ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ရှောလမုန်သီချင်း ၄
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

မာတိကာ

    • ဂျေရုဆလင်မြို့သူ ရှုလမိုက် (၃:၆–၈:၄)

ရှောလမုန်သီချင်း ၄:၁

ကျမ်းညွှန်းများ

  • +တလ ၃၂:၁; တရ ၃:၁၂; သီ ၆:၅-၇

ရှောလမုန်သီချင်း ၄:၄

ကျမ်းညွှန်းများ

  • +သီ ၁:၁၀
  • +နေ ၃:၂၅; သီ ၇:၄
  • +၂ရှ ၈:၇; ၂ဘု ၁၁:၁၀

ရှောလမုန်သီချင်း ၄:၅

ကျမ်းညွှန်းများ

  • +သီ ၇:၃

ရှောလမုန်သီချင်း ၄:၆

ကျမ်းညွှန်းများ

  • +ဒေ ၂:၅

ရှောလမုန်သီချင်း ၄:၇

ကျမ်းညွှန်းများ

  • +သီ ၄:၁

ရှောလမုန်သီချင်း ၄:၈

အောက်ခြေမှတ်ချက်များ

  • *

    ဒါမှမဟုတ်၊ “လက်ဘနွန်အရှေ့ရိုးမ။”

ကျမ်းညွှန်းများ

  • +တရ ၃:၂၅
  • +တရ ၃:၈၊ ၉; ဆ ၁၃၃:၃

ရှောလမုန်သီချင်း ၄:၉

ကျမ်းညွှန်းများ

  • +ပ ၅:၁၈၊ ၁၉

ရှောလမုန်သီချင်း ၄:၁၀

ကျမ်းညွှန်းများ

  • +သီ ၇:၁၂
  • +သီ ၁:၂၊ ၄
  • +ဧသ ၂:၁၂; သီ ၁:၁၂

ရှောလမုန်သီချင်း ၄:၁၁

ကျမ်းညွှန်းများ

  • +ပ ၁၆:၂၄
  • +သီ ၅:၁

ရှောလမုန်သီချင်း ၄:၁၃

အောက်ခြေမှတ်ချက်များ

  • *

    “မင်းရဲ့ အသားအရေဟာ” လည်းဖြစ်နိုင်။

  • *

    ဒါမှမဟုတ်၊ “ပရဒိသုပဲ။”

ရှောလမုန်သီချင်း ၄:၁၄

ကျမ်းညွှန်းများ

  • +ယဟ ၁၂:၃
  • +ရှာ ၄၃:၂၄
  • +ပ ၇:၁၇
  • +ဆ ၄၅:၈
  • +ထွ ၃၀:၂၃၊ ၂၄၊ ၃၄; ယဇ ၂၇:၂၊ ၂၂

ရှောလမုန်သီချင်း ၄:၁၅

ကျမ်းညွှန်းများ

  • +ယေ ၁၈:၁၄

အထွေထွေ

သီ. ၄:၁တလ ၃၂:၁; တရ ၃:၁၂; သီ ၆:၅-၇
သီ. ၄:၄သီ ၁:၁၀
သီ. ၄:၄နေ ၃:၂၅; သီ ၇:၄
သီ. ၄:၄၂ရှ ၈:၇; ၂ဘု ၁၁:၁၀
သီ. ၄:၅သီ ၇:၃
သီ. ၄:၆ဒေ ၂:၅
သီ. ၄:၇သီ ၄:၁
သီ. ၄:၈တရ ၃:၂၅
သီ. ၄:၈တရ ၃:၈၊ ၉; ဆ ၁၃၃:၃
သီ. ၄:၉ပ ၅:၁၈၊ ၁၉
သီ. ၄:၁၀သီ ၇:၁၂
သီ. ၄:၁၀သီ ၁:၂၊ ၄
သီ. ၄:၁၀ဧသ ၂:၁၂; သီ ၁:၁၂
သီ. ၄:၁၁ပ ၁၆:၂၄
သီ. ၄:၁၁သီ ၅:၁
သီ. ၄:၁၄ယဟ ၁၂:၃
သီ. ၄:၁၄ရှာ ၄၃:၂၄
သီ. ၄:၁၄ပ ၇:၁၇
သီ. ၄:၁၄ဆ ၄၅:၈
သီ. ၄:၁၄ထွ ၃၀:၂၃၊ ၂၄၊ ၃၄; ယဇ ၂၇:၂၊ ၂၂
သီ. ၄:၁၅ယေ ၁၈:၁၄
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ရှောလမုန်သီချင်း ၄:၁-၁၆

