-
ကမ္ဘာဦး ၃၈:၇၊ ၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ ဒါပေမဲ့ ယုဒရဲ့သားဦး ဧရကို ယေဟောဝါ မနှစ်သက်ဘူး။ ဒါကြောင့် ယေဟောဝါက သူ့ကို အဆုံးစီရင်လိုက်တယ်။ ၈ ယုဒက “မရီးကို မတ်ယူရမယ်ဆိုတဲ့ ထုံးစံအတိုင်း မရီးနဲ့လက်ထပ်ပြီး အစ်ကို့မျိုးဆက် မပြတ်အောင် ထိန်းသိမ်းပါ”+ လို့ဩနန်ကို ပြောတယ်။
-
-
တရားဟောရာ ၂၅:၅၊ ၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ “အတူနေထိုင်တဲ့ ညီအစ်ကိုတွေထဲမှာ တစ်ယောက်က သားမရှိဘဲ ကွယ်လွန်သွားတယ်ဆိုရင် သူ့ဇနီးက သူစိမ်းယောက်ျားနဲ့ လက်မထပ်ရဘူး။ ကွယ်လွန်သူရဲ့ အစ်ကို ဒါမှမဟုတ် ညီဖြစ်သူက မရီး-မတ် ယူရမယ့်ထုံးစံ* အတိုင်း+ အဲဒီမုဆိုးမကို လက်ထပ်ယူရမယ်။ ၆ အစ္စရေးအမျိုးမှာ နာမည် မပျောက်ပျက်စေဖို့+ မွေးလာတဲ့သားဦးက ကွယ်လွန်သူရဲ့ နာမည်ကို ဆက်ခံရမယ်။+
-