ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ရှောလမုန်သီချင်း ၅
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

မာတိကာ

    • ဂျေရုဆလင်မြို့သူ ရှုလမိုက် (၃:၆–၈:၄)

ရှောလမုန်သီချင်း ၅:၁

ကျမ်းညွှန်းများ

  • +သီ ၄:၁၆
  • +သီ ၄:၁၃၊ ၁၄
  • +သီ ၄:၁၁
  • +သီ ၁:၂

ရှောလမုန်သီချင်း ၅:၂

ကျမ်းညွှန်းများ

  • +သီ ၃:၁
  • +လု ၂:၈

ရှောလမုန်သီချင်း ၅:၆

အောက်ခြေမှတ်ချက်များ

  • *

    “သူစကားပြောတော့ ကျွန်မ သတိလက်လွတ် ဖြစ်သွားတယ်” လည်းဖြစ်နိုင်။

ကျမ်းညွှန်းများ

  • +သီ ၃:၁၊ ၃

ရှောလမုန်သီချင်း ၅:၁၁

အောက်ခြေမှတ်ချက်များ

  • *

    “ဆံသားတွေဟာ စွန်ပလွံသီးပြွတ်တွေနဲ့” လည်းဖြစ်နိုင်။

ရှောလမုန်သီချင်း ၅:၁၂

အောက်ခြေမှတ်ချက်များ

  • *

    “ကန်ဘောင်မှာ” လည်းဖြစ်နိုင်။

ရှောလမုန်သီချင်း ၅:၁၃

ကျမ်းညွှန်းများ

  • +သီ ၆:၂
  • +သီ ၁:၁၃

ရှောလမုန်သီချင်း ၅:၁၅

ကျမ်းညွှန်းများ

  • +ဆ ၉၂:၁၂

ရှောလမုန်သီချင်း ၅:၁၆

ကျမ်းညွှန်းများ

  • +သီ ၂:၃

အထွေထွေ

သီ. ၅:၁သီ ၄:၁၆
သီ. ၅:၁သီ ၄:၁၃၊ ၁၄
သီ. ၅:၁သီ ၄:၁၁
သီ. ၅:၁သီ ၁:၂
သီ. ၅:၂သီ ၃:၁
သီ. ၅:၂လု ၂:၈
သီ. ၅:၆သီ ၃:၁၊ ၃
သီ. ၅:၁၃သီ ၆:၂
သီ. ၅:၁၃သီ ၁:၁၃
သီ. ၅:၁၅ဆ ၉၂:၁၂
သီ. ၅:၁၆သီ ၂:၃
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ရှောလမုန်သီချင်း ၅:၁-၁၆

ရှောလမုန်သီချင်း

၅ “အို မောင့်နှမ၊ မောင့်သတို့သမီး၊

မောင့်ဥယျာဉ်ထဲ ဝင်ခဲ့ပြီ။+

မုရန်သစ်စေးပင်နဲ့ အမွှေးနံ့သာပင်ကို ဆွတ်ခူးပြီ။+

ပျားလပို့နဲ့ ပျားရည်ကို စားလိုက်ပြီ။

စပျစ်ဝိုင်နဲ့ နို့ကိုလည်း သောက်လိုက်ပြီ။”+

“အို ချစ်သူငယ်ချင်းတို့၊ စားကြပါ၊ သောက်ကြပါ။

ချစ်ခင်ယုယမှုတွေနဲ့ ယစ်မူးနေကြပါ။”+

 ၂ “ကျွန်မ အိပ်ပျော်နေပေမဲ့ နှလုံးသားကတော့ နိုးနေတယ်။+

ချစ်သူ တံခါးခေါက်နေတဲ့ အသံပဲ။”

“မောင့်နှမ၊ မောင့်ချစ်သူ၊

မောင့်ချိုးငှက်လေး၊ ခြောက်ပြစ်ကင်းသူလေး၊

တံခါးဖွင့်လှည့်ပါ။

မောင့်ခေါင်းမှာ နှင်းတွေစိုနေလို့၊ ဆံပင်တွေလည်း ညနှင်းစက်တွေ ရွှဲနေလို့ပါ။”+

 ၃ “‘ကျွန်မ ဝတ်ရုံချွတ်ပြီးပြီ။

ပြန်ဝတ်ရမှာလား။

ခြေလည်း ဆေးပြီးပြီ။

ညစ်ပေအောင် ပြန်လုပ်ရမှာလား။’

