ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ရာဇဝင်ချုပ် ၁၉
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

မာတိကာ

      • ဒါဝိဒ်ရဲ့တမန်တွေကို အမ္မုန်လူတွေ စော်ကား (၁-၅)

      • အမ္မုန်နဲ့ ဆီးရီးယားလူတွေကို အောင်ပွဲခံ (၆-၁၉)

၁ ရာဇဝင်ချုပ် ၁၉:၁

ကျမ်းညွှန်းများ

  • +၂ရှ ၁၀:၁-၅

၁ ရာဇဝင်ချုပ် ၁၉:၂

ကျမ်းညွှန်းများ

  • +၂ရှ ၉:၇
  • +က ၁၉:၃၆၊ ၃၈

၁ ရာဇဝင်ချုပ် ၁၉:၄

ကျမ်းညွှန်းများ

  • +ဝ ၁၉:၂၇

၁ ရာဇဝင်ချုပ် ၁၉:၅

ကျမ်းညွှန်းများ

  • +၁ဘု ၁၆:၃၄

၁ ရာဇဝင်ချုပ် ၁၉:၆

အောက်ခြေမှတ်ချက်များ

  • *

    တစ်တဲလင့်က ၃၄.၂ ကီလိုနဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။

ကျမ်းညွှန်းများ

  • +၁ရှ ၁၄:၄၇; ၂ရှ ၈:၃; ၁၀:၆

၁ ရာဇဝင်ချုပ် ၁၉:၇

ကျမ်းညွှန်းများ

  • +ယရ ၁၃:၈၊ ၉

၁ ရာဇဝင်ချုပ် ၁၉:၈

ကျမ်းညွှန်းများ

  • +၂ရှ ၈:၁၆
  • +၂ရှ ၁၀:၇၊ ၈; ၂၃:၈

၁ ရာဇဝင်ချုပ် ၁၉:၁၀

ကျမ်းညွှန်းများ

  • +၂ရှ ၁၀:၉-၁၂

၁ ရာဇဝင်ချုပ် ၁၉:၁၁

ကျမ်းညွှန်းများ

  • +၁ရ ၁၁:၂၀၊ ၂၁

၁ ရာဇဝင်ချုပ် ၁၉:၁၂

ကျမ်းညွှန်းများ

  • +၂ရှ ၈:၅

၁ ရာဇဝင်ချုပ် ၁၉:၁၃

ကျမ်းညွှန်းများ

  • +တရ ၃၁:၆; ယရ ၁:၉

၁ ရာဇဝင်ချုပ် ၁၉:၁၄

ကျမ်းညွှန်းများ

  • +ဝ ၂၆:၇၊ ၈; တရ ၂၈:၇; ၂ရှ ၁၀:၁၃၊ ၁၄

၁ ရာဇဝင်ချုပ် ၁၉:၁၆

အောက်ခြေမှတ်ချက်များ

  • *

    ယူဖရေးတီးမြစ်။

ကျမ်းညွှန်းများ

  • +၂ရှ ၈:၃
  • +၂ရှ ၁၀:၁၅၊ ၁၆

၁ ရာဇဝင်ချုပ် ၁၉:၁၇

ကျမ်းညွှန်းများ

  • +၂ရှ ၁၀:၁၇-၁၉

၁ ရာဇဝင်ချုပ် ၁၉:၁၉

ကျမ်းညွှန်းများ

  • +ဆ ၁၈:၃၉
  • +၁ရ ၁၄:၁၇; ဆ ၁၈:၄၄

အထွေထွေ

၁ ရာ. ၁၉:၁၂ရှ ၁၀:၁-၅
၁ ရာ. ၁၉:၂၂ရှ ၉:၇
၁ ရာ. ၁၉:၂က ၁၉:၃၆၊ ၃၈
၁ ရာ. ၁၉:၄ဝ ၁၉:၂၇
၁ ရာ. ၁၉:၅၁ဘု ၁၆:၃၄
၁ ရာ. ၁၉:၆၁ရှ ၁၄:၄၇; ၂ရှ ၈:၃; ၁၀:၆
၁ ရာ. ၁၉:၇ယရ ၁၃:၈၊ ၉
၁ ရာ. ၁၉:၈၂ရှ ၈:၁၆
၁ ရာ. ၁၉:၈၂ရှ ၁၀:၇၊ ၈; ၂၃:၈
၁ ရာ. ၁၉:၁၀၂ရှ ၁၀:၉-၁၂
၁ ရာ. ၁၉:၁၁၁ရ ၁၁:၂၀၊ ၂၁
၁ ရာ. ၁၉:၁၂၂ရှ ၈:၅
၁ ရာ. ၁၉:၁၃တရ ၃၁:၆; ယရ ၁:၉
၁ ရာ. ၁၉:၁၄ဝ ၂၆:၇၊ ၈; တရ ၂၈:၇; ၂ရှ ၁၀:၁၃၊ ၁၄
၁ ရာ. ၁၉:၁၆၂ရှ ၈:၃
၁ ရာ. ၁၉:၁၆၂ရှ ၁၀:၁၅၊ ၁၆
၁ ရာ. ၁၉:၁၇၂ရှ ၁၀:၁၇-၁၉
၁ ရာ. ၁၉:၁၉ဆ ၁၈:၃၉
၁ ရာ. ၁၉:၁၉၁ရ ၁၄:၁၇; ဆ ၁၈:၄၄
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၁ ရာဇဝင်ချုပ် ၁၉:၁-၁၉

