ဟေရှာယ
၂ ယုဒပြည်၊ ဂျေရုဆလင်မြို့နဲ့ပတ်သက်ပြီး အာမွတ်ရဲ့သား ဟေရှာယမြင်ရတဲ့ စိတ်အာရုံကတော့–+
တောင်ကုန်းတွေရဲ့ အထက်မှာ ချီးမြှောက်ခံရမယ်။
အဲဒီတောင်ပေါ်ကို လူမျိုးအားလုံး တဖွဲဖွဲတက်သွားကြမယ်။+
၃ လူများစွာက တောင်ပေါ်တက်သွားရင်းနဲ့
“လာကြ။ ယေဟောဝါဘုရားရဲ့ တောင်ပေါ်၊
ယာကုပ်ရဲ့ ဘုရားသခင့်အိမ်တော်ကို တက်သွားကြစို့။+
ဘုရားက ငါတို့ကို နည်းလမ်းတော်တွေ သွန်သင်ပေးမယ်။
ဘုရားရဲ့လမ်းစဉ်အတိုင်း ငါတို့ လျှောက်လှမ်းကြမယ်”+ လို့ ပြောကြလိမ့်မယ်။
ပညတ်တော်က ဇိအုန်ကနေ၊
ယေဟောဝါရဲ့ နှုတ်ထွက်စကားက ဂျေရုဆလင်မြို့ကနေ ပေါ်ထွက်လာမယ်။+
၄ ဘုရားက လူမျိုးတွေကို တရားစီရင်မယ်။
လူများစွာရဲ့ အကျိုးအတွက် အရာရာကို ဖြေရှင်းပေးမယ်။
အဲဒီအခါ ဓားကို ထယ်သွားဖြစ်အောင်၊
လှံကို တံစဉ်ဖြစ်အောင် ထုလုပ်ကြလိမ့်မယ်။+
လူမျိုးအချင်းချင်း တိုက်ခိုက်ကြတော့မှာ မဟုတ်ဘူး။
စစ်အတတ်ပညာကိုလည်း မသင်ကြတော့ဘူး။+
၅ အို ယာကုပ်အမျိုး၊ လာကြ။
ယေဟောဝါရဲ့ အလင်းမှာ လျှောက်လှမ်းကြစို့။+
၆ ဘုရားသခင်၊ ကိုယ်တော်က လူမျိုးတော်ဖြစ်တဲ့ ယာကုပ်အမျိုးကို စွန့်ပစ်လိုက်ပြီ။+
အရှေ့အရပ်ကလာတဲ့အရာတွေ အများကြီးကို သူတို့ လက်ခံထားတာကိုး။
သူတို့က ဖိလိတိလူတွေလို မှော်အတတ် လိုက်စားကြတယ်။+
သူတို့ဆီမှာ တိုင်းတစ်ပါး သားသမီးတွေ ပြည့်နှက်နေတယ်။
၇ သူတို့ပြည်မှာ ရွှေငွေတွေကြွယ်ဝတယ်။
စည်းစိမ်ဥစ္စာတွေလည်း အတိုင်းမသိ များလှတယ်။
မြင်းတွေ ပေါများသလို
မြင်းရထားတွေလည်း အတိုင်းမသိ များလှတယ်။+
၈ တစ်တိုင်းပြည်လုံးမှာ အသုံးမဝင်တဲ့ ဘုရားတွေ ရှိတယ်။+
ကိုယ့်လက်နဲ့လုပ်ထားတဲ့အရာ၊
ကိုယ့်လက်ချောင်းနဲ့ ဖန်တီးထားတဲ့အရာတွေကို ဦးချကြတယ်။
၉ အဲဒါတွေကို ဦးချတဲ့အတွက် နိမ့်ကျသွားတယ်။
သူတို့ကို ကိုယ်တော် ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။
