၂ ရာဇဝင်ချုပ်
၃ ရှောလမုန်က ဂျေရုဆလင်မြို့၊ မောရိတောင်ပေါ်မှာ+ ယေဟောဝါရဲ့ အိမ်တော်ကို စတင်တည်ဆောက်တယ်။+ အဲဒီနေရာဟာ ခမည်းတော်ဒါဝိဒ်ကို ယေဟောဝါ ထင်ရှားပြခဲ့တဲ့နေရာ၊+ ယေဗုသိလူမျိုး သြရနန်ရဲ့ကောက်နယ်တလင်းမှာ+ ဒါဝိဒ်ပြင်ဆင်ခဲ့တဲ့နေရာပဲ။ ၂ ရှောလမုန် နန်းစံလေးနှစ်မြောက်၊ ဒုတိယလ၊ နှစ်ရက်နေ့မှာ စတင်တည်ဆောက်တယ်။ ၃ စစ်မှန်တဲ့ဘုရားသခင်ရဲ့ အိမ်တော်ကို တည်ဆောက်ဖို့ ရှောလမုန်ချခဲ့တဲ့ အုတ်မြစ်ဟာ ရှေးအတိုင်းအတာအရ* အလျားအတောင် ၆၀၊ အနံအတောင် ၂၀ ရှိတယ်။+ ၄ အိမ်တော် မျက်နှာစာမှာရှိတဲ့ မုခ်ဦးရဲ့အလျားက အိမ်တော်ရဲ့အနံနဲ့ အတူတူပဲ၊ အလျား အတောင် ၂၀ ရှိတယ်။ အမြင့် အတောင် ၁၂၀ ရှိတယ်။ မုခ်ဦးအတွင်းပိုင်းကို ရွှေစင်နဲ့ ရွှေချတယ်။+ ၅ ပင်မအခန်းကို ဂျူနီပါ ထင်းရှူးသားနဲ့ ကာပြီး ရွှေစင်နဲ့ရွှေချတယ်။+ စွန်ပလွံပင်ပုံတွေ၊+ ကြိုးတွေနဲ့ အလှဆင်တယ်။+ ၆ ဒါ့အပြင် အိမ်တော်ကို လှပတဲ့ ကျောက်မျက်ရတနာတွေနဲ့ စီခြယ်တယ်။+ ပါရဝိမ်ပြည်ကထွက်တဲ့ ရွှေနဲ့+ မွမ်းမံတယ်။ ၇ အိမ်တော်နဲ့ ထုပ်တန်းတွေ၊ တံခါးခုံတွေ၊ နံရံတွေ၊ တံခါးတွေကို ရွှေချတယ်။+ နံရံတွေပေါ်မှာ ခေရုဗိမ်ရုပ်တွေ ထွင်းထုတယ်။+
၈ ရှောလမုန်က အသန့်ရှင်းဆုံးအခန်းကိုလည်း လုပ်တယ်။+ အခန်းရဲ့အလျားဟာ အိမ်တော်ရဲ့အနံနဲ့ အတူတူပဲ။ အလျား အတောင် ၂၀၊ အနံ အတောင် ၂၀ ရှိတယ်။ အခန်းကို ရွှေစင်တဲလင့်* ၆၀၀ နဲ့ ရွှေချတယ်။+ ၉ ရွှေသံချောင်းတွေရဲ့ အလေးချိန်က ရှယ်ကယ်* ၅၀ ရှိတယ်။ အိမ်မိုးအထက်ခန်းတွေကိုလည်း ရွှေချတယ်။
၁၀ အဲဒီနောက် အသန့်ရှင်းဆုံးအခန်းမှာ ထားဖို့ ခေရုဗိမ်နှစ်ရုပ် ထုလုပ်ပြီး ရွှေချတယ်။+ ၁၁ ခေရုဗိမ်တွေရဲ့ တောင်ပံက+ နှစ်စုံပေါင်းရင် အတောင် ၂၀ ရှည်တယ်။ ပထမခေရုဗိမ်ရဲ့ တောင်ပံတစ်ဖက်က ၅ တောင်ရှည်ပြီး အိမ်တော်နံရံနဲ့ ထိနေတယ်။ နောက်တောင်ပံတစ်ဖက်လည်း ၅ တောင်ရှည်ပြီး ဒုတိယခေရုဗိမ်ရဲ့ တောင်ပံနဲ့ ထိနေတယ်။ ၁၂ ဒုတိယခေရုဗိမ်ရဲ့ တောင်ပံတစ်ဖက်က ၅ တောင်ရှည်ပြီး အိမ်တော်နံရံနဲ့ ထိနေတယ်။ နောက်တောင်ပံတစ်ဖက်လည်း ၅ တောင်ရှည်ပြီး ပထမခေရုဗိမ်ရဲ့တောင်ပံနဲ့ ထိနေတယ်။ ၁၃ အဲဒီခေရုဗိမ်တွေရဲ့ ဖြန့်ထားတဲ့တောင်ပံတွေက အတောင် ၂၀ ရှိတယ်။ သူတို့က အတွင်းဘက်ကို* မျက်နှာမူပြီး ရပ်နေတယ်။
၁၄ ဒါ့အပြင် အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်၊ ချည်ချောတွေနဲ့ ကန့်လန့်ကာ+ ရက်လုပ်တယ်။ အဲဒီကန့်လန့်ကာပေါ်မှာ ခေရုဗိမ်ပုံတွေ ပေါ်အောင် ရက်လုပ်တယ်။+
၁၅ အဲဒီနောက် အိမ်တော်ရှေ့မှာ ၃၅ တောင်မြင့်တဲ့ တိုင်နှစ်တိုင်+ လုပ်တယ်။ တိုင်တစ်တိုင်စီရဲ့ ထိပ်ဖူးက ၅ တောင်မြင့်တယ်။+ ၁၆ ဒါ့အပြင် ကြိုးတွေကို ဘယက်ပုံလုပ်ပြီး ထိပ်ဖူးမှာ တပ်တယ်။ သလဲသီး ၁၀၀ ကိုလည်းလုပ်ပြီး အဲဒီကြိုးတွေမှာ ချိတ်ဆွဲလိုက်တယ်။ ၁၇ ပြီးတော့ အဲဒီတိုင်တွေကို ဗိမာန်တော်ရှေ့ ညာဘက်မှာ တစ်တိုင်၊ ဘယ်ဘက်မှာ တစ်တိုင် စိုက်ထူလိုက်တယ်။ ညာဘက်တိုင်ကို ယာခိန်၊* ဘယ်ဘက်တိုင်ကို ဗောဇ* လို့နာမည်ပေးတယ်။