ရှောလမုန်သီချင်း

၄ “အို မောင့်ချစ်သူ၊ မင်းလေး လှလိုက်တာ။ တကယ်လှတယ်ဗျာ။

ဇာပဝါနဲ့ ကွယ်ထားတဲ့ မင်းရဲ့မျက်လုံးတွေဟာ

ချိုးငှက်ရဲ့ မျက်လုံးလေးတွေလိုပဲ။

မင်းရဲ့ဆံပင်တွေဟာ ဂိလဒ်တောင်တန်းတွေကနေ ဆင်းလာတဲ့

ဆိတ်အုပ်လိုပါပဲ။+

 ၂ မင်းရဲ့ သွားလေးတွေဟာ

ရေချိုးပြီး တက်လာတဲ့ အမွေးညှပ်ပြီးစ သိုးအုပ်နဲ့တူတယ်။

အားလုံး ညီညာသွယ်တန်းနေတယ်။

တစ်ချောင်းမှ မလျော့ဘူး။

 ၃ မင်းရဲ့နှုတ်ခမ်းလေးတွေဟာ ကြက်သွေးရောင် ဖဲကြိုးလေးလိုပဲ။

မင်းပြောတဲ့ စကားတွေ ချိုသာလှတယ်။

ဇာပဝါနဲ့ ကွယ်ထားတဲ့ ပါးပြင်ဟာ

သလဲသီးစိတ်နဲ့ တူတယ်။

 ၄ မင်းရဲ့လည်တိုင်ဟာ+ ဒါဝိဒ်မျှော်စင်နဲ့ တူတယ်။+

ကျောက်တွေစီတန်းပြီး ဆောက်ထားတဲ့ အဲဒီမျှော်စင်မှာ

စစ်သူရဲတွေရဲ့ ဒိုင်းဝိုင်းတစ်ထောင် ချိတ်ဆွဲထားတယ်။+

 ၅ မင်းရဲ့ရင်သားဟာ

နှင်းပန်းတွေကြားမှာ ကျက်စားနေတဲ့

ဒရယ်အမြွှာလေး နှစ်ကောင်နဲ့ တူတယ်။”+

 ၆ “လေပြည် မသွေးခင်၊ အရိပ်တွေ မကွယ်ပျောက်ခင်

မုရန်တောင်တန်းနဲ့ လောဗန်တောင်ကုန်းဆီ

ကျွန်မသွားမယ်။”+

 ၇ “မောင့်ချစ်သူ၊ မင်းဟာ သိပ်လှတာပဲ။+

ပြစ်မျိုးမှဲ့မထင်လေးပါပဲ။

 ၈ အို မောင့်သတို့သမီး၊ လက်ဘနွန်ကို ထားရစ်ပြီး မောင်ခေါ်ရာ လိုက်ခဲ့ပါ။

လက်ဘနွန်ကို ထားရစ်ပြီး မောင်နဲ့အတူ လိုက်ခဲ့ပါတော့။+

အာမန* တောင်ထိပ်၊ စိနဲတောင်ထိပ်၊

ဟေရမုန်တောင်ထိပ်၊+ ခြင်္သေ့ခိုအောင်းတဲ့ ဂူတွေ၊

ကျားသစ်ကျက်စားရာ တောင်တန်းတွေပေါ်ကနေ ဆင်းလာခဲ့ပါတော့။

 ၉ အို မောင့်နှမ၊ မောင့်သတို့သမီး၊ မင်းက မောင့်နှလုံးသားကို သိမ်းပိုက်လိုက်ပြီပဲ။+

