-
၁ ဘုရင်များ ၁:၃၉၊ ၄၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၉ ပုရောဟိတ်ဇာဒုတ်လည်း ဆီထည့်ထားတဲ့ဦးချိုကို+ တဲတော်ထဲကနေ+ ယူပြီး ရှောလမုန်ကို ဘိသိက်ပေးတယ်။+ ပြီးတော့ တံပိုးမှုတ်လိုက်တဲ့အခါ လူအားလုံးက “ရှောလမုန်မင်းကြီး အသက်တော်ရှည်ပါစေ” လို့ ကြွေးကြော်ကြတယ်။ ၄၀ လူအားလုံးက ဝမ်းသာအားရနဲ့ ပလွေတွေမှုတ်ရင်း ရှောလမုန်နောက်ကနေ လိုက်တက်လာတယ်။ သူတို့ရဲ့ကြွေးကြော်သံဟာ မြေကြီးအက်ကွဲမတတ် ကျယ်လောင်တယ်။+
-
-
၁ ရာဇဝင်ချုပ် ၁၂:၃၉၊ ၄၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၉ သူတို့ဟာ ညီအစ်ကိုတွေ ပြင်ဆင်ပေးထားတာတွေကို စားသောက်ပြီး ဒါဝိဒ်နဲ့အတူ သုံးရက်နေကြတယ်။ ၄၀ ရပ်နီးမှာ နေထိုင်သူတွေရော အိသခါ၊ ဇာဗုလုန်နဲ့ နဿလိနယ်မြေစတဲ့ ရပ်ဝေးမှာ နေထိုင်သူတွေပါ စားစရာတွေ အများကြီး သယ်လာကြတယ်။ ဂျုံနဲ့လုပ်တဲ့ မုန့်တွေ၊ သဖန်းသီးပျဉ်နဲ့ စပျစ်သီးပျဉ်တွေ၊ ဆီနဲ့ စပျစ်ဝိုင်တွေကို နွား၊ မြည်း၊ ကုလားအုတ်နဲ့ လားတွေပေါ် တင်ပြီးသယ်လာတယ်။ သိုးနွားတွေလည်း ပါတယ်။ ဒီလိုနဲ့ အစ္စရေးပြည်မှာ ရွှင်လန်း ဝမ်းမြောက်နေကြတယ်။
-