-
ဝတ်ပြုရာ ၂၇:၃၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၀ “‘ကောက်နှံဖြစ်စေ၊ အသီးဖြစ်စေ ဆယ်ဖို့တစ်ဖို့ကို+ ယေဟောဝါပိုင်တယ်။ ယေဟောဝါအတွက် သန့်ရှင်းမြင့်မြတ်ရာ ဖြစ်တယ်။
-
-
နေဟမိ ၁၀:၃၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၇ ပြီးတော့ သီးဦးသီးဖျား ဂျုံကြမ်းတွေ၊+ အလှူပစ္စည်းတွေ၊ သစ်သီးအမျိုးမျိုး၊+ စပျစ်ဝိုင်အသစ်နဲ့ ဆီကို+ ဘုရားသခင့်အိမ်တော်ရဲ့ သိုလှောင်ခန်းတွေမှာရှိတဲ့ ပုရောဟိတ်တွေဆီ ယူလာမယ်။+ ထွန်ယက်စိုက်ပျိုးတဲ့ မြို့တိုင်းမှာ ဆယ်ဖို့တစ်ဖို့ ကောက်ခံကြတဲ့ လေဝိအမျိုးသားတွေဆီ ကျွန်တော်တို့ရဲ့ မြေထွက်သီးနှံ ဆယ်ဖို့တစ်ဖို့ကို ယူလာမယ်။+
-
-
နေဟမိ ၁၂:၄၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၄ အလှူပစ္စည်းတွေ၊+ သီးဦးသီးဖျားတွေ၊+ ဆယ်ဖို့တစ်ဖို့တွေထားတဲ့+ သိုလှောင်ခန်းတွေကို+ ကြီးကြပ်ဖို့ အမျိုးသားတွေကို အဲဒီနေ့မှာ တာဝန်ပေးတယ်။ သူတို့က ပုရောဟိတ်တွေနဲ့ လေဝိအမျိုးသားတွေအတွက်+ ပညတ်တရားမှာ ပြဋ္ဌာန်းထားတဲ့ ဝေစုတွေကို မြို့အသီးသီးရဲ့ လယ်မြေတွေကနေ ကောက်ခံပြီး သိုလှောင်ခန်းတွေမှာ စုသိမ်းရမယ်။+ ဗိမာန်တော်မှာ ပုရောဟိတ်တွေနဲ့ လေဝိအမျိုးသားတွေ အမှုဆောင်နေတဲ့အတွက် ယုဒလူတွေ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတယ်။
-