-
၂ ဘုရင်များ ၂၄:၁၂၊ ၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ ယုဒဘုရင် ယေခေါနိက မယ်တော်၊ မင်းမှုထမ်းတွေ၊ မင်းညီမင်းသားတွေ၊ နန်းတွင်းအရာရှိတွေနဲ့အတူ+ ဗာဗုလုန်ဘုရင်ဆီ+ ထွက်လာပြီး အညံ့ခံတယ်။ ဗာဗုလုန်ဘုရင်က နန်းစံရှစ်နှစ်မှာ ယေခေါနိကို သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားတယ်။+ ၁၃ ယေဟောဝါရဲ့အိမ်တော်နဲ့ နန်းတော်မှာရှိတဲ့ ဘဏ္ဍာအားလုံးကို သိမ်းသွားတယ်။+ ယေဟောဝါရဲ့ ဗိမာန်တော်မှာသုံးဖို့ အစ္စရေးဘုရင် ရှောလမုန်လုပ်ခဲ့တဲ့ ရွှေထည်အသုံးအဆောင်တွေကို အပိုင်းပိုင်းဖြတ်ပြီး သယ်သွားတယ်။+ ယေဟောဝါ ကြိုပြောခဲ့တဲ့အတိုင်းပါပဲ။
-
-
၂ ရာဇဝင်ချုပ် ၃၆:၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ ယေဟောဝါရဲ့ အိမ်တော်မှာသုံးတဲ့ ပစ္စည်းတချို့ကိုလည်း ဗာဗုလုန်မြို့ကို သယ်သွားပြီး ဗာဗုလုန်မှာရှိတဲ့ နန်းတော်မှာ ထားလိုက်တယ်။+
-
-
၂ ရာဇဝင်ချုပ် ၃၆:၁၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၈ သူက ယေဟောဝါရဲ့ အိမ်တော်ထဲက အသုံးအဆောင်ပစ္စည်း အကြီးအငယ်ကအစ အိမ်တော်ဘဏ္ဍာ၊ ဘုရင်နဲ့မှူးမတ်တွေရဲ့ ဘဏ္ဍာတွေပါမကျန် ရှိသမျှကို ဗာဗုလုန်မြို့ဆီ သိမ်းယူသွားတယ်။+
-
-
ယေရမိ ၂၇:၂၁၊ ၂၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၁ ယေဟောဝါရဲ့ အိမ်တော်၊ ယုဒဘုရင်ရဲ့ နန်းတော်နဲ့ ဂျေရုဆလင်မှာ ကျန်နေသေးတဲ့ ပစ္စည်းတွေနဲ့ပတ်သက်ပြီး အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတာက– ၂၂ ‘“အဲဒီပစ္စည်းတွေကို ဗာဗုလုန်မြို့ဆီ သိမ်းသွားကြလိမ့်မယ်။+ ငါပြန်လှည့်ကြည့်တဲ့နေ့ မရောက်မချင်း ဗာဗုလုန်မှာပဲ ရှိနေလိမ့်မယ်။ အဲဒီနောက် အဲဒီပစ္စည်းတွေကို ပြန်ယူဆောင်လာပြီး သူ့နေရာမှာ ငါပြန်ထားမယ်။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။’”
-