တောလည်ရာ
၁ အီဂျစ်ပြည်ကနေ အစ္စရေးတွေ ထွက်လာပြီးနောက် ဒုတိယနှစ်၊ ဒုတိယလ၊ ပထမနေ့မှာ+ ဆိုင်းနိုင်းတောကန္တာရမှာရှိတဲ့+ တွေ့ဆုံရာတဲတော်မှာ+ မောရှေကို ယေဟောဝါ မိန့်မှာတယ်– ၂ “အစ္စရေးတစ်မျိုးလုံးကို မျိုးနွယ်စု၊ ဆွေမျိုးစုအလိုက် လူဦးရေစာရင်းကောက်ပါ။+ ယောက်ျားအားလုံးရဲ့ နာမည်ကို စာရင်းယူပါ။ ၃ မင်းနဲ့အာရုန်က အစ္စရေးစစ်တပ်မှာ စစ်မှုထမ်းနိုင်တဲ့ အသက် ၂၀ ပြည့်ပြီးသူတွေကို+ တပ်ဖွဲ့အလိုက် စာရင်းသွင်းပါ။
၄ “တစ်နွယ်စီမှာ အမျိုးသား တစ်ယောက်စီကို ခေါ်လိုက်ပါ။ သူတို့က မျိုးနွယ်စုခေါင်းဆောင်လုပ်ရမယ်။+ ၅ ရုဗင်အနွယ်မှာ ရှေဒုရရဲ့သား ဧလိဇုရ၊+ ၆ ရှိမောင်အနွယ်မှာ ဇုရိရှဒဲရဲ့သား ရှေလုမျေလ၊+ ၇ ယုဒအနွယ်မှာ အမိနဒပ်ရဲ့သား နာရှုန်၊+ ၈ အိသခါအနွယ်မှာ ဇုအာရဲ့သား နာသနေလ၊+ ၉ ဇာဗုလုန်အနွယ်မှာ ဟေလုန်ရဲ့သား ဧလျာဘ၊+ ၁၀ ယောသပ်ရဲ့ သားတွေဖြစ်တဲ့ ဧဖရိမ်အနွယ်မှာ+ အမိဟုရဲ့သား ဧလိရှမာ၊ မနာရှေအနွယ်မှာ ပေဒါဇုရရဲ့သား ဂါမလျေလ၊ ၁၁ ဗင်ယာမိန်အနွယ်မှာ ဂိဒေါနိရဲ့သား အဘိဒန်၊+ ၁၂ ဒန်အနွယ်မှာ အမိရှဒဲရဲ့သား အဟေဇာ၊+ ၁၃ အာရှာအနွယ်မှာ သြကရန်ရဲ့သား ပါဂျေလ၊+ ၁၄ ဂဒ်အနွယ်မှာ ဒွေလရဲ့သား ဧလျာသပ်၊+ ၁၅ နဿလိအနွယ်မှာ ဧနန်ရဲ့သား အဟိရတို့က+ မင်းကို ကူညီပေးလိမ့်မယ်။ ၁၆ သူတို့ဟာ အစ္စရေးတွေထဲက ဆင့်ခေါ် ခံရတဲ့ မျိုးနွယ်စုခေါင်းဆောင်တွေ၊+ အစ္စရေး ထောင်နဲ့ချီကို ဦးဆောင်တဲ့သူတွေပဲ။”+
၁၇ မောရှေနဲ့အာရုန်က နာမည်နဲ့ရွေးချယ်ခံရတဲ့ အဲဒီအမျိုးသားတွေကို ခေါ်လိုက်တယ်။ ၁၈ သူတို့က ဒုတိယလ၊ ပထမနေ့မှာ လူအားလုံးကို စုရုံးခိုင်းတယ်။ အသက် ၂၀ ပြည့်ပြီးသူတွေကို မျိုးနွယ်စု၊ ဆွေမျိုးစုအလိုက် နာမည်စာရင်းကောက်ယူဖို့ ဖြစ်တယ်။+ ၁၉ ယေဟောဝါ မိန့်မှာတဲ့အတိုင်း မောရှေက ဆိုင်းနိုင်းတောကန္တာရမှာ လူဦးရေစာရင်း ကောက်တယ်။+
၂၀ အစ္စရေးရဲ့သားဦး ရုဗင်အနွယ်ရဲ့ သားစဉ်မြေးဆက်တွေကို+ ဆွေမျိုးစု၊ အိမ်ထောင်စုအလိုက် နာမည်စာရင်းကောက်တယ်။ စစ်မှုထမ်းနိုင်တဲ့ အသက် ၂၀ ပြည့် ယောက်ျားတွေကို ရေတွက်တဲ့အခါ၊ ၂၁ ရုဗင်အနွယ်မှာ စာရင်းဝင်သူပေါင်း ၄၆,၅၀၀ ရှိတယ်။
