-
ဝတ်ပြုရာ ၁၁:၄၆၊ ၄၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၆ “‘ဒါတွေဟာ ခြေလေးချောင်းသတ္တဝါ၊ ပျံတတ်တဲ့သတ္တဝါ၊ ရေမှာနေတဲ့ သတ္တဝါ၊ အုံဖွဲ့နေတတ်တဲ့ ကုန်းသတ္တဝါနဲ့ဆိုင်တဲ့ ပညတ်ဖြစ်တယ်။ ၄၇ သန့်ရှင်းတဲ့အရာနဲ့ မသန့်ရှင်းတဲ့အရာ၊ စားလို့ရတဲ့ သတ္တဝါနဲ့ စားလို့မရတဲ့ သတ္တဝါကို မင်းတို့ ခွဲခြားသိရမယ်။’”+
-
-
တရားဟောရာ ၁၄:၄-၂၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ သိုး၊ နွား၊ ဆိတ်၊ ၅ သမင်၊ ဒရယ်၊ သမင်ငယ်မျိုး၊ တောဆိတ်၊ ဆိတ်သမင်၊ သိုးရိုင်း၊ တောင်ပေါ်သိုးတွေကိုတော့ စားလို့ရတယ်။+ ၆ ခွာကွဲပြီး စားမြုံ့ပြန်တဲ့ တိရစ္ဆာန်တွေကို စားလို့ရတယ်။ ၇ စားမြုံ့ပြန်ပေမဲ့ မစားရတဲ့အကောင်၊ ခွာကွဲပေမဲ့ မစားရတဲ့အကောင်တွေ ရှိတယ်။ ကုလားအုတ်၊ တောယုန်၊ ယုန်တွေဟာ* စားမြုံ့ ပြန်ပေမဲ့ ခွာမကွဲလို့ မသန့်ရှင်းဘူး။+ ၈ ဝက်က ခွာကွဲပေမဲ့ စားမြုံ့မပြန်လို့ မသန့်ရှင်းဘူး။ အဲဒီအကောင်တွေကို မစားရဘူး။ အသေကောင်တွေကို မထိရဘူး။
၉ “ရေသတ္တဝါတွေထဲမှာ ဆူးတောင်နဲ့ အကြေးခွံပါတဲ့ ရေသတ္တဝါမှန်သမျှ စားလို့ရတယ်။+ ၁၀ ဒါပေမဲ့ ဆူးတောင်နဲ့ အကြေးခွံမပါတဲ့ ရေသတ္တဝါက မသန့်ရှင်းတဲ့အတွက် မစားရဘူး။
၁၁ “သန့်ရှင်းတဲ့ငှက်တွေကို စားလို့ရတယ်။ ၁၂ မစားရမယ့် ငှက်တွေကတော့ လင်းယုန်၊ ဝန်လက်ငှက်၊ လင်းတနက်၊+ ၁၃ စွန်နီ၊ စွန်နက်၊ စွန်မျိုးဝင်အားလုံး၊ ၁၄ ကျီးကန်းမျိုးဝင်အားလုံး၊ ၁၅ ငှက်ကုလားအုတ်၊ ဇီးကွက်၊ စင်ရော်၊ သိမ်းငှက်မျိုးဝင်အားလုံး၊ ၁၆ ဇီးကွက်ပုတို၊ နားရွက်ရှည်ဇီးကွက်၊ ငန်း၊ ၁၇ ငှက်ကြီးဝန်ပို၊ လင်းတ၊ တင်ကျီးငှက်၊ ၁၈ ငှက်ကျား၊ ငဟစ်မျိုးဝင်အားလုံး၊ တောင်ဘီစူး၊ လင်းနို့ ဖြစ်တယ်။ ၁၉ အတောင်ပါပြီး အုံဖွဲ့နေတတ်တဲ့ အင်းဆက်ပိုး အားလုံးကလည်း မသန့်ရှင်းလို့ မစားရဘူး။ ၂၀ သန့်ရှင်းပြီး ပျံတတ်တဲ့သတ္တဝါတိုင်းကို စားလို့ရတယ်။
-