၁၀ ယေဟောဝါရဲ့ အမျက်တော်နဲ့ ဘုန်းတန်ခိုးအရှိန်ဟာ
ကြောက်စရာကောင်းတဲ့အတွက်
ကျောက်ဆောင်ထဲဝင်ပြီး မြေတွင်းထဲပုန်းနေကြပါ။+
၁၁ မောက်မာသူတွေ ဦးကျိုးသွားမယ်။
မာနထောင်လွှားသူတွေ နိမ့်ကျသွားမယ်။
အဲဒီနေ့မှာ ယေဟောဝါ တစ်ပါးတည်းကိုပဲ ချီးမြှောက်ကြလိမ့်မယ်။
၁၂ အဲဒီနေ့ဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့နေ့ပဲ။+
မောက်မာသူနဲ့ ဘဝင်မြင့်သူ၊
ဂုဏ်မြင့်သူနဲ့ ဂုဏ်နိမ့်သူ လူအားလုံး အဲဒီနေ့ကို ရင်ဆိုင်ရမယ်။+
၁၃ လက်ဘနွန်က မိုးထိအောင် မြင့်မားတဲ့ သစ်ကတိုးပင်တွေ၊
ဗာရှန်ပြည်က ဝက်သစ်ချပင်တွေ၊
၁၄ မြင့်မားတဲ့တောင်တန်းတွေ၊
မြင့်မားတဲ့တောင်ကုန်းတွေ၊
၁၅ မြင့်မားတဲ့မျှော်စင်နဲ့ ခိုင်ခံ့တဲ့မြို့ရိုးတွေ၊
၁၆ တာရှိသင်္ဘောတွေ၊+
လှပတဲ့လှေတွေအားလုံး အဲဒီနေ့ကို ရင်ဆိုင်ရမယ်။
၁၇ မောက်မာသူတွေ ဦးကျိုးသွားမယ်။
မာနထောင်လွှားသူတွေ နိမ့်ကျသွားမယ်။
အဲဒီနေ့မှာ ယေဟောဝါ တစ်ပါးတည်းကိုပဲ ချီးမြှောက်ကြလိမ့်မယ်။
၁၈ အသုံးမဝင်တဲ့ ဘုရားတွေ အစအနမကျန် ပျောက်ကွယ်သွားမယ်။+
၁၉ ကမ္ဘာမြေကို တုန်လှုပ်စေဖို့ ယေဟောဝါ ကြွလာတဲ့အခါ
အမျက်တော်နဲ့ ဘုန်းတန်ခိုးအရှိန်ဟာ
ကြောက်စရာကောင်းတဲ့အတွက်+
လူတွေက ကျောက်ဂူတွေ၊
မြေတွင်းတွေထဲ ဝင်ပြီး ပုန်းနေကြလိမ့်မယ်။+
၂၀ အဲဒီနေ့မှာ လူတွေဟာ သူတို့ဦးချဖို့ လုပ်ထားတဲ့
အသုံးမဝင်တဲ့ ရွှေဘုရား၊ ငွေဘုရားတွေကို
ကြွက်စုတ်တွေ၊ လင်းနို့တွေဆီ လွှင့်ပစ်ပြီး၊+
၂၁ ကျောက်တွင်းတွေ၊
ကျောက်ကြိုကျောက်ကြားတွေထဲ ဝင်နေကြလိမ့်မယ်။
ကမ္ဘာမြေ တုန်လှုပ်စေဖို့ ယေဟောဝါ ကြွလာတဲ့အခါ
အမျက်တော်နဲ့ ဘုန်းတန်ခိုးအရှိန်ဟာ
ကြောက်စရာကောင်းတဲ့အတွက် သူတို့ အဲဒီလိုပုန်းနေကြလိမ့်မယ်။
၂၂ ဒါကြောင့် နှာခေါင်းနဲ့အသက်ရှူမှ ရှင်သန်နိုင်မယ့်လူကို
ယုံကြည်ကိုးစားမနေနဲ့တော့။
လူကိုများ ဘာလို့ အရေးတယူလုပ်နေမှာလဲ။