ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တောလည်ရာ ၅
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

မာတိကာ

      • မသန့်ရှင်းသူတွေကို စခန်းအပြင်ထုတ် (၁-၄)

      • အပြစ်ဝန်ခံခြင်းနဲ့ လျော်ကြေး (၅-၁၀)

      • အိမ်ထောင်ရေးဖောက်ပြန်မှု ဟုတ်မဟုတ် ခါးတဲ့ရေနဲ့ စမ်းသပ် (၁၁-၃၁)

တောလည်ရာ ၅:၂

ကျမ်းညွှန်းများ

  • +ဝ ၂၂:၄; တလ ၁၉:၁၁
  • +ဝ ၁၃:၄၅၊ ၄၆
  • +ဝ ၁၅:၂

တောလည်ရာ ၅:၃

ကျမ်းညွှန်းများ

  • +ထွ ၂၅:၈; ဝ ၂၆:၁၁
  • +တလ ၁၉:၂၂

တောလည်ရာ ၅:၆

ကျမ်းညွှန်းများ

  • +ဝ ၅:၁၊ ၁၇

တောလည်ရာ ၅:၇

ကျမ်းညွှန်းများ

  • +ဝ ၅:၅; ယရ ၇:၁၉; ယာ ၅:၁၆
  • +ဝ ၆:၄၊ ၅

တောလည်ရာ ၅:၈

ကျမ်းညွှန်းများ

  • +ဝ ၅:၁၆; ၆:၆၊ ၇; ၇:၇

တောလည်ရာ ၅:၉

ကျမ်းညွှန်းများ

  • +ဝ ၆:၁၄၊ ၁၇; ၇:၁၊ ၆; ၁၀:၁၂၊ ၁၃
  • +ထွ ၂၉:၂၇၊ ၂၈; တလ ၁၈:၈; တရ ၁၈:၃; ယဇ ၄၄:၂၉; ၁က ၉:၁၃

တောလည်ရာ ၅:၁၃

ကျမ်းညွှန်းများ

  • +ဝ ၁၈:၂၀; တရ ၅:၁၈

တောလည်ရာ ၅:၁၅

အောက်ခြေမှတ်ချက်များ

  • *

    တစ်ဧဖာက ၂၂ လီတာဆံ့တဲ့ ပုံးတစ်ပုံးစာရှိ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။

  • *

    မီးရှို့တဲ့အခါ မွှေးကြိုင်တဲ့ အဖြူရောင် သစ်စေးတစ်မျိုး။

တောလည်ရာ ၅:၁၆

ကျမ်းညွှန်းများ

  • +ယေ ၁၇:၁၀; ဟီ ၁၃:၄

တောလည်ရာ ၅:၁၈

ကျမ်းညွှန်းများ

  • +တလ ၅:၁၅၊ ၂၅
  • +တလ ၅:၂၂၊ ၂၄

တောလည်ရာ ၅:၁၉

ကျမ်းညွှန်းများ

  • +ရ ၇:၂

တောလည်ရာ ၅:၂၀

ကျမ်းညွှန်းများ

  • +ဝ ၁၈:၂၀; ၁က ၆:၉၊ ၁၀

တောလည်ရာ ၅:၂၁

အောက်ခြေမှတ်ချက်များ

  • *

    မူရင်း၊ “ပေါင်ကို ပိန်ရှုံ့အောင်။”

တောလည်ရာ ၅:၂၂

အောက်ခြေမှတ်ချက်များ

  • *

    ဟီဘရူးလို “အာမင်၊ အာမင်။”

တောလည်ရာ ၅:၂၅

ကျမ်းညွှန်းများ

  • +တလ ၅:၁၅

တောလည်ရာ ၅:၂၆

အောက်ခြေမှတ်ချက်များ

  • *

    မူရင်း၊ “မီးခိုးငွေ့ တက်စေရမယ်။”

