-
၁ ရာဇဝင်ချုပ် ၂၁:၂၄-၂၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၄ ဒါပေမဲ့ ဒါဝိဒ်မင်းက “မဖြစ်ဘူး။ တန်ရာတန်ကြေးပေးပြီး ဝယ်မှဖြစ်မယ်။ မင်းရဲ့ဥစ္စာတွေကို ယူပြီး ယေဟောဝါဘုရားကို မပေးချင်ဘူး။ အဖိုးအခမပေးဘဲရတဲ့ မီးရှို့ရာ ပူဇော်သက္ကာတွေကို ငါမပူဇော်ချင်ဘူး”+ လို့ပြောပြီး၊ ၂၅ အဲဒီကောက်နယ်တလင်းအတွက် ရွှေရှယ်ကယ်* ၆၀၀ ကိုချိန်ပြီး သြရနန်ကို ပေးလိုက်တယ်။ ၂၆ ဒါဝိဒ်က အဲဒီမှာ ယေဟောဝါအတွက် ပူဇော်ရာပလ္လင်တည်ပြီး+ မီးရှို့ရာပူဇော်သက္ကာတွေနဲ့ မိတ်သဟာယ ပူဇော်သက္ကာတွေကို ပူဇော်တယ်။ ပြီးတော့ ယေဟောဝါဆီ ဆုတောင်းတဲ့အခါ ပူဇော်ရာပလ္လင်ပေါ် ကောင်းကင်ကနေ မီးကျလာတယ်။+ ဒီနည်းနဲ့ ကိုယ်တော် ဖြေကြားပေးတယ်။ ၂၇ ယေဟောဝါက ကောင်းကင်တမန်ကို+ ဓားအိမ်ထဲ ဓားပြန်သွင်းဖို့ အမိန့်ပေးတယ်။ ၂၈ ဒါဝိဒ်က ယေဗုသိလူမျိုး သြရနန်ရဲ့ ကောက်နယ်တလင်းမှာ ယေဟောဝါ ဖြေကြားမှန်း သိတဲ့အခါ အဲဒီမှာ အမြဲ ပူဇော်တော့တယ်။
-