၁ ရာဇဝင်ချုပ်

၁၉ နောက်တော့ အမ္မုန်ဘုရင်နေဟက် ကွယ်လွန်သွားပြီး သူ့သား နန်းတက်လာတယ်။+ ၂ ဒါဝိဒ်က “နေဟက်မင်းက ငါ့ကို ခိုင်မြဲတဲ့မေတ္တာ ပြခဲ့တဲ့အတွက်+ ငါလည်း သူ့သားဟာနုန်ကို ခိုင်မြဲတဲ့မေတ္တာပြမယ်” ဆိုပြီး ဖခင်ကွယ်လွန်လို့ ဝမ်းနည်းနေတဲ့ ဟာနုန်ကို နှစ်သိမ့်စကား ပြောကြားဖို့ တမန်တွေ စေလွှတ်လိုက်တယ်။ ဒါဝိဒ်ရဲ့တမန်တွေ အမ္မုန်ပြည်ကို+ ရောက်လာတဲ့အခါ၊ ၃ အမ္မုန်မှူးမတ်တွေက “ဒါဝိဒ်က ခမည်းတော်ကို လေးစားတဲ့အနေနဲ့ တမန်တွေ လွှတ်ပြီး နှစ်သိမ့်ပေးတာလို့ မင်းကြီး ထင်နေပါသလား။ တကယ်တော့ တိုင်းပြည်ကို ဖျက်ဆီးဖို့ တမန်တွေလွှတ်ပြီး ထောက်လှမ်းခိုင်းလိုက်တာပါ” လို့ ဟာနုန်မင်းကို လျှောက်တင်တယ်။ ၄ ဒါကြောင့် ဟာနုန်က ဒါဝိဒ်ရဲ့တမန်တွေကို ဖမ်းဆီးပြီး မုတ်ဆိတ်မွေးကိုရိတ်၊+ ဝတ်ရုံကို တင်ပါးအထိဖြတ်ပြီး ပြန်လွှတ်လိုက်တယ်။ ၅ ဒီသတင်းကို ဒါဝိဒ်ကြားတာနဲ့ တမန်တွေဆီ လူလွှတ်ပြီး ကြိုခိုင်းလိုက်တယ်။ သူတို့ အကြီးအကျယ် အရှက်ခွဲခံလိုက်ရတာကိုး။ ဒါဝိဒ်က “မင်းတို့ မုတ်ဆိတ်တွေ ပြန်ရှည်လာတဲ့အထိ ယေရိခေါမြို့မှာ နေကြ။+ ပြီးမှ ပြန်လာခဲ့ကြပါ” လို့မှာလိုက်တယ်။

၆ အမ္မုန်လူတွေက သူတို့ကို ဒါဝိဒ်မုန်းနေမှန်း သိသွားတယ်။ ဒါကြောင့် ဟာနုန်မင်းနဲ့ အမ္မုန်လူတွေက မက်ဆိုပိုတေးမီးယားပြည်၊ အာရံမာခါပြည်၊ ဇောဘပြည်ကနေ မြင်းရထားတွေ၊ မြင်းစီးသူရဲတွေကို ငွေတဲလင့်* ၁,၀၀၀ ပေးပြီး ငှားရမ်းတယ်။+ ၇ မြင်းရထား ၃၂,၀၀၀ အပြင် မာခါဘုရင်နဲ့ သူ့လူတွေကိုပါ ငှားလိုက်တဲ့အတွက် သူတို့ ချီတက်လာပြီး မေဒဘအရပ်ရှေ့မှာ+ တပ်ချကြတယ်။ အမ္မုန်လူတွေလည်း မြို့တွေထဲကနေ တစုတစည်းတည်း ထွက်လာတယ်။

