-
၂ ဘုရင်များ ၂၀:၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၇ ယေဟောဝါဘုရား ပြောတာက ‘မင်းရဲ့နန်းတော်မှာရှိသမျှ၊ ဒီနေ့အထိ ဘိုးဘေးတွေ စုဆောင်းခဲ့သမျှကို ဗာဗုလုန်ဆီ သိမ်းယူသွားမယ့်နေ့ ရောက်လာမယ်။+ ဘာတစ်ခုမှ ကျန်မှာမဟုတ်ဘူး။
-
-
ယေရမိ ၅၂:၁၇-၂၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၇ ခါလဒဲလူတွေက ယေဟောဝါရဲ့ အိမ်တော်မှာရှိတဲ့ ကြေးနီတိုင်တွေ၊+ ယေဟောဝါရဲ့ အိမ်တော်မှာရှိတဲ့ တွန်းလှည်းတွေနဲ့+ ကြေးနီရေကန်ကို+ အပိုင်းပိုင်းဖြတ်ပြီး အဲဒီကြေးနီတွေကို ဗာဗုလုန်ဆီ သိမ်းသွားတယ်။+ ၁၈ ဗိမာန်တော်လုပ်ငန်းမှာ သုံးတဲ့ ပြာခွက်၊ ဂေါ်ပြား၊ မီးငြိမ်းကိရိယာ၊ ဇလုံ၊+ ခွက်၊+ ကြေးနီအသုံးအဆောင်တွေကိုလည်း သိမ်းသွားတယ်။ ၁၉ ကိုယ်ရံတော်တပ်မှူးက ရွှေစင်ငွေစင်နဲ့လုပ်ထားတဲ့ အင်တုံ၊+ မီးခဲအိုး၊ ဇလုံ၊ ပြာခွက်၊ ဆီမီးတိုင်၊+ ခွက်၊ ဇလုံတွေကို သိမ်းသွားတယ်။+ ၂၀ ယေဟောဝါရဲ့ အိမ်တော်အတွက် ရှောလမုန်မင်း လုပ်ထားတဲ့ တိုင်နှစ်တိုင်၊ ရေကန်၊ ရေကန်ကိုထမ်းထားတဲ့ ကြေးနီနွားရုပ် ၁၂ ကောင်၊+ တွန်းလှည်းတွေရဲ့ ကြေးနီပမာဏဟာ မချိန်တွယ်နိုင်လောက်အောင် များတယ်။
-