-
ထွက်မြောက်ရာ ၇:၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၇ ဒါကြောင့် ယေဟောဝါပြောတာက “အခု ငါ့လက်ထဲက တောင်ဝှေးနဲ့ နိုင်းမြစ်ရေကို ရိုက်တဲ့အခါ မြစ်ရေဟာ သွေးဖြစ်သွားမယ်။ ငါဟာ ယေဟောဝါပဲဆိုတာ ဒီနည်းနဲ့ မင်းသိရမယ်။+
-
-
ထွက်မြောက်ရာ ၈:၉၊ ၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ မောရှေက “ဖားတွေကို မင်းကြီးနဲ့ မင်းမှုထမ်းတွေ၊ လူတွေ၊ နန်းဆောင်တွေဆီကနေ ဖယ်ရှားပြီး နိုင်းမြစ်ထဲမှာပဲ နေစေဖို့ ဘယ်အချိန်မှာ အသနားခံပေးရမယ်ဆိုတာ မင်းကြီးကိုယ်တိုင် ဆုံးဖြတ်ပါ” လို့ပြောတော့၊ ၁၀ ဖာရောက “မနက်ဖြန် အသနားခံပေးပါ” လို့ပြောတယ်။ မောရှေက “ယေဟောဝါလို ဘုရားမျိုး မရှိဘူးဆိုတာ မင်းကြီးသိစေဖို့ အမိန့်တော်အတိုင်း အသနားခံပေးပါ့မယ်။+
-
-
ထွက်မြောက်ရာ ၉:၂၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၉ မောရှေက “မြို့ပြင်ရောက်တာနဲ့ ယေဟောဝါဆီ လက်ဖြန့်ဆုတောင်းပေးပါ့မယ်။ မိုးကြိုးတွေ၊ မိုးသီးတွေ ရပ်တန့်သွားတဲ့အခါ ကမ္ဘာမြေကို ယေဟောဝါပိုင်တယ်ဆိုတာ မင်းကြီး သိရပါလိမ့်မယ်။+
-