-
၂ ရာဇဝင်ချုပ် ၁:၃-၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ ပြီးတော့ ရှောလမုန်က အဲဒီလူစုကြီးနဲ့အတူ ဂိဗောင်မြို့မှာရှိတဲ့ အထွတ်အမြတ်နေရာကို+ သွားတယ်။ တောကန္တာရမှာ ယေဟောဝါရဲ့ကျွန် မောရှေ ဆောက်ခဲ့တဲ့တဲတော်၊ စစ်မှန်တဲ့ဘုရားသခင်ရဲ့ တွေ့ဆုံရာတဲတော်က အဲဒီမှာ ရှိနေလို့ပဲ။ ၄ ဘုရားသခင်ရဲ့ သေတ္တာတော်ကိုတော့ ဒါဝိဒ်က ကိရယတ်ယာရိမ်မြို့ကနေ+ သယ်လာပြီး ဂျေရုဆလင်မြို့မှာရှိတဲ့ သူဆောက်တဲ့ တဲထဲမှာ ထားတယ်။+ ၅ ဟုရရဲ့မြေး၊ ဥရိရဲ့သား ဗေဇလေလ+ လုပ်ခဲ့တဲ့ ကြေးနီပူဇော်ရာပလ္လင်က+ ယေဟောဝါရဲ့ တဲတော်ရှေ့မှာ ရှိတယ်။ ရှောလမုန်နဲ့ လူစုကြီးက အဲဒီပလ္လင်ရှေ့မှာ ဆုတောင်းလေ့ရှိတယ်။ ၆ အခုလည်း ရှောလမုန်က ယေဟောဝါရှေ့မှာ အလှူတွေ ဆက်သတယ်။ တွေ့ဆုံရာတဲတော်မှာရှိတဲ့ ကြေးနီပူဇော်ရာပလ္လင်ပေါ်မှာ+ မီးရှို့ရာအလှူ ၁,၀၀၀ ဆက်သတယ်။
-