-
၁ ရာဇဝင်ချုပ် ၂၁:၈-၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ အဲဒီအခါ ဒါဝိဒ်က “ကျွန်တော်လုပ်ခဲ့တဲ့ အပြစ်ဟာ ကြီးလေးလွန်းပါတယ်။+ မိုက်မဲတဲ့လုပ်ရပ်ကို ကျူးလွန်မိပါပြီ။+ ကျွန်တော့်အပြစ်ကို ခွင့်လွှတ်ပေးပါ”+ ဆိုပြီး ဘုရားသခင်ကို အသနားခံတယ်။ ၉ ဒါနဲ့ ဒါဝိဒ်ကို စိတ်အာရုံတွေ အသိပေးရတဲ့ ဂဒ်ကို ယေဟောဝါ မှာတယ်–+ ၁၀ “ဒါဝိဒ်ကို သွားပြောပါ၊ ‘“မင်းကို ငါဒဏ်ခတ်မယ်၊ ဒီဘေးဒဏ်သုံးခုထဲက တစ်ခုကို ရွေးပါ” လို့ယေဟောဝါ ပြောတယ်။’” ၁၁ ဂဒ်လည်း ဒါဝိဒ်မင်းဆီ ရောက်လာပြီး “ယေဟောဝါဘုရား ပြောတယ်– ‘ဒီဘေးဒဏ်သုံးခုထဲက ဘယ်တစ်ခုကို ရွေးမလဲ။ ၁၂ တိုင်းပြည်မှာ သုံးနှစ် အငတ်ဘေး ကျရောက်တာ၊+ သုံးလလုံးလုံး ရန်သူတွေရဲ့ ဓားဘေးကြောင့် ဖျက်ဆီးခံရတာ၊+ သုံးရက်လုံးလုံး ယေဟောဝါရဲ့ ဓားဖြစ်တဲ့ ကပ်ရောဂါ ကျရောက်ပြီး+ အစ္စရေးနယ်မြေအားလုံးကို ယေဟောဝါရဲ့ ကောင်းကင်တမန် ဖျက်ဆီးတာဆိုတဲ့+ ဘေးဒဏ်တွေပဲ။ ကျွန်တော့်ကို လွှတ်လိုက်တဲ့အရှင်ကို ပြန်ပြောရမှာမို့လို့ မင်းကြီး စဉ်းစားပါ” ဆိုပြီး လျှောက်တင်တယ်။ ၁၃ အဲဒီအခါ ဒါဝိဒ်က “ငါတော့ ဘေးကျပ်နံကျပ်ဖြစ်နေပြီ။ ယေဟောဝါရဲ့ ကရုဏာကြီးမားတဲ့အတွက် ကိုယ်တော့်လက်ထဲမှာပဲ ကျရောက်ပါစေ။+ လူ့လက်ထဲမှာတော့ မကျရောက်ပါစေနဲ့”+ ဆိုပြီးပြောတယ်။
-