ကျမ်းညွှန်းများ

  • +ဝ ၂:၉

တောလည်ရာ ၅:၃၀

ကျမ်းညွှန်းများ

  • +တလ ၅:၁၄၊ ၁၅

အထွေထွေ

တော. ၅:၂ဝ ၂၂:၄; တလ ၁၉:၁၁
တော. ၅:၂ဝ ၁၃:၄၅၊ ၄၆
တော. ၅:၂ဝ ၁၅:၂
တော. ၅:၃ထွ ၂၅:၈; ဝ ၂၆:၁၁
တော. ၅:၃တလ ၁၉:၂၂
တော. ၅:၆ဝ ၅:၁၊ ၁၇
တော. ၅:၇ဝ ၅:၅; ယရ ၇:၁၉; ယာ ၅:၁၆
တော. ၅:၇ဝ ၆:၄၊ ၅
တော. ၅:၈ဝ ၅:၁၆; ၆:၆၊ ၇; ၇:၇
တော. ၅:၉ဝ ၆:၁၄၊ ၁၇; ၇:၁၊ ၆; ၁၀:၁၂၊ ၁၃
တော. ၅:၉ထွ ၂၉:၂၇၊ ၂၈; တလ ၁၈:၈; တရ ၁၈:၃; ယဇ ၄၄:၂၉; ၁က ၉:၁၃
တော. ၅:၁၃ဝ ၁၈:၂၀; တရ ၅:၁၈
တော. ၅:၁၆ယေ ၁၇:၁၀; ဟီ ၁၃:၄
တော. ၅:၁၈တလ ၅:၁၅၊ ၂၅
တော. ၅:၁၈တလ ၅:၂၂၊ ၂၄
တော. ၅:၁၉ရ ၇:၂
တော. ၅:၂၀ဝ ၁၈:၂၀; ၁က ၆:၉၊ ၁၀
တော. ၅:၂၅တလ ၅:၁၅
တော. ၅:၂၆ဝ ၂:၉
တော. ၅:၃၀တလ ၅:၁၄၊ ၁၅
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
  • ၂၈
  • ၂၉
  • ၃၀
  • ၃၁
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
တောလည်ရာ ၅:၁-၃၁

တောလည်ရာ

၅ ယေဟောဝါက  မောရှေကို မိန့်မှာတယ်– ၂ “လူသေကောင် ကိုင်မိလို့ မသန့်မရှင်းဖြစ်နေသူ၊+ အနာကြီးရောဂါဖြစ်နေသူ၊+ အရိအရွဲ ထွက်နေသူတွေကို+ စခန်းအပြင်ဘက် ထုတ်လိုက်ဖို့ အစ္စရေးတွေကို ပြောလိုက်ပါ။ ၃ ယောက်ျားဖြစ်ဖြစ်၊  မိန်းမဖြစ်ဖြစ် သူ့ကို ထုတ်လိုက်ရမယ်။ ငါရှိနေတဲ့ ဒီစခန်း+ မညစ်ညူးဖို့+ သူတို့ကို စခန်းအပြင်ဘက်  ထုတ်ထားရမယ်။” ၄ အစ္စရေးတွေလည်း သူတို့ကို စခန်းအပြင်ဘက် ထုတ်လိုက်တယ်။ မောရှေကို ယေဟောဝါ မိန့်မှာတဲ့အတိုင်း လုပ်ဆောင်ကြတယ်။

၅ ယေဟောဝါက  မောရှေကို မိန့်မှာတယ်– ၆ “အစ္စရေးတွေကို ပြောပါ။ ‘ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် လူတွေလုပ်တတ်တဲ့ အပြစ်တစ်ခုခု ကျူးလွန်ပြီး  ယေဟောဝါအပေါ်  သစ္စာမဲ့တယ်ဆိုရင် သူ့မှာ အပြစ်ရှိတယ်။+ ၇ အပြစ်ကို သူ ဝန်ခံရမယ်။+ အပြစ်အတွက်  ပြစ်မှားခံရသူကို  လျော်ကြေးအပြည့်  ပေးရမယ်။  လျော်ကြေးရဲ့ ငါးပုံတစ်ပုံကိုလည်း ထပ်ပေးရမယ်။+ ၈ ဒါပေမဲ့  ပြစ်မှားခံရသူက သေသွားတယ်၊ လျော်ကြေးလက်ခံမယ့် ဆွေမျိုးရင်းချာလည်း မရှိဘူးဆိုရင် လျော်ကြေးကို ယေဟောဝါဆီ ပေးရမယ်။ အပြစ်ကျူးလွန်သူအတွက် အပြစ်ဖြေပေးတဲ့ အပြစ်ဖြေရာသိုးထီးနဲ့ လျော်ကြေးကို ပုရောဟိတ်ပိုင်တယ်။+

