-
၁ ဘုရင်များ ၉:၆-၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ ဒါပေမဲ့ မင်းနဲ့ မင်းရဲ့သားမြေးတွေ ငါ့ကိုကျောခိုင်းပြီး ငါမှာထားတဲ့ ပညတ်ချက်တွေ၊ ဥပဒေတွေကို မလိုက်နာဘူးဆိုရင်၊ တခြားဘုရားတွေကို သွားပြီး ရှိခိုးဝတ်ပြုမယ်ဆိုရင်၊+ ၇ ငါပေးထားတဲ့ပြည်ကနေ အစ္စရေးတွေကို ပယ်ရှင်းမယ်။+ ငါ့နာမည်အတွက် သန့်ရှင်းမြင့်မြတ်စေတဲ့ ဒီအိမ်တော်ကို ငါ့ရှေ့မှောက်ကနေ ဖယ်ရှားမယ်။+ အစ္စရေးတွေဟာ လူမျိုးတွေအလယ်မှာ နှာခေါင်းရှုံ့စရာ၊ လှောင်ပြောင်စရာ ဖြစ်လာမယ်။+ ၈ ဒီအိမ်တော်ဟာလည်း အပျက်အယွင်းပုံကြီး ဖြစ်သွားမယ်။+ လမ်းသွားလမ်းလာတွေက အံ့သြတကြီးကြည့်ပြီး လှောင်ပြောင်ကြမယ်။* ‘ယေဟောဝါက ဒီပြည်နဲ့ ဒီအိမ်တော်ကို ဘာကြောင့် ဒီလိုလုပ်လိုက်တာပါလိမ့်’ လို့ပြောကြလိမ့်မယ်။+ ၉ ပြီးတော့ ‘အီဂျစ်ပြည်ကနေ သူတို့ဘိုးဘေးတွေကို ခေါ်ထုတ်လာတဲ့အရှင် သူတို့ရဲ့ဘုရား ယေဟောဝါကို စွန့်ပစ်တဲ့အပြင် တခြားဘုရားတွေကို ဆည်းကပ်ပြီး ဦးချဝတ်ပြုခဲ့တာကိုး။ ဒါကြောင့် ယေဟောဝါက သူတို့ကို ဒီလိုဘေးဆိုးတွေ ကြုံစေတာပေါ့’ ဆိုပြီး ပြောကြလိမ့်မယ်” လို့ပြောတယ်။+
-