အကြည့်တစ်ချက်လေးနဲ့၊ လည်ဆွဲတစ်စွန်းတစ်စလေးနဲ့

မောင့်နှလုံးသားကို သိမ်းပိုက်လိုက်ပြီပဲ။

၁၀ အို မောင့်နှမ၊ မောင့်သတို့သမီး၊ မင်းရဲ့ ချစ်ခင်ယုယမှုတွေဟာ ကြည်နူးစရာ ကောင်းလိုက်တာ။+

မင်းရဲ့ ချစ်ခင်ယုယမှုတွေဟာ စပျစ်ဝိုင်ထက် အဆမတန် ကောင်းတယ်။+

မင်းဆွတ်ထားတဲ့ ဆီမွှေးဟာ အမွှေးနံ့သာ အားလုံးထက် ပိုမွှေးတယ်။+

၁၁ အို မောင့်သတို့သမီး၊ မင်းရဲ့ နှုတ်ခမ်းကနေ ပျားရည်တွေ တစက်စက် ယိုကျနေတယ်။+

မင်းရဲ့လျှာအောက်မှာ နို့ရည်နဲ့ပျားရည် ရှိတယ်။+

မင်းရဲ့အဝတ်အစားတွေဟာ လက်ဘနွန်တောင်ရဲ့ရနံ့လို သင်းပျံ့နေတယ်။

၁၂ မောင့်နှမ၊ မောင့်သတို့သမီး၊ မင်းဟာ တံတိုင်းခတ်ထားတဲ့ ဥယျာဉ်နဲ့တူတယ်။

မင်းဟာ တံတိုင်းခတ်ထားတဲ့ ဥယျာဉ်ပါ။ ချိပ်ပိတ်ထားတဲ့ ရေတွင်းပါ။

၁၃ မင်းရဲ့ အညွန့်လေးတွေဟာ* သလဲသီး ဥယျာဉ်ပဲ။*

အဲဒီဥယျာဉ်ထဲမှာ အကောင်းဆုံးအသီးတွေ၊ ဒန်းပင်တွေ၊ နာဒုဆီမွှေးပင်တွေ ဝေဆာနေတယ်။

၁၄ နာဒုဆီမွှေးပင်၊+ ကုံကုမံပင်၊ ကြံမွှေးပင်၊+

သစ်ကြံပိုးပင်၊+ လောဗန်ပင်အမျိုးမျိုး၊ မုရန်သစ်စေးပင်၊

အကျော်ပင်၊+ အကောင်းဆုံး အမွှေးနံ့သာပင် အမျိုးမျိုး ဝေဆာနေတယ်။+

၁၅ မင်းဟာ ဥယျာဉ်ထဲက စမ်းရေတွင်း၊ သောက်ရေတွင်းပဲ။

လက်ဘနွန်ကနေ စီးဆင်းလာတဲ့ စမ်းချောင်းလေးပဲ။+

၁၆ အို မြောက်လေ၊ နိုးထပါတော့။

အို တောင်လေ၊ တိုက်ခတ်ပါတော့။

ငါ့ဥယျာဉ်မှာ လေပြည်သွေးပါတော့။

ဥယျာဉ်ထဲက မွှေးရနံ့တွေ သင်းပျံ့ပါစေ။”

“ကျွန်မရဲ့ချစ်သူက သူ့ဥယျာဉ်ထဲ ဝင်လာပြီး

အကောင်းဆုံး သစ်သီးတွေ စားသုံးပါစေ။”

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