၉ “‘ပုရောဟိတ်က အစ္စရေးတွေယူလာတဲ့  သန့်ရှင်းမြင့်မြတ်တဲ့  အလှူအားလုံးကို+ ယူရမယ်။+ ၁၀ လူတစ်ယောက်စီပေးတဲ့  သန့်ရှင်းမြင့်မြတ်ရာ မှန်သမျှကို ယူရမယ်။ ပေးလာသမျှကို ပုရောဟိတ် ယူရမယ်။’”

၁၁ ယေဟောဝါက  မောရှေကို မိန့်မှာတယ်– ၁၂ “အစ္စရေးတွေကို ပြောပါ။ ‘မိန်းမတစ်ယောက်က ကိုယ့်ယောက်ျားအပေါ် သစ္စာမဲ့ပြီး ဖောက်ပြန်တယ်၊ ၁၃ တခြားလူနဲ့ဖောက်ပြန်တာကို+  ကိုယ့်ယောက်ျားမသိအောင် လျှို့ဝှက်ထားတယ်၊ အဲဒီမိန်းမက ကိုယ်ကိုညစ်ညူးစေခဲ့ပေမဲ့ သူဖောက်ပြန်တာကို  လက်ပူးလက်ကြပ်မမိ၊  သက်သေလည်း မရှိဘူးဆိုရင်၊ ၁၄ မိန်းမဖောက်ပြန်တာကို  ယောက်ျားက သဝန်တိုပြီး သံသယဝင်တာပဲဖြစ်ဖြစ်၊ မိန်းမ,မဖောက်ပြန်ဘဲနဲ့ ယောက်ျားက သဝန်တိုပြီး သံသယဝင်တာပဲဖြစ်ဖြစ်၊ ၁၅ ယောက်ျားက မိန်းမကို ပုရောဟိတ်ဆီ ခေါ်လာရမယ်။ မိန်းမအတွက် အလှူအဖြစ် မုယောမှုန့် တစ်ဧဖာ* ရဲ့ဆယ်ပုံတစ်ပုံကိုလည်း ယူလာရမယ်။  ဒါဟာ  သဝန်တိုခြင်းနဲ့ဆိုင်တဲ့ ကောက်နှံအလှူ၊ အပြစ်ဖော်ထုတ်မယ့်  ကောက်နှံအလှူဖြစ်လို့  ဆီမလောင်းရဘူး၊ လောဗန်* မတင်ရဘူး။

၁၆ “‘ပုရောဟိတ်က  မိန်းမကို ယေဟောဝါရှေ့  ရပ်ခိုင်းရမယ်။+ ၁၇ မြေအိုးထဲမှာ  သန့်ရှင်းတဲ့ရေကို ထည့်ရမယ်။ တဲတော်ဝင်းထဲက မြေမှုန့်နည်းနည်းကို အဲဒီရေထဲ ထည့်ရမယ်။ ၁၈ အဲဒီနောက် မိန်းမကို ယေဟောဝါရှေ့ ရပ်ခိုင်းပြီး ဆံပင်ဖြေချခိုင်းရမယ်။ သဝန်တိုခြင်းနဲ့ဆိုင်တဲ့  ကောက်နှံအလှူ၊  တစ်နည်းအားဖြင့် အပြစ်ဖော်ထုတ်မယ့် ကောက်နှံအလှူကို မိန်းမရဲ့လက်ဖဝါးပေါ် တင်ရမယ်။+ ပုရောဟိတ်က ကျိန်စာသင့်စေမယ့် ခါးတဲ့ရေ ထည့်ထားတဲ့ မြေအိုးကို ကိုင်ထားရမယ်။+

