-
ကမ္ဘာဦး ၃၈:၇၊ ၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ ဒါပေမဲ့ ယုဒရဲ့သားဦး ဧရကို ယေဟောဝါ မနှစ်သက်ဘူး။ ဒါကြောင့် ယေဟောဝါက သူ့ကို အဆုံးစီရင်လိုက်တယ်။ ၈ ယုဒက “မရီးကို မတ်ယူရမယ်ဆိုတဲ့ ထုံးစံအတိုင်း မရီးနဲ့လက်ထပ်ပြီး အစ်ကို့မျိုးဆက် မပြတ်အောင် ထိန်းသိမ်းပါ”+ လို့ဩနန်ကို ပြောတယ်။
-
-
ရုသ ၄:၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ ဗောဇက “ဒီလယ်ကို နောမိရော၊ ကွယ်လွန်သူရဲ့ဇနီး မောဘအမျိုးသမီး ရုသရော ပိုင်တဲ့အတွက် သူတို့နှစ်ယောက်စလုံးဆီကနေ ပြန်ဝယ်ရမယ်။ ဒါမှ ကွယ်လွန်သူရဲ့ အမွေမြေက သူ့နာမည်နဲ့ ဆက်ရှိနိုင်မယ်”+ လို့ပြောတယ်။
-
-
မာကု ၁၂:၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၉ “ဆရာ၊ လူတစ်ယောက်ဟာ သားသမီးမရှိဘဲ ကွယ်လွန်သွားခဲ့ရင် သူ့အစ်ကို ဒါမှမဟုတ် ညီဖြစ်သူက ကျန်ရစ်သူဇနီးကို လက်ထပ်ပြီး ကွယ်လွန်သူရဲ့မျိုးဆက် မပြတ်အောင် ထိန်းသိမ်းရမယ်လို့ မောရှေ ရေးခဲ့ပါတယ်။+
-