-
ဝတ်ပြုရာ ၅:၁၅၊ ၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ “လူတစ်ယောက်က ယေဟောဝါရဲ့ သန့်ရှင်းမြင့်မြတ်ရာတွေနဲ့ဆိုင်တဲ့ ပညတ်ကို မတော်တဆ ချိုးဖောက်မိပြီး သစ္စာမဲ့ခဲ့ရင်+ အနာအဆာမရှိတဲ့ သိုးထီးတစ်ကောင်ကို ဒုစရိုက်ဖြေရာအလှူအဖြစ် ယေဟောဝါဆီ ယူလာရမယ်။+ သိုးထီးရဲ့ ငွေရှယ်ကယ်* တန်ဖိုးကို သန့်ရှင်းရာဌာနတော်ရဲ့ စံအလေးချိန်အတိုင်း သတ်မှတ်ရမယ်။+ ၁၆ သန့်ရှင်းရာဌာနတော်ကို ပြစ်မှားမိတဲ့အတွက် သတ်မှတ်လျော်ကြေးအပြင် လျော်ကြေးရဲ့ ငါးပုံတစ်ပုံကိုပါ ပုရောဟိတ်ဆီ ပေးရမယ်။+ ပုရောဟိတ်က ဒုစရိုက်ဖြေရာအလှူဖြစ်တဲ့ သိုးထီးကို ပူဇော်ပြီး အပြစ်ဖြေပေးရမယ်။+ ဒါဆိုရင် သူ့အပြစ် ခွင့်လွှတ်ခံရမယ်။+
-