မာကု
၁၆ ဥပုသ်နေ့+ ပြီးသွားတဲ့အခါ မာဂဒလမာရိ၊ ယာကုပ်ရဲ့မိခင် မာရိနဲ့+ ရှာလုံတို့က ယေရှုရဲ့အလောင်းကို လိမ်းပေးဖို့ အမွှေးနံ့သာတွေ ဝယ်ပြီး၊+ ၂ သီတင်းပတ်ရဲ့ ပထမနေ့ နေထွက်ချိန်မှာ သင်္ချိုင်းဂူကို ရောက်လာတယ်။+ ၃ “သင်္ချိုင်းဂူဝမှာရှိတဲ့ ကျောက်တုံးကို ဘယ်သူလှိမ့်ပေးမှာလဲ” လို့ အချင်းချင်း ပြောကြတယ်။ ၄ ဒါပေမဲ့ သူတို့ လှမ်းကြည့်လိုက်တော့ အဲဒီကျောက်တုံးကြီးကို လှိမ့်ဖယ်ထားမှန်း တွေ့လိုက်ရတယ်။+ ၅ သင်္ချိုင်းဂူထဲ ဝင်သွားတဲ့အခါ ဝတ်လုံဖြူဝတ်ဆင်ထားတဲ့ လူရွယ်တစ်ယောက် ညာဘက်မှာ ထိုင်နေတာကို မြင်တော့ သူတို့ သိပ်အံ့သြသွားတယ်။ ၆ အဲဒီလူက “မအံ့သြပါနဲ့။+ သစ်တိုင်ပေါ်မှာ ကွပ်မျက်ခံရတဲ့ နာဇရက်မြို့သား ယေရှုကို ခင်ဗျားတို့ ရှာနေမှန်း ကျွန်တော်သိတယ်။ သူ အသက်ပြန်ရှင်လာပြီ။+ ဒီမှာ မရှိတော့ဘူး။ အလောင်းထားတဲ့နေရာကို လာကြည့်ပါ။+ ၇ အခု၊ တပည့်တွေနဲ့ ပေတရုဆီ သွားပါ။ ‘သူမှာခဲ့တဲ့အတိုင်း ခင်ဗျားတို့ထက်အရင် ဂါလိလဲပြည်ကို သွားနှင့်ပြီ။+ အဲဒီမှာ သူ့ကိုတွေ့ရလိမ့်မယ်’ ဆိုပြီး ပြောလိုက်ပါ”+ လို့ပြောတယ်။ ၈ သူတို့လည်း စိတ်လှုပ်ရှားလွန်းတော့ ကတုန်ကယင်ဖြစ်ပြီး သင်္ချိုင်းဂူထဲကနေ ထွက်ပြေး သွားကြတယ်။ ကြောက်လွန်းလို့ ဘယ်သူ့ကိုမှ မပြောပြရဲဘူး။+