-
ဝတ်ပြုရာ ၁၁:၁၃-၂၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ “‘ပျံတတ်တဲ့ သတ္တဝါတွေထဲမှာ မစားရမယ့် ရွံစရာ အကောင်တွေကတော့– လင်းယုန်၊+ ဝန်လက်ငှက်၊ လင်းတနက်၊+ ၁၄ စွန်နီ၊ စွန်နက်မျိုးဝင်အားလုံး၊ ၁၅ ကျီးကန်းမျိုးဝင် အားလုံး၊ ၁၆ ငှက်ကုလားအုတ်၊ ဇီးကွက်၊ စင်ရော်၊ သိမ်းငှက်မျိုးဝင် အားလုံး၊ ၁၇ ဇီးကွက်ပုတို၊ တင်ကျီးငှက်၊ နားရွက်ရှည်ဇီးကွက်၊ ၁၈ ငန်း၊ ငှက်ကြီးဝန်ပို၊ လင်းတ၊ ၁၉ ငှက်ကျား၊ ငဟစ်မျိုးဝင်အားလုံး၊ တောင်ဘီစူး၊ လင်းနို့တွေပဲ။ ၂၀ အတောင်နဲ့ ခြေလေးချောင်းပါပြီး အုံဖွဲ့နေတတ်တဲ့ အင်းဆက်ပိုးအားလုံး ရွံစရာကောင်းတယ်။
-