၂၂ ရှိမောင်အနွယ်ရဲ့ သားစဉ်မြေးဆက်တွေကို+ ဆွေမျိုးစု၊ အိမ်ထောင်စုအလိုက် နာမည်စာရင်းကောက်တယ်။ စစ်မှုထမ်းနိုင်တဲ့ အသက် ၂၀ ပြည့် ယောက်ျားတွေကို ရေတွက်တဲ့အခါ၊ ၂၃ ရှိမောင်အနွယ်မှာ စာရင်းဝင်သူပေါင်း ၅၉,၃၀၀ ရှိတယ်။
၂၄ ဂဒ်အနွယ်ရဲ့ သားစဉ်မြေးဆက်တွေကို+ ဆွေမျိုးစု၊ အိမ်ထောင်စုအလိုက် နာမည်စာရင်းကောက်တယ်။ စစ်မှုထမ်းနိုင်တဲ့ အသက် ၂၀ ပြည့် ယောက်ျားတွေကို ရေတွက်တဲ့အခါ၊ ၂၅ ဂဒ်အနွယ်မှာ စာရင်းဝင်သူပေါင်း ၄၅,၆၅၀ ရှိတယ်။
၂၆ ယုဒအနွယ်ရဲ့ သားစဉ်မြေးဆက်တွေကို+ ဆွေမျိုးစု၊ အိမ်ထောင်စုအလိုက် နာမည်စာရင်းကောက်တယ်။ စစ်မှုထမ်းနိုင်တဲ့ အသက် ၂၀ ပြည့် ယောက်ျားတွေကို ရေတွက်တဲ့အခါ၊ ၂၇ ယုဒအနွယ်မှာ စာရင်းဝင်သူပေါင်း ၇၄,၆၀၀ ရှိတယ်။
၂၈ အိသခါအနွယ်ရဲ့ သားစဉ်မြေးဆက်တွေကို+ ဆွေမျိုးစု၊ အိမ်ထောင်စုအလိုက် နာမည်စာရင်းကောက်တယ်။ စစ်မှုထမ်းနိုင်တဲ့ အသက် ၂၀ ပြည့် ယောက်ျားတွေကို ရေတွက်တဲ့အခါ၊ ၂၉ အိသခါအနွယ်မှာ စာရင်းဝင်သူပေါင်း ၅၄,၄၀၀ ရှိတယ်။
၃၀ ဇာဗုလုန်အနွယ်ရဲ့ သားစဉ်မြေးဆက်တွေကို+ ဆွေမျိုးစု၊ အိမ်ထောင်စု အလိုက် နာမည်စာရင်းကောက်တယ်။ စစ်မှုထမ်းနိုင်တဲ့ အသက် ၂၀ ပြည့် ယောက်ျားတွေကို ရေတွက်တဲ့အခါ၊ ၃၁ ဇာဗုလုန်အနွယ်မှာ စာရင်းဝင်သူပေါင်း ၅၇,၄၀၀ ရှိတယ်။
၃၂ ယောသပ်ရဲ့သားတွေထဲက ဧဖရိမ်အနွယ်ရဲ့ သားစဉ်မြေးဆက်တွေကို+ ဆွေမျိုးစု၊ အိမ်ထောင်စုအလိုက် နာမည်စာရင်းကောက်တယ်။ စစ်မှုထမ်းနိုင်တဲ့ အသက် ၂၀ ပြည့် ယောက်ျားတွေကို ရေတွက်တဲ့အခါ၊ ၃၃ ဧဖရိမ်အနွယ်မှာ စာရင်းဝင်သူပေါင်း ၄၀,၅၀၀ ရှိတယ်။
၃၄ မနာရှေအနွယ်ရဲ့ သားစဉ်မြေးဆက်တွေကို+ ဆွေမျိုးစု၊ အိမ်ထောင်စုအလိုက် နာမည်စာရင်းကောက်တယ်။ စစ်မှုထမ်းနိုင်တဲ့ အသက် ၂၀ ပြည့် ယောက်ျားတွေကို ရေတွက်တဲ့အခါ၊ ၃၅ မနာရှေအနွယ်မှာ စာရင်းဝင်သူပေါင်း ၃၂,၂၀၀ ရှိတယ်။
၃၆ ဗင်ယာမိန်အနွယ်ရဲ့ သားစဉ်မြေးဆက်တွေကို+ ဆွေမျိုးစု၊ အိမ်ထောင်စုအလိုက် နာမည်စာရင်းကောက်တယ်။ စစ်မှုထမ်းနိုင်တဲ့ အသက် ၂၀ ပြည့် ယောက်ျားတွေကို ရေတွက်တဲ့အခါ၊ ၃၇ ဗင်ယာမိန်အနွယ်မှာ စာရင်းဝင်သူပေါင်း ၃၅,၄၀၀ ရှိတယ်။
၃၈ ဒန်အနွယ်ရဲ့ သားစဉ်မြေးဆက်တွေကို+ ဆွေမျိုးစု၊ အိမ်ထောင်စုအလိုက် နာမည်စာရင်းကောက်တယ်။ စစ်မှုထမ်းနိုင်တဲ့ အသက် ၂၀ ပြည့် ယောက်ျားတွေကို ရေတွက်တဲ့အခါ၊ ၃၉ ဒန်အနွယ်မှာ စာရင်းဝင်သူပေါင်း ၆၂,၇၀၀ ရှိတယ်။
