-
တရားဟောရာ ၁၄:၁၂-၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ မစားရမယ့် ငှက်တွေကတော့ လင်းယုန်၊ ဝန်လက်ငှက်၊ လင်းတနက်၊+ ၁၃ စွန်နီ၊ စွန်နက်၊ စွန်မျိုးဝင်အားလုံး၊ ၁၄ ကျီးကန်းမျိုးဝင်အားလုံး၊ ၁၅ ငှက်ကုလားအုတ်၊ ဇီးကွက်၊ စင်ရော်၊ သိမ်းငှက်မျိုးဝင်အားလုံး၊ ၁၆ ဇီးကွက်ပုတို၊ နားရွက်ရှည်ဇီးကွက်၊ ငန်း၊ ၁၇ ငှက်ကြီးဝန်ပို၊ လင်းတ၊ တင်ကျီးငှက်၊ ၁၈ ငှက်ကျား၊ ငဟစ်မျိုးဝင်အားလုံး၊ တောင်ဘီစူး၊ လင်းနို့ ဖြစ်တယ်။ ၁၉ အတောင်ပါပြီး အုံဖွဲ့နေတတ်တဲ့ အင်းဆက်ပိုး အားလုံးကလည်း မသန့်ရှင်းလို့ မစားရဘူး။
-