-
ထွက်မြောက်ရာ ၂၈:၁၅-၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ “သင်တိုင်းလိုပဲ တရားစီရင်ချက်ရင်ဖုံးကိုလည်း+ ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်၊ ချည်ချောတွေနဲ့ အလှဆင်ပြီး ရက်ရမယ်။+ ၁၆ ရင်ဖုံးကို ခေါက်လိုက်တဲ့အခါ အလျားတစ်ထွာ၊ အနံတစ်ထွာရှိတဲ့ စတုရန်းပုံဖြစ်ရမယ်။ ၁၇ ရင်ဖုံးပေါ်မှာ ကျောက်မျက်လေးတန်း စီခြယ်ရမယ်။ ပထမအတန်းမှာ ပတ္တမြား၊ ဥဿဖရား၊ မြ၊ ၁၈ ဒုတိယအတန်းမှာ စိမ်းပြာကျောက်၊ နီလာ၊ နဂါးသွဲ့၊ ၁၉ တတိယအတန်းမှာ လဲ့ရှမ်ကျောက်၊* သင်္ဘောမဟူရာ၊ ခရမ်းစွဲ၊ ၂၀ စတုတ္ထအတန်းမှာ ပြောင်ခေါင်းစိမ်း၊ မဟူရာကြောင်ဝင်၊ ကျောက်စိမ်း ရှိရမယ်။ အဲဒီကျောက်မျက်တွေကို ရွှေနဲ့ကွပ်ရမယ်။ ၂၁ ကျောက်မျက်တွေက အစ္စရေးမျိုးနွယ် ၁၂ နွယ်ကို ကိုယ်စားပြုတယ်။ ကျောက်မျက်တစ်လုံးစီမှာ တစ်နွယ်စီရဲ့နာမည်ကို ရေးထွင်းရမယ်။
-