃၈-၄၁

၂ ဘုရင်များ ၂:၂၃

ကျမ်းညွှန်းများ

  • +၂ရ ၃၆:၁၅၊ ၁၆; လု ၁၀:၁၆

၂ ဘုရင်များ ၂:၂၄

ကျမ်းညွှန်းများ

  • +ပ ၁၇:၁၂
  • +၂ဘု ၁:၁၀

၂ ဘုရင်များ ၂:၂၅

ကျမ်းညွှန်းများ

  • +၂ဘု ၄:၂၅

အထွေထွေ

၂ ဘု. ၂:၁၁ဘု ၁၇:၁
၂ ဘု. ၂:၁၂ဘု ၂:၁၁
၂ ဘု. ၂:၁၁ဘု ၁၉:၁၆
၂ ဘု. ၂:၁၂ဘု ၄:၃၈
၂ ဘု. ၂:၂က ၂၈:၁၈၊ ၁၉; ၁ဘု ၁၂:၂၈၊ ၂၉; ၂ဘု ၂:၂၃
၂ ဘု. ၂:၃၁ဘု ၁၉:၁၆
၂ ဘု. ၂:၄ယရ ၆:၂၆; ၁ဘု ၁၆:၃၄
၂ ဘု. ၂:၈၁ဘု ၁၉:၁၉
၂ ဘု. ၂:၈ထွ ၁၄:၂၁၊ ၂၂; ယရ ၃:၁၇; ၂ဘု ၂:၁၃၊ ၁၄
၂ ဘု. ၂:၉တရ ၃၄:၉; ၁ဘု ၁၉:၁၆; လု ၁:၁၇
၂ ဘု. ၂:၉တရ ၂၁:၁၇
၂ ဘု. ၂:၁၁၂ဘု ၆:၁၇; ဆ ၆၈:၁၇
၂ ဘု. ၂:၁၁၂ရ ၂၁:၅၊ ၁၂; ယဟ ၃:၁၃
၂ ဘု. ၂:၁၂၂ဘု ၁၃:၁၄
၂ ဘု. ၂:၁၂၂ရှ ၁:၁၁၊ ၁၂; ယဘ ၁:၁၉၊ ၂၀
၂ ဘု. ၂:၁၃၁ဘု ၁၉:၁၉; ၂ဘု ၁:၈; ဇာ ၁၃:၄; မ ၃:၄
၂ ဘု. ၂:၁၄ယရ ၃:၁၃; ၂ဘု ၂:၈
၂ ဘု. ၂:၁၅တလ ၁၁:၂၄၊ ၂၅; ၂၇:၁၈၊ ၂၀; ၂ဘု ၂:၉
၂ ဘု. ၂:၁၆၁ဘု ၁၈:၁၁၊ ၁၂
၂ ဘု. ၂:၁၈ယရ ၆:၂၆; ၁ဘု ၁၆:၃၄
၂ ဘု. ၂:၁၉တရ ၃၄:၁-၃
၂ ဘု. ၂:၂၁ထွ ၁၅:၂၃-၂၅; ၂ဘု ၄:၃၈-၄၁
၂ ဘု. ၂:၂၃၂ရ ၃၆:၁၅၊ ၁၆; လု ၁၀:၁၆
၂ ဘု. ၂:၂၄ပ ၁၇:၁၂
၂ ဘု. ၂:၂၄၂ဘု ၁:၁၀
၂ ဘု. ၂:၂၅၂ဘု ၄:၂၅
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၂ ဘုရင်များ ၂:၁-၂၅