 ၄ ချစ်သူက မင်းတုပ်လျှိုတဲ့ အပေါက်ကနေ လက်ကို ပြန်ရုပ်လိုက်တဲ့အခါ

ကျွန်မရင်ထဲမှာ ဝမ်းနည်းလှိုက်ဖိုမိတယ်။

 ၅ ချစ်သူကို တံခါးဖွင့်ပေးဖို့ ထလိုက်တဲ့အခါ

ကျွန်မလက်ကနေ မုရန်သစ်စေးတွေ၊

လက်ချောင်းတွေကနေ မုရန် ဆီတွေ

မင်းတုပ်ပေါ် စီးကျလာတယ်။

 ၆ တံခါးဖွင့်ပေးလိုက်တဲ့အခါ

ချစ်သူမောင်က လှည့်ထွက်သွားနှင့်ပြီ။

သူထွက်သွားတော့ ကျွန်မ စိတ်ထိခိုက်လိုက်တာ။*

သူ့ကိုရှာတာ မတွေ့ပါလား။+

သူ့ကိုခေါ်နေတာ ပြန်မထူးပါလား။

 ၇ မြို့ထဲမှာ ကင်းလှည့်နေတဲ့ ကင်းစောင့်တွေက ကျွန်မကို တွေ့သွားတဲ့အခါ

ဒဏ်ရာရတဲ့အထိ ရိုက်နှက်ကြတယ်။

မြို့ရိုးပေါ်က ကင်းစောင့်တွေကလည်း ကျွန်မရဲ့ ခြုံထည်ကို ဆွဲယူကြတယ်။

 ၈ အို ဂျေရုဆလင် သမီးပျိုတို့၊

ချစ်သူကို တွေ့ခဲ့ရင်

ကျွန်မ လွမ်းနာကျနေတဲ့ အကြောင်း ပြောပေးမယ်လို့ သစ္စာဆိုကြပါ။”

 ၉ “အို အလှဆုံးမိန်းကလေး၊

နင့်ချစ်သူဟာ သူများရဲ့ချစ်သူတွေထက် ဘယ်လိုများသာလို့လဲ။

ငါတို့ကို အဲဒီလို သစ္စာဆိုခိုင်းရလောက်အောင်

နင့်ချစ်သူဟာ သူများရဲ့ချစ်သူတွေထက် ဘယ်လိုများသာလို့လဲ။”

၁၀ “ကျွန်မရဲ့ ချစ်သူဟာ ထူးခြား ထင်ပေါ်တဲ့သူပါ။ သူ့အသားအရေဟာ စိုပြည်နီမြန်းနေတယ်။

လူတစ်သောင်း အလယ်မှာတောင် ထင်းခနဲ ပေါ်လွင်တယ်။

၁၁ သူ့ခေါင်းဟာ ရွှေစင်ပဲ။

ဆံသားတွေဟာ လှိုင်းတွန့်နေတဲ့ စွန်ပလွံခက်တွေနဲ့* တူတယ်။

ကျီးနက်ကြီးလို နက်မှောင်နေတယ်။

၁၂ သူ့မျက်လုံးတွေဟာ စမ်းချောင်းဘေးမှာ နို့ရည်ကိုချိုးပြီး

ကန်အစွန်းမှာ* နားနေတဲ့

ချိုးငှက်လေးတွေလိုပဲ။

၁၃ သူ့ရဲ့ပါးပြင်ဟာ အမွှေးနံ့သာခင်းနဲ့ တူတယ်။+

မွှေးကြိုင်တဲ့ ဆေးပင်တွေ ပေါက်နေတဲ့ တောင်ပို့လေးလိုပဲ။

နှုတ်ခမ်းဟာ မုရန်ဆီတွေ တစက်စက်ယိုနေတဲ့ နှင်းပန်းဆိုပါတော့။+

၁၄ သူ့လက်ချောင်းတွေဟာ ပြောင်ခေါင်းစိမ်း မြှုပ်ထားတဲ့ ရွှေချောင်းတွေနဲ့ တူတယ်။

ဝမ်းဗိုက်ဟာ နီလာကျောက်စီခြယ်ထားတဲ့ ပြောင်ချောနေတဲ့ ဆင်စွယ်နဲ့ တူတယ်။

၁၅ သူ့ခြေထောက်တွေဟာ ရွှေစင်ပြားပေါ် စိုက်ထူထားတဲ့ စကျင်ကျောက်တိုင်တွေနဲ့ တူတယ်။

ရုပ်သွင်ဟာ လက်ဘနွန်တောင်လို ခံ့ညားတယ်။ သစ်ကတိုးပင်တွေလို ပြိုင်စံရှားတယ်။+

၁၆ သူ့နှုတ်ခမ်းဟာ ချိုမြတယ်။

သူနဲ့ပတ်သက်သမျှ စွဲမက်စရာ ကောင်းတယ်။+

အို ဂျေရုဆလင် သမီးပျိုတို့၊ အဲဒါ ကျွန်မရဲ့ ချစ်သူပေါ့။ အချစ်ရဆုံးသူပေါ့။”

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