ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ဘုရင်များ ၁၁:၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄ ရှောလမုန် အသက်ကြီးလာတဲ့အခါ+ မိဖုရားတွေက တခြားဘုရားတွေကို ဝတ်ပြုဖို့ စိတ်ယိုင်သွားအောင် လုပ်ကြတယ်။+ ဒါကြောင့် ရှောလမုန်က ယေဟောဝါဘုရားကို ခမည်းတော်ဒါဝိဒ်လို စိတ်နှလုံးအကြွင်းမဲ့ ဝတ်မပြုတော့ဘူး။

  • ၂ ရာဇဝင်ချုပ် ၇:၁၉-၂၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၉ ဒါပေမဲ့ မင်းက ငါပေးထားတဲ့ ပညတ်ချက်တွေ၊ ဥပဒေတွေကို ကျောခိုင်းပြီး ပစ်ပယ်မယ်၊ တခြားဘုရားတွေကို သွားပြီး ဦးချဝတ်ပြုမယ်ဆိုရင်၊+ ၂၀ ငါလည်း ငါပေးထားတဲ့ပြည်ကနေ အစ္စရေးတွေကို နုတ်ပစ်မယ်။+ ငါ့နာမည်အတွက် သန့်ရှင်းမြင့်မြတ်စေတဲ့ ဒီအိမ်တော်ကို ငါ့ရှေ့ကနေ ဖယ်ရှားမယ်။ ဒီအိမ်တော်ကို လူမျိုးတွေအလယ်မှာ နှာခေါင်းရှုံ့စရာ၊ လှောင်ပြောင်စရာ  ဖြစ်စေမယ်။+ ၂၁ ဒီအိမ်တော်ဟာ အပျက်အယွင်းပုံကြီး ဖြစ်သွားမယ်။ လမ်းသွားလမ်းလာတွေက အံ့သြတကြီး ကြည့်ပြီး+ ‘ယေဟောဝါက ဒီပြည်နဲ့ ဒီအိမ်တော်ကို ဘာကြောင့် ဒီလိုလုပ်လိုက်တာပါလိမ့်’ ဆိုပြီး ပြောကြလိမ့်မယ်။+ ၂၂ ပြီးတော့ ‘သူတို့က ဘိုးဘေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာခဲ့တဲ့ဘုရား+ ယေဟောဝါကို စွန့်ပစ်တဲ့အပြင်+ တခြားဘုရားတွေကို ဆည်းကပ်ပြီး ဦးချဝတ်ပြုခဲ့တာကိုး။+ ဒါကြောင့် ဘုရားက သူတို့ကို ဒီဘေးဆိုးတွေ ကြုံစေတာပေါ့’ ဆိုပြီး ပြောကြလိမ့်မယ်။”+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