၂ ဘုရင်များ

၂ ယေဟောဝါက ဧလိယကို+ လေပွေနဲ့+ ကောင်းကင်ဆီ ခေါ်ဆောင်မယ့်အချိန် ရောက်လာတဲ့အခါ ဧလိယက ဧလိရှဲနဲ့အတူ+ ဂိလဂါလမြို့ကနေ+ ထွက်လာတယ်။ ၂ ဧလိယက “ဒီမှာ နေခဲ့ဦး။ ယေဟောဝါဘုရားက ကျုပ်ကို ဗေသလမြို့ကို သွားခိုင်းထားတယ်” ဆိုတော့ ဧလိရှဲက “အသက်ရှင်နေတဲ့ဘုရား ယေဟောဝါနဲ့ အသက်ရှင်နေတဲ့ သခင့်ကို တိုင်တည်ပြီး ကျွန်တော် ပြောမယ်။ သခင့်ကို ခွဲမသွားနိုင်ပါဘူး” လို့ပြောတယ်။ ဒါနဲ့ ဗေသလမြို့ကို သူတို့ဆင်းသွားကြတယ်။+ ၃ ဗေသလမြို့မှာနေတဲ့ ပရောဖက်တစ်စုက ဧလိရှဲဆီ လာပြီး “ဒီနေ့ ခင်ဗျားရဲ့အရှင်၊ ခင်ဗျားရဲ့သခင်ကို ယေဟောဝါဘုရား ခေါ်သွားတော့မယ်ဆိုတာ သိရဲ့လား”+ လို့မေးတော့ ဧလိရှဲက “သိတယ်။ တိတ်တိတ်နေကြ” လို့ပြောတယ်။

၄ အဲဒီနောက် ဧလိယက “ဧလိရှဲ၊ ဒီမှာ နေခဲ့ဦး။ ယေဟောဝါဘုရားက ကျုပ်ကို ယေရိခေါမြို့ကို+ သွားခိုင်းထားတယ်” ဆိုပြီးပြောတော့ ဧလိရှဲက “အသက်ရှင်နေတဲ့ဘုရား ယေဟောဝါနဲ့ အသက်ရှင်နေတဲ့ သခင်ကို တိုင်တည်ပြီး ကျွန်တော် ပြောမယ်။ သခင့်ကို ခွဲမသွားနိုင်ပါဘူး” လို့ပြောတယ်။ ဒါနဲ့ ယေရိခေါမြို့ကို သူတို့ရောက်လာတယ်။ ၅ ယေရိခေါမြို့မှာနေတဲ့ ပရောဖက်တစ်စုက ဧလိရှဲဆီ လာပြီး “ဒီနေ့ ခင်ဗျားရဲ့အရှင်၊ ခင်ဗျားရဲ့သခင်ကို ယေဟောဝါဘုရား ခေါ်သွားတော့မယ်ဆိုတာ သိရဲ့လား” လို့မေးတော့ ဧလိရှဲက “သိတယ်။ တိတ်တိတ်နေကြ” လို့ပြောတယ်။

၆ အဲဒီနောက် ဧလိယက “ခင်ဗျား ဒီမှာနေခဲ့ဦး။ ယေဟောဝါဘုရားက ကျုပ်ကို ဂျော်ဒန်မြစ်ကို သွားခိုင်းထားတယ်” ဆိုပြီး ပြောတဲ့အခါ ဧလိရှဲက “အသက်ရှင်နေတဲ့ဘုရား ယေဟောဝါနဲ့ အသက်ရှင်နေတဲ့ သခင့်ကို တိုင်တည်ပြီး ကျွန်တော် ပြောမယ်။ သခင့်ကို ခွဲမသွားနိုင်ပါဘူး” လို့ပြန်ပြောတယ်။ ဒါနဲ့ နှစ်ယောက်သား ဆက်သွားကြတယ်။ ၇ ပရောဖက် ၅၀ လည်း နောက်ကနေ လိုက်လာပြီး ခပ်လှမ်းလှမ်းကနေ ရပ်ကြည့်နေကြတယ်။  အဲဒီအချိန်မှာ  ဧလိယနဲ့ဧလိရှဲက ဂျော်ဒန်မြစ်နားမှာ ရပ်နေတယ်။ ၈ ဧလိယက ပရောဖက်ဝတ်ရုံကို ချွတ်၊+ လိပ်လိုက်ပြီးနောက် ရေကိုရိုက်တဲ့အခါ  ရေနှစ်ခြမ်းကွဲသွားတယ်။ ဒါနဲ့ နှစ်ယောက်သား ခြောက်သွေ့တဲ့ မြစ်ကြမ်းပြင်ပေါ် ဖြတ်လျှောက်သွားတယ်။+

