-
တောလည်ရာ ၃၅:၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၁ သွားလာရလွယ်ကူတဲ့ မြို့တွေကို ခိုလှုံရာမြို့တွေအဖြစ် ရွေးချယ်ပါ။ မတော်တဆ လူသတ်မိသူက အဲဒီကို ထွက်ပြေးရမယ်။+
-
-
တောလည်ရာ ၃၅:၂၂-၂၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၂ “‘မုန်းတီးစိတ်ကြောင့် မဟုတ်ဘဲ မတော်တဆတွန်းမိလို့၊ မလိုတမာစိတ်ကြောင့်မဟုတ်ဘဲ တစ်ခုခုနဲ့ပစ်မိလို့၊+ ၂၃ ရန်ငြိုးမရှိ၊ ထိခိုက်စေချင်တဲ့စိတ်လည်း မရှိဘဲ မမြင်တဲ့အတွက် ကျောက်တုံးပစ်ချမိလို့ လူသေသွားတယ်ဆိုရင်၊ ၂၄ လူတွေက သတ်တဲ့သူနဲ့ သွေးကြွေးဆပ်မယ့်သူကို အဲဒီပညတ်တွေအတိုင်း ဆုံးဖြတ်ပေးရမယ်။+ ၂၅ လူသတ်မိသူကို သွေးကြွေးဆပ်မယ့်သူရဲ့ လက်ကနေကယ်ပြီး သူထွက်ပြေးခိုလှုံခဲ့တဲ့ ခိုလှုံရာမြို့ဆီ ပြန်ပို့ပေးရမယ်။ သူက သန့်ရှင်းတဲ့ဆီနဲ့+ ဘိသိက်ပေးခံရတဲ့ ပုရောဟိတ်မင်း သေဆုံးချိန်အထိ အဲဒီမြို့မှာ နေထိုင်ရမယ်။
-
-
တရားဟောရာ ၁၉:၃-၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ ယေဟောဝါဘုရား အပိုင်ပေးတဲ့ပြည်ကို သုံးပိုင်းခွဲရမယ်။ တစ်ပိုင်းမှာ မြို့တစ်မြို့စီ ရှိရမယ်။ လူသတ်မိသူ ထွက်ပြေးလာနိုင်ဖို့ အဲဒီမြို့တွေဆီ သွားတဲ့လမ်းကို ကောင်းကောင်း ဖောက်ထားရမယ်။
၄ “လူသတ်မိရင် အသက်ချမ်းသာရဖို့ အဲဒီမြို့တွေဆီ ထွက်ပြေးနိုင်တဲ့ အခြေအနေတွေ ရှိတယ်– ကိုယ့်အမျိုးသားချင်းကို မုန်းလို့ မဟုတ်ဘဲ မတော်တဆ သတ်မိတယ်ဆိုရင်၊+ ၅ လူနှစ်ယောက် တောထဲ သစ်ခုတ်သွားတဲ့အခါ တစ်ယောက်က သစ်ခုတ်ဖို့ ပုဆိန်ကို လွှဲလိုက်တော့ ပုဆိန်ရိုး ကျွတ်ထွက်သွားလို့ သူ့အဖော်ကို ထိမှန်ပြီး သေသွားတယ်ဆိုရင် လူသတ်မိသူဟာ အသက်ချမ်းသာရဖို့ အဲဒီမြို့တစ်မြို့ဆီ ထွက်ပြေးရမယ်။+
-
-
ယောရှု ၂၀:၇-၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ ဒါကြောင့် အစ္စရေးတွေက နဿလိတောင်တန်းဒေသ ဂါလိလဲနယ်မှာ ကေဒေရှမြို့၊+ ဧဖရိမ်တောင်တန်းဒေသမှာ ရှေခင်မြို့၊+ ယုဒတောင်တန်းဒေသမှာ ဟေဗြုန်လို့ခေါ်တဲ့ ကိရယအာဘမြို့ကို+ ခိုလှုံရာမြို့တွေအဖြစ် ဆက်ကပ်လိုက်တယ်။ ၈ ယေရိခေါမြို့ အရှေ့ဘက်၊ ဂျော်ဒန်မြစ်ဝှမ်းဒေသအတွက်တော့ ရုဗင်အနွယ်ရဲ့ နယ်မြေထဲက တောကန္တာရကုန်းပြင်မြင့်မှာ ဗေဇာမြို့၊+ ဂဒ်အနွယ်ရဲ့နယ်မြေထဲက ဂိလဒ်ပြည်မှာ ရာမုတ်မြို့၊+ မနာရှေအနွယ်ရဲ့+ နယ်မြေထဲက ဗာရှန်ပြည်မှာ ဂေါလန်မြို့ကို+ ရွေးချယ်လိုက်တယ်။
၉ အဲဒီမြို့တွေကို အစ္စရေးတွေအတွက်ရော၊ သူတို့ဆီမှာ နေထိုင်တဲ့ တိုင်းတစ်ပါးသားတွေအတွက်ပါ သတ်မှတ်ပေးထားတယ်။ မတော်တဆ လူသတ်မိသူ ဘယ်သူမဆို လူထုရှေ့ စစ်ဆေးခံရချိန် မတိုင်ခင်+ သွေးကြွေးဆပ်သူရဲ့ လက်ချက်နဲ့ အသတ်မခံရဖို့ အဲဒီမြို့တွေဆီ ထွက်ပြေးခိုလှုံနိုင်တယ်။+
-