၁ ရာဇဝင်ချုပ်
၈ ဗင်ယာမိန်ရဲ့+ သားတွေက သားဦးဗေလ၊+ ဒုတိယသား အာရှဗေလ၊+ တတိယသား အဟာရာ၊ ၂ စတုတ္ထသား နောဟ၊ ပဉ္စမသား ရာဖ။ ၃ ဗေလရဲ့သားတွေက အာဒါ၊ ဂေရ၊+ အဘိဟုတ်၊ ၄ အဘိရွှ၊ နေမန်၊ အာဟော၊ ၅ ဂေရ၊ ရှေဖုဖံ၊ ဟုရံ။ ၆ မနာဟတ်အရပ်ကို ဖမ်းခေါ်ခံရတဲ့ ဂေဘမြို့သားတွေရဲ့+ ဆွေမျိုးစုခေါင်းဆောင်တွေဖြစ်တဲ့ ဧဟုဒရဲ့သားတွေကတော့၊ ၇ နေမန်၊ အဟိယ၊ ဂေရ။ ဂေဘမြို့သားတွေ ဖမ်းခေါ်ခံရချိန်မှာ ဂေရက ဦးဆောင်ခေါ်သွားခဲ့တာဖြစ်တယ်။ ဂေရရဲ့သားတွေက သြဇနဲ့ အဟိဟု။ ၈ ရှဟာရိမ်မှာ ဟုရှိမ်နဲ့ဗာရာလို့ခေါ်တဲ့ ဇနီးတွေရှိတယ်။ သူက မောဘလူတွေကို အဲဒီနယ်မြေကနေ မောင်းထုတ်ပြီးနောက်* သားသမီးတွေ ရလာတယ်။ ၉ ဇနီးဟောဒေရှနဲ့ရတဲ့ သားတွေက ယောဗပ်၊ ဇိဘိ၊ မေရှ၊ မာလခံ၊ ၁၀ ယုဇ၊ ရှာခိ၊ မိရမ။ သူတို့ဟာ ရှဟာရိမ်ရဲ့သားတွေ၊ ဆွေမျိုးစုခေါင်းဆောင်တွေပဲ။
၁၁ ဇနီးဟုရှိမ်နဲ့ရတဲ့ ရှဟာရိမ်ရဲ့သားတွေက အဘိတုပ်နဲ့ ဧလပါလ။ ၁၂ ဧလပါလရဲ့သားတွေက ဧဗာ၊ မိရှဟံ၊ (သြနောမြို့၊+ လောဒမြို့နဲ့+ ပတ်ဝန်းကျင်မြို့ငယ်တွေကို တည်ထောင်သူ) ရှာမက်၊ ၁၃ ဗေရိယ၊ ရှေမာတို့ဖြစ်ပြီး အာယလုန်မြို့သားတွေရဲ့+ ဆွေမျိုးစုခေါင်းဆောင်တွေ ဖြစ်တယ်။ သူတို့က ဂါသမြို့သားတွေကို နှင်ထုတ်လိုက်တယ်။ ၁၄ အဟိသြ၊ ရှာရှက်၊ ယေရမုတ်၊ ၁၅ ဇေဗဒိ၊ အာရဒ်၊ ဧဒါ၊ ၁၆ မိက္ခေလ၊ အိရှပ၊ ယောဟတို့ဟာ ဗေရိယရဲ့သားမြေးတွေပဲ။ ၁၇ ဇေဗဒိ၊ မေရှုလံ၊ ဟိဇကိ၊ ဟေဗာ၊ ၁၈ အိရှမေရဲ၊ ယေဇလိ၊ ယောဗပ်တို့ဟာ ဧလပါလရဲ့သားမြေးတွေပဲ။ ၁၉ ယာကိမ်၊ ဇိခရိ၊ ဇာဗဒိ၊ ၂၀ ဧလျေနဲ၊ ဇိလသဲ၊ ဧလျေလ၊ ၂၁ အဒါယ၊ ဗေရာယ၊ ရှိမရတ်တို့ဟာ ရှိမိရဲ့သားမြေးတွေပဲ။ ၂၂ အိရှပန်၊ ဟေဗာ၊ ဧလျေလ၊ ၂၃ အာဗဒုန်၊ ဇိခရိ၊ ဟာနန်၊ ၂၄ ဟာနနိ၊ ဧလံ၊ အန်တောသိယ၊ ၂၅ အိဖဒိယ၊ ပေနွေလတို့ဟာ ရှာရှက်ရဲ့သားမြေးတွေပဲ။ ၂၆ ရှံရှရဲ၊ ရှေဟာရိ၊ အာသလိ၊ ၂၇ ယာရရှိ၊ ဧလိယ၊ ဇိခရိတို့ဟာ ယေရောဟံရဲ့ သားမြေးတွေပဲ။ ၂၈ သူတို့ဟာ ဆွေစဉ်မျိုးဆက်စာရင်းအရ ဆွေမျိုးစုခေါင်းဆောင်တွေ ဖြစ်ပြီး ဂျေရုဆလင်မြို့မှာ နေထိုင်ကြတယ်။
၂၉ ယေယေလက ဂိဗောင်မြို့ကို+ တည်ထောင်ပြီး အဲဒီမှာ နေထိုင်တယ်။ သူ့ဇနီးက မာခါ။+ ၃၀ သားတွေက သားဦး အာဗဒုန်၊ ဇုရ၊ ကိရှ၊ ဗာလ၊ နာဒပ်၊ ၃၁ ဂေဒေါ်၊ အဟိသြ၊ ဇာခါ။ ၃၂ မိကလုတ်မှာ ရှိမာလို့ခေါ်တဲ့ သားရှိတယ်။ သူတို့က ဂျေရုဆလင်မြို့မှာရှိတဲ့ ညီအစ်ကိုတွေအနားမှာပဲ တခြားဆွေမျိုးသားချင်းတွေနဲ့အတူ နေထိုင်ကြတယ်။
၃၃ နေရ+ ရဲ့သားက ကိရှ၊ ကိရှရဲ့သားက ရှောလု၊+ ရှောလုရဲ့သားတွေက ယောနသန်၊+ မေလခိရွှ၊+ အဘိနဒပ်၊+ အိရှဗာလ။*+ ၃၄ ယောနသန်ရဲ့သားက မေရိဗာလ၊*+ မေရိဗာလရဲ့သားက မိက္ခာ၊+ ၃၅ မိက္ခာရဲ့သားတွေက ပိသုန်၊ မေလက်၊ တာရာ၊ အာခတ်။ ၃၆ အာခတ်ရဲ့သားက ယေဟောဒါ၊ ယေဟောဒါရဲ့သားတွေက အာလမက်၊ အာဇမာဝက်၊ ဇိမရိ။ ဇိမရိရဲ့သားက မောဇ၊ ၃၇ မောဇရဲ့သားက ဗိနာ၊ ဗိနာရဲ့သားက ရာဖာ၊ ရာဖာရဲ့သားက ဧလာသ၊ ဧလာသရဲ့သားက အာဇေလ။ ၃၈ အာဇေလမှာ အာဇရိကံ၊ ဗောခေရု၊ အိရှမေလ၊ ရှရိယ၊ သြဗဒိ၊ ဟာနန်လို့ခေါ်တဲ့ သားခြောက်ယောက်ရှိတယ်။ သူတို့အားလုံးဟာ အာဇေလရဲ့သားတွေပဲ။ ၃၉ သူနဲ့ညီအစ်ကိုတော်တဲ့ ဧရှက်ရဲ့ သားတွေက သားဦးဥလံ၊ ဒုတိယသား ယုရှ၊ တတိယသား ဧလိဖလက်။ ၄၀ ဥလံရဲ့သားတွေဟာ ခွန်အားကြီးစစ်သည်တွေ၊ လေးသည်တော်တွေ ဖြစ်တယ်။ သူတို့မှာ သားနဲ့မြေးချည်းပဲ ၁၅၀ ရှိတယ်။ အားလုံးဟာ ဗင်ယာမိန်ရဲ့ သားစဉ်မြေးဆက်တွေပဲ။