ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကမ္ဘာဦး ၁၄:၂၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၀ ဖိနှိပ်သူတွေကို မင်းရဲ့လက်ထဲ အပ်တဲ့

      အမြင့်ဆုံးဘုရားသခင်ကို ချီးမွမ်းကြပါစေ။”

      အာဗြံလည်း တိုက်ရာပါဥစ္စာတွေထဲက ဆယ်ဖို့တစ်ဖို့ကို ဆာလင်မင်းကို ပေးတယ်။+

  • ကမ္ဘာဦး ၂၈:၂၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၂ ကျွန်တော်စိုက်ထူထားတဲ့ ဒီကျောက်တိုင်ဟာ ဘုရားသခင်ရဲ့အိမ်တော် ဖြစ်လာမယ်။+ ကျွန်တော့်ကိုပေးသမျှထဲက ဆယ်ဖို့တစ်ဖို့ကို ကိုယ်တော့်အတွက် ဆက်ဆက်ပေးပါ့မယ်” လို့ သစ္စာကတိပြုတယ်။

  • တောလည်ရာ ၁၈:၂၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၁ “တွေ့ဆုံရာတဲတော် လုပ်ငန်းတွေ လုပ်ဆောင်ရတဲ့ လေဝိအမျိုးသားတွေအတွက် အစ္စရေးပြည်က ထွက်သမျှရဲ့ ဆယ်ဖို့တစ်ဖို့ကို+ အမွေအဖြစ် ငါပြန်ပေးတယ်။

  • တောလည်ရာ ၁၈:၂၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၆ “လေဝိအမျိုးသားတွေကို ပြောပါ။ ‘အစ္စရေးတွေဆီကရတဲ့  ဆယ်ဖို့တစ်ဖို့ဟာ မင်းတို့အတွက် ငါပေးတဲ့အမွေပဲ။+ အဲဒီဆယ်ဖို့တစ်ဖို့ထဲကနေ ဆယ်ဖို့တစ်ဖို့ကိုယူပြီး ယေဟောဝါအတွက် မင်းတို့ လှူဒါန်းရမယ်။+

  • တရားဟောရာ ၁၄:၂၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၂ “နှစ်တိုင်း ကိုယ့်လယ်ထွက်သီးနှံထဲကနေ ဆယ်ဖို့တစ်ဖို့ကို မပျက်မကွက် ပေးရမယ်။+

  • ၂ ရာဇဝင်ချုပ် ၃၁:၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၅ အဲဒီလို အမိန့်ထုတ်လိုက်တာနဲ့ အစ္စရေးတွေက သီးဦးသီးဖျား ကောက်နှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊+ ပျားရည်၊ လယ်ထွက်သီးနှံတွေ+ အများကြီးယူလာတယ်။ ဥစ္စာရှိသမျှရဲ့ ဆယ်ဖို့တစ်ဖို့ကို အမြောက်အမြား ယူလာကြတယ်။+

  • နေဟမိ ၁၃:၁၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၂ ယုဒလူတွေကလည်း ကောက်နှံ၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ရဲ့ ဆယ်ဖို့တစ်ဖို့ကို+ သိုလှောင်ခန်းတွေဆီ ယူလာကြတယ်။+

  • မာလခိ ၃:၁၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၀ ငါ့အိမ်တော်မှာ စားစရာရှိနေစေဖို့+ သိုလှောင်ရုံဆီ ဆယ်ဖို့တစ်ဖို့ အပြည့်အဝ ယူလာခဲ့ပါ။+ ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့ကို စမ်းသပ်ကြည့်ပါ။ မိုးကောင်းကင်တံခါးတွေကို ငါဖွင့်ပြီး+ ကောင်းချီးတွေ လိုလေသေးမရှိ သွန်းလောင်းမယ်၊ မသွန်းလောင်းဘူးဆိုတာ  ကြည့်ကြပါ”+ လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။

  • လုကာ ၁၁:၄၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄၂ ဖာရိရှဲတို့၊ ခင်ဗျားတို့ အဖြစ်ဆိုးကြုံရလိမ့်မယ်။ ခင်ဗျားတို့က ပင်စိမ်း၊ စမြိတ်၊ ဆေးဖက်ဝင်အပင်အမျိုးမျိုးကို ဆယ်ဖို့တစ်ဖို့ ပေးလှူပေမဲ့+ ဘုရားသခင်လို တရားမျှတဖို့၊ မေတ္တာပြဖို့ကျတော့ လျစ်လျူရှုထားကြတယ်။ ဆယ်ဖို့တစ်ဖို့ ပေးလှူရမှာ မှန်ပေမဲ့ ဘုရားသခင်လို တရားမျှတဖို့၊ မေတ္တာပြဖို့ကိုလည်း မေ့မထားသင့်ဘူး။+

  • ဟီဘရူး ၇:၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၅ ပုရောဟိတ်တာဝန်ကိုရတဲ့ လေဝိအမျိုးသားတွေက+ ညီအစ်ကိုတွေဆီကနေ ဆယ်ဖို့တစ်ဖို့ကို ကောက်ခံရမယ်လို့  ပညတ်တရားမှာ မိန့်မှာထားတယ်။+ တကယ်တော့ အဲဒီညီအစ်ကိုတွေဟာ အာဗြဟံရဲ့ သားမြေးတွေပဲ။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