၄၀ အာရှာအနွယ်ရဲ့ သားစဉ်မြေးဆက်တွေကို+ ဆွေမျိုးစု၊ အိမ်ထောင်စုအလိုက် နာမည်စာရင်းကောက်တယ်။ စစ်မှုထမ်းနိုင်တဲ့ အသက် ၂၀ ပြည့် ယောက်ျားတွေကို ရေတွက်တဲ့အခါ၊ ၄၁ အာရှာအနွယ်မှာ စာရင်းဝင်သူပေါင်း ၄၁,၅၀၀ ရှိတယ်။
၄၂ နဿလိအနွယ်ရဲ့ သားစဉ်မြေးဆက်တွေကို+ ဆွေမျိုးစု၊ အိမ်ထောင်စုအလိုက် နာမည်စာရင်းကောက်တယ်။ စစ်မှုထမ်းနိုင်တဲ့ အသက် ၂၀ ပြည့် ယောက်ျားတွေကို ရေတွက်တဲ့အခါ၊ ၄၃ နဿလိအနွယ်မှာ စာရင်းဝင်သူပေါင်း ၅၃,၄၀၀ ရှိတယ်။
၄၄ သူတို့ကို မောရှေ၊ အာရုန်နဲ့ အစ္စရေးမျိုးနွယ်စု ခေါင်းဆောင် ၁၂ ယောက်က စာရင်းကောက်ထားတာ။ ခေါင်းဆောင်တစ်ယောက်စီဟာ ကိုယ့်မျိုးနွယ်စုကို ကိုယ်စားပြုတယ်။ ၄၅ အစ္စရေးစစ်တပ်မှာ စစ်မှုထမ်းနိုင်တဲ့ အသက် ၂၀ ပြည့်ပြီးသူတွေကို မျိုးနွယ်စုအလိုက် စာရင်းကောက်တဲ့အခါ၊ ၄၆ စာရင်းဝင်သူ စုစုပေါင်း ၆၀၃,၅၅၀ ရှိတယ်။+
၄၇ လေဝိအနွယ်ကိုတော့+ တခြားအနွယ်တွေနဲ့အတူ စာရင်းမကောက်ဘူး။+ ၄၈ ယေဟောဝါက မောရှေကို ပြောထားတယ်– ၄၉ “လေဝိအနွယ်ကိုတော့ စာရင်းမကောက်နဲ့။ တခြားအနွယ်တွေနဲ့ရောပြီး မရေတွက်နဲ့။+ ၅၀ သက်သေခံချက်သေတ္တာရှိတဲ့ တဲတော်နဲ့+ တဲတော်အသုံးအဆောင်တွေ၊ သက်ဆိုင်တဲ့ပစ္စည်းတွေကို ထိန်းသိမ်းခိုင်းပါ။+ သူတို့က တဲတော်နဲ့ အသုံးအဆောင်တွေကို သယ်ဆောင်ပြီး+ တဲတော်မှာ အမှုထမ်းရမယ်။+ တဲတော်ပတ်လည်မှာ စခန်းချရမယ်။+ ၅၁ တဲတော်ကို ပြောင်းရွှေ့တဲ့အခါတိုင်း လေဝိအနွယ် ဖြုတ်သိမ်းရမယ်။+ ပြန်နေရာချတဲ့အခါလည်း လေဝိအနွယ်ပဲ တပ်ဆင်ရမယ်။ တဲတော်အနား အခွင့်မရှိဘဲလာတဲ့သူကို* သေဒဏ်ပေးရမယ်။+
၅၂ “အစ္စရေးအားလုံးက ကိုယ့်အတွက် သတ်မှတ်ပေးထားတဲ့ နေရာမှာ တဲထိုးရမယ်။ တပ်ဖွဲ့တစ်ဖွဲ့မှာ မျိုးနွယ်စုသုံးစုရှိပြီး+ ကိုယ့်တပ်ဖွဲ့နဲ့ကိုယ် စခန်းချရမယ်။ ၅၃ အစ္စရေးတွေကို ငါအမျက်မထွက်မိစေဖို့ သက်သေခံချက်သေတ္တာရှိတဲ့ တဲတော်ပတ်လည်မှာ လေဝိအနွယ် စခန်းချရမယ်။+ လေဝိအနွယ်က သက်သေခံချက်သေတ္တာရှိတဲ့ တဲတော်ကို ကြည့်ရှုစောင့်ရှောက်ရမယ့် တာဝန်ရှိတယ်။”+
၅၄ မောရှေကို ယေဟောဝါ မိန့်မှာတဲ့အတိုင်း အစ္စရေးတွေ လုပ်ဆောင်ကြတယ်။ မှာထားတဲ့အတိုင်း သူတို့လုပ်ကြတယ်။