ယောဘ
၁၀ “အသက်ရှင်ရတာကို ကျုပ် ရွံမုန်းလှပြီ။+
မကျေနပ်ချက်တွေကို ဖွင့်ချလိုက်တော့မယ်။
ခါးသီးနာကြည်းစိတ်နဲ့ ပြောတော့မယ်။
၂ ဘုရားသခင်ကို ပြောမယ်– ‘ကျွန်တော့်ကို အပြစ်ရှိသူလို့ မသတ်မှတ်ပါနဲ့။
ကျွန်တော့်ကို ဘာလို့ အမှုလုပ်ရတာလဲဆိုတာ ပြောပြပါ။
၃ လူဆိုးရဲ့ အကြံဉာဏ်ကို လက်ခံတာ၊
ဖန်ဆင်းထားတဲ့လက်ရာကို ဖိနှိပ်တာ၊ အထင်အမြင်သေးတာက+
ကိုယ်တော့်ကို အကျိုးပေးလို့လား။
၄ လူတွေရဲ့ မျက်စိမျိုး ကိုယ်တော့်မှာ ရှိသလား။
သေမျိုးဖြစ်တဲ့လူတွေ မြင်သလို ကိုယ်တော်မြင်သလား။
၅ ကိုယ်တော့်နေ့ရက်တွေဟာ လူတွေရဲ့ နေ့ရက်တွေလိုပဲလား။
ကိုယ်တော့်နှစ်တွေဟာ လူတွေရဲ့ နှစ်တွေလိုပဲလား။+
၆ ဒါကြောင့် ကျွန်တော့်အမှားကို ရှာနေတာလား။
ကျွန်တော့်အပြစ်ကို လိုက်ကြည့်နေတာလား။+
၇ ကျွန်တော် အပြစ်မရှိမှန်း ကိုယ်တော် သိပါတယ်။+
ဒါပေမဲ့ ကိုယ်တော့်လက်ကနေ ကျွန်တော့်ကို ဘယ်သူမှ မကယ်နိုင်ဘူး။+
၈ ကျွန်တော့်ကို ကိုယ်တော်ပဲ ပုံသွင်းပြုလုပ်ခဲ့တာလေ။+
အခုတော့ ပြန်ဖျက်ဆီးနေပါလား။
၉ ကျွန်တော့်ကို ရွှံ့စေးနဲ့လုပ်ထားတယ်ဆိုတာ သတိရပါဦး။+
အခုတော့ မြေမှုန့်ထဲ ပြန်သွားခိုင်းနေပါလား။+
၁၀ ကိုယ်တော်က ကျွန်တော့်ကို နွားနို့လို လောင်းပြီး
ဒိန်ခဲလို ခဲစေခဲ့တယ်။
၁၁ ကျွန်တော့်ကိုယ်ခန္ဓာကို အရေပြားတွေ၊ အသားတွေနဲ့ ဖုံးလွှမ်းပေးပြီး
အရိုးတွေ၊ အရွတ်တွေနဲ့ ဖွဲ့စည်းပေးခဲ့တယ်။+
၁၂ ကျွန်တော့်ကို အသက်ပေးခဲ့တယ်။ ခိုင်မြဲတဲ့မေတ္တာ ပြခဲ့တယ်။
ကျွန်တော့်အသက်စွမ်းအားကို ကာကွယ်စောင့်ရှောက်ခဲ့တယ်။+
၁၃ ဒါပေမဲ့ ကျွန်တော့်ကို ဒုက္ခပေးဖို့ တိတ်တဆိတ် ကြံစည်တယ်။
ဒီဒုက္ခတွေ ကိုယ်တော့်ဆီက လာမှန်း ကျွန်တော် သိပါတယ်။
၁၄ ကျွန်တော် အပြစ်လုပ်တဲ့အခါ ကိုယ်တော် စောင့်ကြည့်နေတယ်။+
အမှားတွေကို ခွင့်မလွှတ်ဘူး။
၁၅ ကျွန်တော် အပြစ်ရှိရင်လည်း အဖြစ်ဆိုးလွန်းပါတယ်။
အပြစ်မရှိပြန်တော့လည်း သိက္ခာကျပြီး ဒုက္ခရောက်နေလို့+
ခေါင်းမော့နိုင်မှာ မဟုတ်ပါဘူး။+
၁၆ ခေါင်းမော့မိရင် ကိုယ်တော်က ခြင်္သေ့ပျိုလို လိုက်ဖမ်းဦးမယ်။+
ကျွန်တော့်ကို ဒဏ်ပေးဖို့ တန်ခိုးပြဦးမယ်။
၁၇ ကိုယ်တော်က သက်သေတွေ တစ်ယောက်ပြီးတစ်ယောက် ခေါ်လာတယ်။
အမျက်ထွက်တဲ့အတွက်
ကျွန်တော့်မှာ ဒုက္ခတစ်ခုပြီးတစ်ခု ကြုံနေရတယ်။
၁၈ ကျွန်တော့်ကို အမေ့ဝမ်းထဲကနေ ဘာလို့ ထုတ်ခဲ့တာလဲ။+
တကယ်ဆို ဘယ်သူမှမမြင်ခင် သေခဲ့ရမှာ။
၁၉ အဲဒါမှ ကျွန်တော်ဟာ တစ်ခါမှ မရှိခဲ့ဖူးသူလို ဖြစ်သွားမှာ။
အမေ့ဝမ်းထဲကနေ သင်္ချိုင်းကို တန်းရောက်သွားမှာ။’
၂၀ ကျုပ်ရဲ့နေ့ရက်တွေ သိပ်မကျန်တော့ပါဘူး။+ ဒါကြောင့် ဘုရားက ကျုပ်ကို ပစ်ထားလိုက်ပါစေ။
ကျုပ်မသွားခင် စိတ်သက်သာရာရအောင် အကြည့်လွှဲပေးပါစေ။+
၂၁ ကျုပ် သွားပြီးရင် ပြန်မလာတော့ဘူး။+
ပိန်းပိတ်အောင် မှောင်တဲ့ပြည်၊+
၂၂ အမှောင်ထု ကြီးစိုးတဲ့ပြည်၊
မှောင်မိုက်ပြီး ပရမ်းပတာ ဖြစ်နေတဲ့ပြည်ကို သွားရမှာ။
အဲဒီမှာ အလင်းကတောင် အမှောင်လိုဖြစ်နေတာ။”