၁၉ “‘ပုရောဟိတ်က  မိန်းမကို “ခင်ဗျားက  ကိုယ့်လင်ယောက်ျားရှိနေတုန်း+ တခြားလူနဲ့ မဖောက်ပြန်ဘူး၊ ကိုယ်ကို မညစ်ညူးစေဘူးဆိုရင် ကျိန်စာသင့်စေမယ့်  ဟောဒီ  ခါးတဲ့ရေရဲ့ ဆိုးကျိုးတွေကနေ  ကင်းလွတ်ပါစေ။ ၂၀ ကိုယ့်လင်ယောက်ျားရှိနေလျက်နဲ့  တခြားလူနဲ့ ဖောက်ပြန်ပြီး+ ကိုယ်ကို ညစ်ညူးစေခဲ့တယ်ဆိုရင်တော့ . . .” ဆိုပြီး၊ ၂၁ ဒီကျိန်စာမှာပါတဲ့ စကားအတိုင်း သစ္စာဆိုခိုင်းရမယ်။ “လူတွေ ခင်ဗျားနာမည်ကိုသုံးပြီး ကျိန်စာတိုက်အောင်၊ သစ္စာဆိုအောင် ယေဟောဝါဘုရား လုပ်ပါစေ။ ခင်ဗျား မြုံသွားအောင်၊* ဝမ်းဗိုက် ဖောရောင်အောင် ယေဟောဝါဘုရား လုပ်ပါစေ။ ၂၂ ကျိန်စာသင့်စေမယ့် ဟောဒီရေက ဝမ်းထဲရောက်သွားတဲ့အခါ ဝမ်းဗိုက်ဖောရောင်လာပြီး မြုံသွားပါစေ” လို့ မိန်းမကို ပြောရမယ်။ မိန်းမကလည်း “ဒီအတိုင်း ဖြစ်ပါစေ၊ ဒီအတိုင်း ဖြစ်ပါစေ”* လို့ ပြန်ပြောရမယ်။

၂၃ “‘ပုရောဟိတ်က အဲဒီကျိန်ဆိုချက်တွေကို ရေး၊ ခါးတဲ့ရေထဲမှာနှစ်ပြီး ဆေးရမယ်။ ၂၄ အဲဒီနောက် မိန်းမကို  ကျိန်စာသင့်စေမယ့်  ခါးတဲ့ရေ သောက်ခိုင်းတဲ့အခါ  ရေက  ဝမ်းထဲရောက်သွားပြီး ဝေဒနာခံစားစေမယ်။ ၂၅ ပုရောဟိတ်က သဝန်တိုခြင်းနဲ့ဆိုင်တဲ့ ကောက်နှံအလှူကို+ မိန်းမလက်ထဲကနေ ယူ၊ ယေဟောဝါရှေ့မှာ ချီလွှဲပြီးနောက် ပူဇော်ရာပလ္လင်အနား ယူလာရမယ်။ ၂၆ ကိုယ်စားပြုအလှူအဖြစ် ကောက်နှံအလှူ လက်တစ်ဆုပ်စာကိုယူပြီး ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ပူဇော်ရမယ်။*+ ပြီးရင် မိန်းမကို အဲဒီရေ သောက်ခိုင်းရမယ်။ ၂၇ မိန်းမက လင်ယောက်ျားကို  သစ္စာဖောက်ပြီး ကိုယ်ကိုညစ်ညူးစေခဲ့တယ်ဆိုရင် ကျိန်စာသင့်စေတဲ့ရေက ဝမ်းထဲရောက်သွားပြီး ဝေဒနာခံစားစေမယ်။ ဝမ်းဗိုက်ဖောရောင်လာပြီး မြုံသွားမယ်။ လူတွေက သူ့နာမည်ကိုသုံးပြီး ကျိန်စာတိုက်ကြလိမ့်မယ်။ ၂၈ မိန်းမက ကိုယ်ကိုမညစ်ညူးစေဘဲ သန့်ရှင်းတယ်ဆိုရင်တော့ အဲဒီပြစ်ဒဏ်ကနေ လွတ်လိမ့်မယ်။ ကိုယ်ဝန်ဆောင်နိုင်ပြီး သားသမီး မွေးဖွားနိုင်လိမ့်မယ်။

၂၉ “‘မိန်းမတစ်ယောက်က လင်ယောက်ျားရှိလျက်နဲ့  ဖောက်ပြန်ပြီး ကိုယ်ကိုညစ်ညူးစေတယ်ဆိုရင်၊ ၃၀ ဒါမှမဟုတ် ယောက်ျားက မိန်းမကို  သစ္စာဖောက်တယ်လို့  သံသယဝင်ပြီး  သဝန်တိုတယ်ဆိုရင်+   ဒီပညတ်အတိုင်း  လုပ်ဆောင်ရမယ်။ ယောက်ျားက မိန်းမကို ယေဟောဝါရှေ့ ခေါ်လာရမယ်။  ပုရောဟိတ်ကလည်း ဒီပညတ်အတိုင်း  လုပ်ဆောင်ရမယ်။ ၃၁ ယောက်ျားမှာ  အပြစ်မရှိဘူး။ မိန်းမကတော့  အပြစ်အတွက်  ပြစ်ဒဏ်ခံရမယ်။’”

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