၂ ရာဇဝင်ချုပ်
၁ ဒါဝိဒ်ရဲ့သား ရှောလမုန်ရဲ့မင်းအာဏာ ခိုင်မာသည်ထက် ခိုင်မာလာတယ်။ ယေဟောဝါဘုရားက သူနဲ့အတူရှိပြီး အတိုင်းထက်အလွန် ကြီးမြတ်စေတယ်။+
၂ ရှောလမုန်က လူတစ်ထောင်အုပ်၊ လူတစ်ရာအုပ်၊ တရားသူကြီး၊ အစ္စရေးခေါင်းဆောင်၊ ဆွေမျိုးစုခေါင်းဆောင်တွေနဲ့ အစ္စရေးအားလုံးကို ဆင့်ခေါ်လိုက်တယ်။ ၃ ပြီးတော့ ရှောလမုန်က အဲဒီလူစုကြီးနဲ့အတူ ဂိဗောင်မြို့မှာရှိတဲ့ အထွတ်အမြတ်နေရာကို+ သွားတယ်။ တောကန္တာရမှာ ယေဟောဝါရဲ့ကျွန် မောရှေ ဆောက်ခဲ့တဲ့တဲတော်၊ စစ်မှန်တဲ့ဘုရားသခင်ရဲ့ တွေ့ဆုံရာတဲတော်က အဲဒီမှာ ရှိနေလို့ပဲ။ ၄ ဘုရားသခင်ရဲ့ သေတ္တာတော်ကိုတော့ ဒါဝိဒ်က ကိရယတ်ယာရိမ်မြို့ကနေ+ သယ်လာပြီး ဂျေရုဆလင်မြို့မှာရှိတဲ့ သူဆောက်တဲ့ တဲထဲမှာ ထားတယ်။+ ၅ ဟုရရဲ့မြေး၊ ဥရိရဲ့သား ဗေဇလေလ+ လုပ်ခဲ့တဲ့ ကြေးနီပူဇော်ရာပလ္လင်က+ ယေဟောဝါရဲ့ တဲတော်ရှေ့မှာ ရှိတယ်။ ရှောလမုန်နဲ့ လူစုကြီးက အဲဒီပလ္လင်ရှေ့မှာ ဆုတောင်းလေ့ရှိတယ်။ ၆ အခုလည်း ရှောလမုန်က ယေဟောဝါရှေ့မှာ အလှူတွေ ဆက်သတယ်။ တွေ့ဆုံရာတဲတော်မှာရှိတဲ့ ကြေးနီပူဇော်ရာပလ္လင်ပေါ်မှာ+ မီးရှို့ရာအလှူ ၁,၀၀၀ ဆက်သတယ်။
၇ အဲဒီည ရှောလမုန်ရဲ့ အိပ်မက်ထဲမှာ ဘုရားသခင် ရောက်လာပြီး “မင်းလိုချင်တာ တောင်းပါ။ ငါပေးမယ်” လို့ပြောတော့၊+ ၈ ရှောလမုန်က “ကိုယ်တော်ဟာ ခမည်းတော်ဒါဝိဒ်ကို+ ကြီးမားခိုင်မြဲတဲ့မေတ္တာ ပြခဲ့ပါပြီ။ ကျွန်တော့်ကိုလည်း မင်းမြှောက်ပါပြီ။+ ၉ ယေဟောဝါဘုရား၊ မြေမှုန့်လို များပြားလှတဲ့+ ဒီလူမျိုးကို အုပ်စိုးဖို့ ကျွန်တော့်ကို မင်းမြှောက်ပါပြီ။ ဒါကြောင့် ခမည်းတော်ဒါဝိဒ်ကို ပေးခဲ့တဲ့ ကတိတော်အတိုင်း ဖြစ်လာပါစေ။+ ၁၀ လူမျိုးတော်ကို ဦးဆောင်နိုင်ဖို့ ကျွန်တော့်ကို ဉာဏ်ပညာနဲ့ အသိပညာ+ ပေးသနားပါ။ ဒီလောက်များတဲ့ လူတွေကို ကျွန်တော် ဘယ်လိုလုပ် တရားစီရင်နိုင်မှာလဲ”+ ဆိုပြီး တောင်းဆိုတယ်။
၁၁ ဒါနဲ့ ဘုရားသခင်က “မင်းဟာ စည်းစိမ်ကြွယ်ဝဖို့၊ ဂုဏ်အသရေရှိဖို့၊ အသက်ရှည်ရှည် နေရဖို့၊ မင်းကိုမုန်းတဲ့သူတွေ သေကျေပျက်စီးဖို့ မတောင်းဘဲ ငါအုပ်ချုပ်ခိုင်းတဲ့ လူမျိုးကို တရားစီရင်နိုင်ဖို့ ဉာဏ်ပညာနဲ့ အသိပညာကို တောင်းတဲ့အတွက်၊+ မင်းမှာ အဲဒီဆန္ဒ ရှိတဲ့အတွက်၊ ၁၂ ဉာဏ်ပညာနဲ့ အသိပညာကို ငါပေးမယ်။ မင်းထက်အရင် နန်းတက်ခဲ့သူတွေ၊ နောက်မှ တက်လာမယ့်သူတွေထဲမှာ ဘယ်ဘုရင်မှ မရဖူးတဲ့ စည်းစိမ်ချမ်းသာနဲ့ ဂုဏ်အသရေကိုလည်း ပေးဦးမယ်” လို့ပြောတယ်။+
၁၃ အဲဒီနောက် ရှောလမုန်က ဂိဗောင်မြို့မှာရှိတဲ့ အထွတ်အမြတ်နေရာ၊+ တွေ့ဆုံရာတဲတော်ကနေ ဂျေရုဆလင်မြို့ကို ပြန်လာတယ်။ ပြီးတော့ အစ္စရေးတွေကို အုပ်ချုပ်တယ်။ ၁၄ မြင်းရထားတွေ၊ မြင်းတွေကို သူစုဆောင်းလေ့ရှိတယ်။ သူ့မှာ မြင်းရထား ၁,၄၀၀၊ မြင်း ၁၂,၀၀၀ ရှိပြီး+ အဲဒါတွေကို မြင်းရထားမြို့တွေမှာ+ ထားတယ်။ သူစံမြန်းတဲ့ ဂျေရုဆလင်မြို့မှာလည်း ထားတယ်။+ ၁၅ မင်းကြီးက ဂျေရုဆလင်မြို့မှာ ရွှေငွေတွေကို ကျောက်ခဲတွေလို၊+ သစ်ကတိုးသားတွေကို ရှဖိလာအရပ်မှာရှိတဲ့ သဖန်းပိုးစာပင်တွေလို ပေါများစေတယ်။+ ၁၆ ရှောလမုန်အတွက် မြင်းတွေကို အီဂျစ်ပြည်ကနေ တင်သွင်းတယ်။+ ဘုရင့်ကုန်သည်အဖွဲ့က မြင်းအုပ်တွေကို ပေါက်ဈေးပေးပြီး ဝယ်တတ်ကြတယ်။*+ ၁၇ မြင်းရထားတစ်စီးကို ငွေစ ၆၀၀၊ မြင်းတစ်ကောင်ကို ၁၅၀ နဲ့ဝယ်ပြီး အီဂျစ်ပြည်ကနေ တင်သွင်းတယ်။ အဲဒါတွေကို ဟိတ္တိဘုရင်တွေနဲ့ ဆီးရီးယားဘုရင်တွေဆီ ပြန်တင်ပို့ကြတယ်။