၁ ရှမွေလ
၂၇ ဒါဝိဒ်က “တစ်နေ့နေ့တော့ ရှောလုလက်ချက်နဲ့ ငါသေမှာပဲ။ ဖိလိတိပြည်ကို ထွက်ပြေးတာ အကောင်းဆုံးဖြစ်မယ်။+ ဒါဆို ရှောလု လက်လျှော့ပြီး အစ္စရေးနယ်မြေတွေမှာ ငါ့ကို လိုက်ရှာတော့မှာ မဟုတ်ဘူး။+ ငါလည်း သူ့လက်ကနေ လွတ်လိမ့်မယ်” လို့တွေးမိတယ်။ ၂ ဒါကြောင့် သူ့လူ ၆၀၀ ကို ခေါ်ပြီး+ မောခရဲ့သား ဂါသမင်း အာခိတ်ဆီ+ ထွက်သွားလိုက်တယ်။ ၃ ဒါဝိဒ်နဲ့ သူ့လူတွေက ဂါသမြို့၊ အာခိတ်မင်းဆီမှာ ကိုယ့်သားမယားတွေနဲ့အတူ နေထိုင်ကြတယ်။ ဒါဝိဒ်မှာ ဇနီးနှစ်ယောက် ရှိတယ်။ ယေဇရေလမြို့သူ အဟိနောင်၊+ နာဗလရဲ့ဇနီးဖြစ်ဖူးတဲ့ ကရမေလမြို့သူ အဘိဂဲလ+ ဖြစ်တယ်။ ၄ ဒါဝိဒ် ဂါသမြို့ကို ထွက်ပြေးသွားပြီဆိုတဲ့သတင်း ကြားတဲ့အခါ ရှောလု လိုက်မရှာတော့ဘူး။+
၅ ဒါဝိဒ်က အာခိတ်မင်းကို “ကျွန်တော် မင်းကြီးစိတ်နဲ့ တွေ့တယ်ဆိုရင် ကျေးလက်မြို့လေးတစ်မြို့မှာ နေခွင့်ပေးပါ။ မင်းကြီးနဲ့အတူ နန်းစိုက်မြို့မှာ ကျွန်တော် မနေထိုက်ပါဘူး” လို့ လျှောက်တင်တယ်။ ၆ ဒါနဲ့ အာခိတ်မင်းက အဲဒီနေ့မှာ ဇိကလတ်မြို့ကို+ ဒါဝိဒ်ကို ပေးလိုက်တဲ့အတွက် ဒီနေ့အထိ ဇိကလတ်မြို့ကို ယုဒဘုရင်တွေ ပိုင်တယ်။
၇ ဒါဝိဒ်က ဖိလိတိပြည်ရဲ့ ကျေးလက်ဒေသမှာ တစ်နှစ်နဲ့လေးလ နေထိုင်တယ်။+ ၈ ဒါဝိဒ်နဲ့ သူ့လူတွေက ဂေရှုရိ၊+ ဂေရဇိ၊ အာမလက်လူတွေဆီ+ သွားပြီး တိုက်ခိုက်တတ်တယ်။ အဲဒီလူမျိုးတွေဟာ တေလံမြို့ကနေ ရှုရအရပ်အထိ၊+ အီဂျစ်ပြည်အထိ နေထိုင်ကြတယ်။ ၉ အဲဒီနယ်မြေကို ဒါဝိဒ် တိုက်ခိုက်တဲ့အခါ ယောက်ျားမိန်းမ တစ်ယောက်မကျန် ကွပ်မျက်တယ်။+ သိုးနွားတိရစ္ဆာန်၊ မြည်း၊ ကုလားအုတ်နဲ့ အဝတ်အစားတွေကိုပဲ သိမ်းယူပြီး အာခိတ်မင်းဆီ ပြန်လာတတ်တယ်။ ၁၀ အာခိတ်မင်းက “မင်းတို့ ဒီနေ့ ဘယ်မှာ တိုက်ခိုက်ခဲ့သလဲ” လို့ မေးရင် ဒါဝိဒ်က “ယုဒနယ်မြေတောင်ပိုင်း”+ ဒါမှမဟုတ် “ယေရမေလအမျိုးသားတွေရဲ့ နယ်မြေတောင်ပိုင်း”+ ဒါမှမဟုတ် “ကေနိတ်အမျိုးသားတွေရဲ့ နယ်မြေတောင်ပိုင်းကို+ သွားတိုက်ခဲ့ပါတယ်” လို့ဖြေလေ့ရှိတယ်။ ၁၁ “‘ဒါဝိဒ်ရဲ့လက်ချက်’ လို့ ဘယ်သူမှ သတင်းမပေးနိုင်အောင် လုပ်မှပဲ” ဆိုပြီး ဂါသမြို့ဆီ ယောက်ျားမိန်းမ တစ်ယောက်ကိုမှ မခေါ်လာဘဲ အကုန်သတ်ပစ်တယ်။ (ဖိလိတိပြည်ရဲ့ ကျေးလက်ဒေသမှာ နေထိုင်ချိန်တစ်လျှောက်လုံး အဲဒီအတိုင်း ဒါဝိဒ်လုပ်လေ့ရှိတယ်။) ၁၂ အာခိတ်မင်းကလည်း ဒါဝိဒ်ကို ယုံပြီး “အစ္စရေးတွေ ဒါဝိဒ်ကို ရွံမုန်းနေလောက်ပြီ။ ဒီတော့ ငါ့ဆီမှာ သူ တစ်သက်လုံး ကျွန်ခံလိမ့်မယ်” ဆိုပြီး တွေးနေတယ်။