၈ ဒီသတင်းကို ဒါဝိဒ်ကြားတဲ့အခါ ခွန်အားကြီး စစ်သည်တွေအပါအဝင် ယွာဘနဲ့+ တပ်မကြီးတစ်ခုလုံးကို လွှတ်လိုက်တယ်။+ ၉ အမ္မုန်လူတွေ ထွက်လာပြီး မြို့အဝင်မှာ စစ်ခင်းထားတယ်။ စစ်ချီလာတဲ့ ဘုရင်တွေကတော့ လွင်ပြင်မှာ စစ်ခင်းထားတယ်။

၁၀ အရှေ့နဲ့ အနောက် စစ်မျက်နှာနှစ်ဖက် ဖွင့်ထားတာကို ယွာဘမြင်တဲ့အခါ အစ္စရေးလက်ရွေးစင် စစ်သည်တချို့ကို ရွေးချယ်ပြီး ဆီးရီးယားတွေနဲ့တိုက်ဖို့ စစ်ခင်းတယ်။+ ၁၁ ကျန်တဲ့စစ်သည်တွေကို အမ္မုန်လူတွေနဲ့ စစ်ခင်းဖို့ အစ်ကိုအဘိရှဲလက်ထဲ+ အပ်လိုက်တယ်။ ၁၂ ပြီးတော့ ယွာဘက “ဆီးရီးယားတွေ+ ငါ့ကို အသာစီးရရင်  မင်းလာကူရမယ်။  အမ္မုန်လူတွေ မင်းကို အသာစီးရရင် ငါလာကူမယ်။ ၁၃ ဒို့လူမျိုးအတွက်၊ ဒို့ဘုရားသခင်ပိုင်တဲ့ မြို့တွေအတွက် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ကြစို့။+ ယေဟောဝါဘုရားကလည်း အလိုရှိတဲ့အတိုင်း လုပ်ဆောင်ပေးမှာပါ” လို့မှာတယ်။

၁၄ ယွာဘနဲ့ စစ်သည်တွေ တိုက်ဖို့ ရှေ့တိုးလာတဲ့အခါ  ဆီးရီးယားတွေ ထွက်ပြေးကြတယ်။+ ၁၅ ဆီးရီးယားတွေ ထွက်ပြေးတာကို မြင်တော့ အမ္မုန်လူတွေလည်း ယွာဘအစ်ကို အဘိရှဲရှေ့ကနေ ထွက်ပြေးပြီး မြို့ထဲ ပြန်ဝင်သွားကြတယ်။ အဲဒီနောက် ယွာဘက ဂျေရုဆလင်မြို့ကို ပြန်လာတယ်။

၁၆ ဆီးရီးယားတွေက အစ္စရေးတွေလက်ချက်နဲ့ သူတို့ အရေးနိမ့်မှန်း သိတဲ့အခါ  တမန်တွေလွှတ်ပြီး မြစ်ကြီး*+ အနီးမှာနေတဲ့ ဆီးရီးယားတွေကို ခေါ်လိုက်တယ်။  ဟာဒဒေဇာရဲ့ဗိုလ်ချုပ် ရှောပက်က သူတို့ကို ဦးဆောင်လာတယ်။+

၁၇ ဒီသတင်းကို ကြားတာနဲ့ ဒါဝိဒ်မင်းက အစ္စရေးစစ်သည်တွေကို စုရုံး၊ ဂျော်ဒန်မြစ်ကို ဖြတ်ပြီး ချီတက်လာတယ်။ ပြီးတော့ ဆီးရီးယားတွေနဲ့ တိုက်ခိုက်ဖို့ စစ်ခင်းတဲ့အခါ သူတို့လည်း ပြန်တိုက်ခိုက်ကြတယ်။+ ၁၈ ဒါပေမဲ့ ဆီးရီးယားတွေ အရေးနိမ့်ပြီး ထွက်ပြေးရတယ်။ ဒါဝိဒ်က ဆီးရီးယားစစ်ရထားမှူး ၇,၀၀၀၊ ခြေလျင်တပ်သား ၄၀,၀၀၀ ကို ကွပ်မျက်တယ်။ ဗိုလ်ချုပ်ရှောပက်ကိုလည်း ကွပ်မျက်တယ်။ ၁၉ ဟာဒဒေဇာမင်းရဲ့ လူတွေက သူတို့ ရှုံးနိမ့်မှန်းသိတဲ့အခါ+ ချက်ချင်းပဲ စစ်ပြေငြိမ်းဖို့ ကမ်းလှမ်းပြီး ဒါဝိဒ်ဆီမှာ လက်အောက်ခံကြတယ်။+ အဲဒီအချိန်ကစပြီး ဆီးရီးယားတွေဟာ အမ္မုန်လူတွေကို စစ်ကူ မပေးတော့ဘူး။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