၉ မြစ်တစ်ဖက်ကို ရောက်တဲ့အခါ ဧလိယက “ကျုပ်ကို ဘုရားသခင် မခေါ်ဆောင်ခင် ခင်ဗျား တောင်းဆိုချင်တာရှိရင် တောင်းပါ” လို့ပြောတော့ ဧလိရှဲက “ကျွန်တော့်ကို သခင့်ဆီမှာရှိတဲ့ စွမ်းအားတော်*+ နှစ်ဆ+ ပေးပါလား” လို့တောင်းတယ်။ ၁၀ ဒါနဲ့ ဧလိယက “ရဖို့ခက်တဲ့အရာကို တောင်းနေတာပဲ။ ကျုပ်ကို ခေါ်ဆောင်သွားတာ မြင်ရင် ခင်ဗျားတောင်းတာ ရလိမ့်မယ်။ မမြင်ရင်တော့ မရနိုင်ဘူး” လို့ပြန်ပြောတယ်။

၁၁ စကားတပြောပြောနဲ့  ဆက်လျှောက်လာနေတုန်း  မီးလိုတောက်ပနေတဲ့  စစ်မြင်းရထားနဲ့မြင်းတွေ+ သူတို့နှစ်ယောက်ကြား ဗြုန်းခနဲ ပေါ်လာတဲ့အတွက် လူချင်းကွဲသွားပြီး ဧလိယက မိုးကောင်းကင်ကို လေပွေနဲ့ တက်သွားတယ်။+ ၁၂ အဲဒါကို ဧလိရှဲကြည့်နေရင်း “အဘ၊ အဘ၊ အစ္စရေးမြင်းရထားပါလား၊ အစ္စရေးမြင်းစီးသူရဲတွေပါလား”+ လို့အော်ပြောတယ်။ ဧလိယကို မတွေ့ရတော့တဲ့အခါ  ဝတ်ထားတဲ့ဝတ်ရုံကို သူနှစ်ပိုင်းဆွဲဆုတ်လိုက်တယ်။+ ၁၃ အဲဒီနောက် ဧလိယ ကျကျန်ခဲ့တဲ့ ဝတ်ရုံကို+ ကောက်ယူပြီး လှည့်ပြန်တယ်။ ဂျော်ဒန်မြစ်ကမ်းကို ရောက်တော့ ရပ်ပြီး၊ ၁၄ “ဧလိယရဲ့ဘုရား ယေဟောဝါ ဘယ်မှာလဲ” လို့ပြောရင်း ကိုင်ထားတဲ့ဝတ်ရုံနဲ့ ရေကိုရိုက်လိုက်တော့ ရေနှစ်ခြမ်း ကွဲသွားတယ်။ ဧလိရှဲလည်း ဖြတ်လျှောက်လာတယ်။+

၁၅ ယေရိခေါမြို့မှာနေတဲ့ ပရောဖက်တစ်စုက ဧလိရှဲကို လှမ်းတွေ့တဲ့အခါ “ဧလိယမှာရှိတဲ့ စွမ်းအားတော်ဟာ ဧလိရှဲပေါ် သက်ရောက်နေပြီ”+ လို့ပြောကြတယ်။ ဒါနဲ့ ဧလိရှဲဆီ လာပြီး ရှေ့မှာ ပျပ်ဝပ်ကြတယ်။ ၁၆ ပြီးတော့ “ကျွန်တော်တို့မှာ အရည်အချင်းရှိသူ အယောက် ၅၀ ရှိပါတယ်။ ခင်ဗျားရဲ့သခင်ကို သွားရှာခိုင်းပါ။ ယေဟောဝါရဲ့ စွမ်းအားတော်က* သူ့ကို ချီယူပြီး တောင်တန်း ဒါမှမဟုတ် ချိုင့်ဝှမ်းရဲ့ တစ်နေရာရာမှာ ချထားတာဖြစ်နိုင်တယ်”+ လို့ပြောကြတယ်။ ဧလိရှဲက “မသွားခိုင်းပါနဲ့”  လို့တားတယ်။ ၁၇ ဒါပေမဲ့ သူတို့ မရမက တိုက်တွန်းနေတော့ ဧလိရှဲက စိတ်အနှောင့်အယှက် ဖြစ်လာပြီး “ဒါဆိုလည်း သွားခိုင်းလိုက်” လို့ပြောတယ်။ ဒါနဲ့ လူ ၅၀ ကိုလွှတ်ပြီး သုံးရက်လုံးလုံး ရှာပေမဲ့ မတွေ့ဘူး။ ၁၈ ယေရိခေါမြို့မှာ+ ရှိနေတဲ့ ဧလိရှဲဆီ သူတို့ပြန်ရောက်လာတဲ့အခါ “မသွားနဲ့လို့ ကျွန်တော် ပြောသားပဲ” ဆိုပြီးပြောတယ်။

၁၉ နောက်ပိုင်းမှာ မြို့သားတွေက “သခင်မြင်တဲ့အတိုင်း ဒီမြို့အနေအထားက ကောင်းပါတယ်။+ ဒါပေမဲ့  ရေမကောင်းတော့ ဒီနယ်မှာရှိတဲ့ အမျိုးသမီးတွေ ကိုယ်ဝန် ပျက်ကျကုန်တယ်” လို့ပြောတဲ့အခါ၊ ၂၀ ဧလိရှဲက “ပန်းကန်သစ်တစ်လုံးထဲ ဆားထည့်ပြီး ယူလာခဲ့” လို့ပြောတော့ ယူလာပေးကြတယ်။ ၂၁ အဲဒီနောက် ရေတွင်းကို သွား၊ ဆားခတ်ပြီး+ “ယေဟောဝါဘုရား ပြောတာက ‘ဒီရေကို ငါသန့်စင်လိုက်ပြီ။ ဒီရေကြောင့် သေဆုံးတာ၊ ကိုယ်ဝန်ပျက်ကျတာတွေ ရှိတော့မှာ မဟုတ်ဘူး’” ဆိုပြီးပြောတယ်။ ၂၂ ဧလိရှဲ ပြောတဲ့အတိုင်း အဲဒီရေ သန့်စင်သွားတာ ဒီနေ့အထိပဲ။

၂၃ အဲဒီနောက် ဧလိရှဲက ဗေသလမြို့ကို တက်သွားတဲ့အခါ လမ်းခုလတ်မှာ လူငယ်တချို့ မြို့ထဲကနေထွက်လာပြီး “ဟေ့ ထိပ်ပြောင်ကြီး၊ တက်သွားတော့။ ဟေ့ ထိပ်ပြောင်ကြီး၊ တက်သွားတော့” ဆိုပြီး လှောင်ကြတယ်။+ ၂၄ နောက်ဆုံးမှာ  ဧလိရှဲ  လှည့်ကြည့်ပြီး ယေဟောဝါရဲ့နာမည်နဲ့ ကျိန်လိုက်တဲ့အခါ  တောထဲကနေ  ဝက်ဝံမနှစ်ကောင်+  ထွက်လာပြီး  လူငယ် ၄၂ ယောက်ကို အပိုင်းပိုင်း ကိုက်ဖြတ်လိုက်တယ်။+ ၂၅ ဧလိရှဲလည်း ကရမေလတောင်ကို+ ဆက်သွားပြီး အဲဒီကနေ ရှမာရိမြို့ကို ပြန်လာတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၄)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